Premier League

အနီကတ်ထပ်ထိ ၂ ပွဲပယ်ခံရမယ့် ချာကာကြောင့် အာတီတာ ဖြေရှင်းရတော့မယ့် ကွင်းလယ်အကြပ်အတည်း

အာဆင်နယ်အသင်းဟာ ယခုရာသီရဲ့ အကြီးမားဆုံး ရက်သတ္တပတ်ကို အန်းဖီးမှာ ချာကာ အနီကတ်ထိခဲ့ပြီးနောက် ကွင်းလယ်ကစားသမား တစ်ဦးမှ မရှိဘဲ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ချာကာဟာ ၂၀၂၂ ခုနှစ်အတွင်း ၂ ပွဲသာ ပါဝင်ကစားပေးခဲ့ရာမှာ တစ်ပွဲမှာ ပင်နယ်တီ ပေးခဲ့ရတဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး နောက်တစ်ပွဲမှာတော့ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က လီဗာပူးလ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ကာရာဘောင်းဆီမီး ပထမအကျော့မှာ အနီကတ်ထိခဲ့တဲ့ ချာကာဟာ ယခုရာသီရဲ့ ဒုတိယမြောက်အနီကတ်ပြား ပြသခံခဲ့ရတာဖြစ်ပြီး လီဗာပူးလ်နဲ့ လာမယ့်အပတ်မှာ ကစားရမယ့် ကာရာဘောင်းဖိုင်နယ်တက်မယ့် အဆုံးအဖြတ်ဖြစ်တဲ့ ဒုတိယအကျော့ပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်သလို ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲကိုလည်း ဆက်လက်လွဲချော်မှာ ဖြစ်ပါတယ်။

ချာကာရဲ့ သွေးဆိုးမှုဟာ ဘာကြောင့် အာဆင်နယ်အသင်းအနေနဲ့ သောမတ်စ် ပါတေးအတွက် ရေရှည်လက်တွဲကစားဖော်တစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေလဲဆိုတာကို နောက်ထပ်ဥပမာ ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆွစ်ဇာလန်ကွင်းလယ်ကစားသမားဟာ ရိုးမားကို ပြောင်းရွှေ့ချင်ခဲ့တဲ့အချိန်တုန်းက အာဆင်နယ်အသင်းဟာ အခွင့်အရေး ရခဲ့ပေမယ့် စီးရီးအေအသင်းဟာ ချာကာအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို မပေးနိုင်ခဲ့တာကြောင့် မြောက်လန်ဒန်ကလပ်အသင်းက ကွင်းလယ်လူဆိုးကို စာချုပ်သစ်ချုပ်ပြီး ထိန်းသိမ်းထားဖို့ ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ အာဆင်နယ်ပရိသတ်တွေကြားမှာ ဒွိဟဖြစ်စရာဖြစ်ခဲ့ပြီး ဆွစ်ဇာလန် ကွင်းလယ်ကစားသမားဟာ အဲဒီအချိန်ကတည်းက သံသယရှိသူတွေကို တိတ်ဆိတ်သွားအောင် အနည်းငယ်သာ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အန်းဖီးက အလွန်ထူးခြားကောင်းမွန်တဲ့ အားထုတ်မှုကြောင့် လာမယ့်အပတ် ကြာသပတေးနေ့ညမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်ထားပေမယ့် ချာကာရဲ့ ထုတ်ပယ်ခံရမှုကတော့ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

ချာလီ ပါတီနို
အာတီတာအနေနဲ့ လက်ရှိအချိန်မှာ ကွင်းလယ်နေရာအတွက် ရွေးချယ်စရာ မရှိတော့တဲ့ အခြေအနေဆိုက်နေပြီး လိုကွန်ဂါတစ်ဦးတည်းကသာ ကွင်းလယ်ဗဟိုကစားသမားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။ အာတီတာအတွက် နောက်ထပ်ရွေးချယ်စရာအဖြစ် အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ချာလီ ပါတီနို ရှိနေသေးပေမယ့်လည်း လူငယ်ကွင်းလယ်ကစားသမားဟာ ၎င်းရဲ့ ပထမဆုံး စီနီယာကစားသမားဘဝ ပွဲထွက်ပါဝင်ကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲစဉ်တုန်းက ပြင်းထန်တဲ့ ကွင်းအတွင်း ပတ်ဝန်းကျင်ကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပြီး အတွေ့အကြုံ လုံးဝမရှိသေးတဲ့ ပါတီနိုကို အမှားခံလို့မရတဲ့ လီဗာပူးအသင်းလိုအသင်းနဲ့ အဆုံးအဖြတ်ပွဲမျိုးမှာ ထည့်သုံးမယ်ဆိုရင် အရမ်းအရဲစွန့်ရာကျမှာဖြစ်ပြီး ဆယ်ကျော်သက်ကစားသမားအတွက်လည်း အကောင်းထက် အဆိုးက ပိုများဖွယ်ရှိနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ ကွင်းလယ်ကစားသမား တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်တို့ ဘာပဲ လုပ်နေလုပ်နေ အဲဒါက သဘာဝအတိုင်းတော့ ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မာတီနယ်လီ၊ လိုကွန်ဂါနဲ့ ဆာကာတို့ကို ကွင်းလယ်ကစားသမား ၃ ဦးအနေနဲ့ ထားပြီး ကစားခဲ့တယ်။ သူတို့တွေက အဲဒီကစားကွက်နဲ့ အဲဒီနေရာမှာ သူတို့တစ်ဘဝလုံး တခါမှ မကစားခဲ့ဖူးပါဘူး”လို့ အာတီတာက လီဗာပူးလ်နဲ့သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

အာသာ မယ်လို
အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းကနေ အာသာ မယ်လိုကို ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက် မပိတ်ခင် အငှားနဲ့ ခေါ်ယူနိုင်ဖို့ တွန်းအားပေး ကြိုးပမ်းနေပြီး ဘရာဇီးလ်ကွင်းလယ်ကစားသမားကလည်း မြောက်လန်ဒန်ကို ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းက သဘောတူညီဖို့ မီးစိမ်းပြခြင်းမရှိသေးပေမယ့်လည်း အာသာက အသင်းပြောင်းရွှေ့ခွင့်ရဖို့ တွန်းအားပေးတဲ့အနေနဲ့ အသင်းနဲ့ သောကြာနေ့မှာ တွေ့ဆုံခဲ့ပြီး ဒီရက်ပိုင်းအတွင်း အပြောင်းအရွှေ့ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ယခုတပတ်ရဲ့ အရေးကြီးပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ခြင်းရှိမှာမဟုတ်တာ ဖြစ်ပါတယ်။

ဒါကြောင့် အာတီတာအတွက် အရမ်းခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့် အန်းဖီးမှာ ပွဲပြီးခါနီး ဆာကာ ဒဏ်ရာရရှိသွားတာကြောင့်လည်း ရှိတဲ့ကစားသမား ကွင်းလယ်ထည့်သုံးနေရတဲ့ အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ချာကာရဲ့ မလုပ်သင့်တဲ့အမှားကနေ မြစ်ဖျားခံလာတဲ့ ပြဿနာတွေလို့ ဆိုရင် မမှားပါဘူး။ ဒါပေမယ့် အာတီတာအတွက် အသက်ရှုချောင်စေမယ့် ရွေးချယ်စရာ နည်းလမ်းတစ်ခုကတော့ အဆင်သင့်ရှိနေပါတယ်။ဒီအရာကတော့…

ဘန်ဝှိုက်
ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာတဲ့ ဘန်ဝှိုက်ဟာ အာဆင်နယ်အတွက် ရွေးချယ်စရာဖြစ်နိုင်ဖွယ်ရှိပြီး အရင်တုန်းက သမားရိုးကျမဟုတ်တဲ့ ကွင်းလယ်နေရာမှာ အသုံးပြုခြင်း ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။ ဘန်ဝှိုက်ဟာ ကွင်းလယ်ခံစစ်နေရာမှာ ကစားခဲ့ဖူးတာကြောင့် အဲဒီနေရာမှာ ကစားပေးနိုင်ကောင်း ကစားပေးနိုင်မှာဖြစ်ပြီး လိဒ်စ်နဲ့ ဘရိုက်တန်တို့ ၂ သင်းစလုံးအတွက် ကွင်းလယ်မှာ အကြိမ်ပေါင်းများစွာ ကစားပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပြဿနာက ဆက်လက် ဆိုးရွားနေတာကြောင့် ဘန်ဝှိုက်အနေနဲ့ အဲဒီအတွေ့အကြုံတွေက ကွင်းလယ်မှာ ကောင်ေးကာင်း ကစားနိုင်ဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားက The Athletic ကို “လိဒ်စ်ယူနိုက်တက်မှာ ကစားစဉ်က နည်းပြက ကျွန်တော်တို့ကို အဲဒီပုံစံအတိုင်းပဲ ကစားစေချင်ခဲ့တာကြောင့်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားက ခင်ဗျားရဲ့ အသင်းဖော်ရဲ့နောက်ကို လိုက်နေတယ်။ အချိန်တော်တော်များများမှာ ကျွန်တော် ကွင်းလယ်ထိ ရောက်ရောက်သွားတာကြောင့် အဲဒီမှာ ဘောလုံးနဲ့အတူ ရင်ဆိုင်ဖြေရှင်းနိုင်တယ်။ ခုခံနိုင်တယ်။ ကျွန်တော့်ကို အများကြီး အကူအညီဖြစ်စေခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖြစ်ခဲ့လျှင်လည်း အချိန်လုံလောက်မှာ မဟုတ်တော့တဲ့ နောက် ၄ ရက်အကြာမှာ ကစားရမယ့် လီဗာပူးလ်နဲ့ပွဲမှာ ဘန်ဝှိုက်အနေနဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ ဝင်ရောက်ကစားမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်ရှိတော့ပြီး အမ်းမရိတ်မှာ ကစားမယ့်ပွဲမှာ နည်းပြအာတီတာ ဆန္ဒရှိတယ်ဆိုရင် ဒီရွေးချယ်စရာဟာ အာဆင်နယ်အသင်းအတွက် စမ်းသပ်ကြည့်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အလမ်းတွေ ပေးနေတာဖြစ်ပါတယ်။

ချာကာကို ထူးထူးခြားခြားထောက်ခံသွားတဲ့ အာဆင်နယ် ဂန္တဝင်
ဒါပေမယ့်လည်း ပေါလ် မာဆန်က လီဗာပူးလ်နဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမားရဲ့ ခံယူချက်ကို ချီးကျူးသွားခဲ့ပြီး ချာကာဟာ စည်းကမ်းပိုင်းမှာ ပြဿနာရှိတာမှန်ပေမယ့်လည်း အမြဲတမ်း ကွင်းထဲမှာ စိတ်ပိုင်းဖြတ်မှုမျိုးကို ပြသနေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက ခင်ဗျားအတွက် အုတ်တံတိုင်းကိုလည်း ပြေးတိုက်မယ့်သူပါ။ သူက သူ့အမှားကို သူ လုပ်လိမ့်မယ်။ သူက အထုတ်ခံရရင် ထွက်လိမ့်မယ်။ သူက အဝါကတ်ပြသခံရလိမ့်မယ်။ ဒါပေမယ့် သူ အမြဲတမ်း ကစားပေးတယ်။ ချာကာနဲ့ဆိုရင် သူတို့ ပိုပြီးကောင်းမွန်တဲ့အသင်းလို့ ကျွန်တော် ထင်ပါတယ်။ ဒါက ချီးမွမ်းတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ယခုရာသီရဲ႕ အႀကီးမားဆုံး ရက္သတၱပတ္ကို အန္းဖီးမွာ ခ်ာကာ အနီကတ္ထိခဲ့ၿပီးေနာက္ ကြင္းလယ္ကစားသမား တစ္ဦးမွ မရွိဘဲ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

ခ်ာကာဟာ ၂၀၂၂ ခုႏွစ္အတြင္း ၂ ပြဲသာ ပါဝင္ကစားေပးခဲ့ရာမွာ တစ္ပြဲမွာ ပင္နယ္တီ ေပးခဲ့ရတဲ့ ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီး ေနာက္တစ္ပြဲမွာေတာ့ တိုက္႐ိုက္ အနီကတ္ျပ ထုတ္ပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က လီဗာပူးလ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ကာရာေဘာင္းဆီမီး ပထမအေက်ာ့မွာ အနီကတ္ထိခဲ့တဲ့ ခ်ာကာဟာ ယခုရာသီရဲ႕ ဒုတိယေျမာက္အနီကတ္ျပား ျပသခံခဲ့ရတာျဖစ္ၿပီး လီဗာပူးလ္နဲ႔ လာမယ့္အပတ္မွာ ကစားရမယ့္ ကာရာေဘာင္းဖိုင္နယ္တက္မယ့္ အဆုံးအျဖတ္ျဖစ္တဲ့ ဒုတိယအေက်ာ့ပြဲစဥ္ကိုလည္း လြဲေခ်ာ္မွာျဖစ္သလို ဘန္ေလနဲ႔ ပရီးမီးယားလိဂ္ပြဲကိုလည္း ဆက္လက္လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ခ်ာကာရဲ႕ ေသြးဆိုးမႈဟာ ဘာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ေသာမတ္စ္ ပါေတးအတြက္ ေရရွည္လက္တြဲကစားေဖာ္တစ္ဦးကို ေခၚယူဖို႔ လိုအပ္ေနလဲဆိုတာကို ေနာက္ထပ္ဥပမာ ေပးခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဆြစ္ဇာလန္ကြင္းလယ္ကစားသမားဟာ ႐ိုးမားကို ေျပာင္းေ႐ႊ႕ခ်င္ခဲ့တဲ့အခ်ိန္တုန္းက အာဆင္နယ္အသင္းဟာ အခြင့္အေရး ရခဲ့ေပမယ့္ စီးရီးေအအသင္းဟာ ခ်ာကာအတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို မေပးႏိုင္ခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ကလပ္အသင္းက ကြင္းလယ္လူဆိုးကို စာခ်ဳပ္သစ္ခ်ဳပ္ၿပီး ထိန္းသိမ္းထားဖို႔ ေ႐ြးခ်ယ္ခဲ့ရတာျဖစ္ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ဟာ အာဆင္နယ္ပရိသတ္ေတြၾကားမွာ ဒြိဟျဖစ္စရာျဖစ္ခဲ့ၿပီး ဆြစ္ဇာလန္ ကြင္းလယ္ကစားသမားဟာ အဲဒီအခ်ိန္ကတည္းက သံသယရွိသူေတြကို တိတ္ဆိတ္သြားေအာင္ အနည္းငယ္သာ လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ အန္းဖီးက အလြန္ထူးျခားေကာင္းမြန္တဲ့ အားထုတ္မႈေၾကာင့္ လာမယ့္အပတ္ ၾကာသပေတးေန႔ညမွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္အတြက္ အေျခအေနေကာင္းကို ပိုင္ဆိုင္ထားေပမယ့္ ခ်ာကာရဲ႕ ထုတ္ပယ္ခံရမႈကေတာ့ ျပင္းထန္တဲ့ ေနာက္ဆက္တြဲေတြ ဆက္ျဖစ္ေနဦးမွာ ျဖစ္ပါတယ္။

ခ်ာလီ ပါတီႏို
အာတီတာအေနနဲ႔ လက္ရွိအခ်ိန္မွာ ကြင္းလယ္ေနရာအတြက္ ေ႐ြးခ်ယ္စရာ မရွိေတာ့တဲ့ အေျခအေနဆိုက္ေနၿပီး လိုကြန္ဂါတစ္ဦးတည္းကသာ ကြင္းလယ္ဗဟိုကစားသမားအျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ ကစားသမားအျဖစ္ ရွိေနတာျဖစ္ပါတယ္။ အာတီတာအတြက္ ေနာက္ထပ္ေ႐ြးခ်ယ္စရာအျဖစ္ အသက္ ၁၈ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား ခ်ာလီ ပါတီႏို ရွိေနေသးေပမယ့္လည္း လူငယ္ကြင္းလယ္ကစားသမားဟာ ၎ရဲ႕ ပထမဆုံး စီနီယာကစားသမားဘဝ ပြဲထြက္ပါဝင္ကစားခဲ့ရတဲ့ ပြဲစဥ္ျဖစ္တဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ပြဲစဥ္တုန္းက ျပင္းထန္တဲ့ ကြင္းအတြင္း ပတ္ဝန္းက်င္ေၾကာင့္ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးၿပီး အေတြ႕အႀကဳံ လုံးဝမရွိေသးတဲ့ ပါတီႏိုကို အမွားခံလို႔မရတဲ့ လီဗာပူးအသင္းလိုအသင္းနဲ႔ အဆုံးအျဖတ္ပြဲမ်ိဳးမွာ ထည့္သုံးမယ္ဆိုရင္ အရမ္းအရဲစြန႔္ရာက်မွာျဖစ္ၿပီး ဆယ္ေက်ာ္သက္ကစားသမားအတြက္လည္း အေကာင္းထက္ အဆိုးက ပိုမ်ားဖြယ္ရွိေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔မွာ ကြင္းလယ္ကစားသမား တစ္ေယာက္မွ မရွိပါဘူး။ ကြၽန္ေတာ္တို႔ ဘာပဲ လုပ္ေနလုပ္ေန အဲဒါက သဘာဝအတိုင္းေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ မာတီနယ္လီ၊ လိုကြန္ဂါနဲ႔ ဆာကာတို႔ကို ကြင္းလယ္ကစားသမား ၃ ဦးအေနနဲ႔ ထားၿပီး ကစားခဲ့တယ္။ သူတို႔ေတြက အဲဒီကစားကြက္နဲ႔ အဲဒီေနရာမွာ သူတို႔တစ္ဘဝလုံး တခါမွ မကစားခဲ့ဖူးပါဘူး”လို႔ အာတီတာက လီဗာပူးလ္နဲ႔သေရက်ခဲ့တဲ့ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

အာသာ မယ္လို
အာဆင္နယ္အသင္းဟာ ဂ်ဴဗင္တပ္အသင္းကေန အာသာ မယ္လိုကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ မပိတ္ခင္ အငွားနဲ႔ ေခၚယူႏိုင္ဖို႔ တြန္းအားေပး ႀကိဳးပမ္းေနၿပီး ဘရာဇီးလ္ကြင္းလယ္ကစားသမားကလည္း ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းက သေဘာတူညီဖို႔ မီးစိမ္းျပျခင္းမရွိေသးေပမယ့္လည္း အာသာက အသင္းေျပာင္းေ႐ႊ႕ခြင့္ရဖို႔ တြန္းအားေပးတဲ့အေနနဲ႔ အသင္းနဲ႔ ေသာၾကာေန႔မွာ ေတြ႕ဆုံခဲ့ၿပီး ဒီရက္ပိုင္းအတြင္း အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့တယ္ဆိုရင္ေတာင္မွ အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားဟာ ယခုတပတ္ရဲ႕ အေရးႀကီးပြဲစဥ္ေတြမွာ ပါဝင္ကစားေပးႏိုင္ျခင္းရွိမွာမဟုတ္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အာတီတာအတြက္ အရမ္းခက္ခဲတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီး အထူးသျဖင့္ အန္းဖီးမွာ ပြဲၿပီးခါနီး ဆာကာ ဒဏ္ရာရရွိသြားတာေၾကာင့္လည္း ရွိတဲ့ကစားသမား ကြင္းလယ္ထည့္သုံးေနရတဲ့ အာဆင္နယ္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဒါေတြအားလုံးဟာ ခ်ာကာရဲ႕ မလုပ္သင့္တဲ့အမွားကေန ျမစ္ဖ်ားခံလာတဲ့ ျပႆနာေတြလို႔ ဆိုရင္ မမွားပါဘူး။ ဒါေပမယ့္ အာတီတာအတြက္ အသက္ရႈေခ်ာင္ေစမယ့္ ေ႐ြးခ်ယ္စရာ နည္းလမ္းတစ္ခုကေတာ့ အဆင္သင့္ရွိေနပါတယ္။ဒီအရာကေတာ့…

ဘန္ဝႈိက္
ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ ဘန္ဝႈိက္ဟာ အာဆင္နယ္အတြက္ ေ႐ြးခ်ယ္စရာျဖစ္ႏိုင္ဖြယ္ရွိၿပီး အရင္တုန္းက သမား႐ိုးက်မဟုတ္တဲ့ ကြင္းလယ္ေနရာမွာ အသုံးျပဳျခင္း ခံခဲ့ရဖူးသူ ျဖစ္ပါတယ္။ ဘန္ဝႈိက္ဟာ ကြင္းလယ္ခံစစ္ေနရာမွာ ကစားခဲ့ဖူးတာေၾကာင့္ အဲဒီေနရာမွာ ကစားေပးႏိုင္ေကာင္း ကစားေပးႏိုင္မွာျဖစ္ၿပီး လိဒ္စ္နဲ႔ ဘ႐ိုက္တန္တို႔ ၂ သင္းစလုံးအတြက္ ကြင္းလယ္မွာ အႀကိမ္ေပါင္းမ်ားစြာ ကစားေပးခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ျပႆနာက ဆက္လက္ ဆိုး႐ြားေနတာေၾကာင့္ ဘန္ဝႈိက္အေနနဲ႔ အဲဒီအေတြ႕အႀကဳံေတြက ကြင္းလယ္မွာ ေကာင္ေးကာင္း ကစားႏိုင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔ အရိပ္အႁမြက္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားက The Athletic ကို “လိဒ္စ္ယူႏိုက္တက္မွာ ကစားစဥ္က နည္းျပက ကြၽန္ေတာ္တို႔ကို အဲဒီပုံစံအတိုင္းပဲ ကစားေစခ်င္ခဲ့တာေၾကာင့္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ခင္ဗ်ားက ခင္ဗ်ားရဲ႕ အသင္းေဖာ္ရဲ႕ေနာက္ကို လိုက္ေနတယ္။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္ ကြင္းလယ္ထိ ေရာက္ေရာက္သြားတာေၾကာင့္ အဲဒီမွာ ေဘာလုံးနဲ႔အတူ ရင္ဆိုင္ေျဖရွင္းႏိုင္တယ္။ ခုခံႏိုင္တယ္။ ကြၽန္ေတာ့္ကို အမ်ားႀကီး အကူအညီျဖစ္ေစခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္ကစားသမားသစ္ ေခၚယူျဖစ္ခဲ့လွ်င္လည္း အခ်ိန္လုံေလာက္မွာ မဟုတ္ေတာ့တဲ့ ေနာက္ ၄ ရက္အၾကာမွာ ကစားရမယ့္ လီဗာပူးလ္နဲ႔ပြဲမွာ ဘန္ဝႈိက္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္မွာ ဝင္ေရာက္ကစားမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ရွိေတာ့ၿပီး အမ္းမရိတ္မွာ ကစားမယ့္ပြဲမွာ နည္းျပအာတီတာ ဆႏၵရွိတယ္ဆိုရင္ ဒီေ႐ြးခ်ယ္စရာဟာ အာဆင္နယ္အသင္းအတြက္ စမ္းသပ္ၾကည့္ဖို႔ ၿပီးျပည့္စုံတဲ့ အခြင့္အလမ္းေတြ ေပးေနတာျဖစ္ပါတယ္။

ခ်ာကာကို ထူးထူးျခားျခားေထာက္ခံသြားတဲ့ အာဆင္နယ္ ဂႏၲဝင္
ဒါေပမယ့္လည္း ေပါလ္ မာဆန္က လီဗာပူးလ္နဲ႔ပြဲမွာ အနီကတ္ထိခဲ့တဲ့ ဆြစ္ဇာလန္ ကြင္းလယ္ကစားသမားရဲ႕ ခံယူခ်က္ကို ခ်ီးက်ဴးသြားခဲ့ၿပီး ခ်ာကာဟာ စည္းကမ္းပိုင္းမွာ ျပႆနာရွိတာမွန္ေပမယ့္လည္း အၿမဲတမ္း ကြင္းထဲမွာ စိတ္ပိုင္းျဖတ္မႈမ်ိဳးကို ျပသေနခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက ခင္ဗ်ားအတြက္ အုတ္တံတိုင္းကိုလည္း ေျပးတိုက္မယ့္သူပါ။ သူက သူ႔အမွားကို သူ လုပ္လိမ့္မယ္။ သူက အထုတ္ခံရရင္ ထြက္လိမ့္မယ္။ သူက အဝါကတ္ျပသခံရလိမ့္မယ္။ ဒါေပမယ့္ သူ အၿမဲတမ္း ကစားေပးတယ္။ ခ်ာကာနဲ႔ဆိုရင္ သူတို႔ ပိုၿပီးေကာင္းမြန္တဲ့အသင္းလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါက ခ်ီးမြမ္းတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.