Premier League

ဝုလ်ဗ်စ်နဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် သူ့အသင်းသားတွေကို စိန်ခေါ်လိုက်တဲ့ အာတီတာ

မိုလ်ဒီကို ဂိုးသွင်းသလိုမျိုး ပရီးမီးယားလိဂ်မှာရော ပေါက်ကွဲရဲလားလို့ အာဆယ်နယ်နည်းပြ အာတီတာက သူ့အသင်းကို စိန်ခေါ်လိုက်ပါတယ်။ အာတီတာဟာ အားမရစရာဖြစ်နေတဲ့ အသင်းတိုက်စစ်ကစားဟန်ကို မချင့်မရဲဖြစ်နေပြီး ပရီးမီးယားလိဂ်မှာရော ဘာလို့ ဂိုးမသွင်းရဲရမှာလဲလို့ ဝုဗ်အသင်းနဲ့ပွဲကြိုမှာ ကြုံးဝါးသွားခဲ့တာပါ။

ကစားခဲ့ပြီးတဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၉ ဂိုးသာ ရရှိထားတဲ့ အာဆင်နယ်ဟာ ဖန်တီးမှုမဲ့ပြီး တိုက်စစ်သေနေခဲ့တာဟာ ပွဲကစားချိန် ၈နာရီနီးပါးအထိ Open Play ကနေတဆင့် ဂိုးမရရှိတော့တာပါ။ ဒီဂိုးသွင်းနှုန်းအရ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းထက် ဂိုးပိုနည်းတဲ့ အသင်း ၃ သင်းသာ ကျန်ရှိနေတာဟာ နည်းပြအတွက် စိုးရိမ်စရာအကောင်းဆုံး အနေအထားတခု ဖြစ်နေပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ်မှာ မတူညီတဲ့ အသင်းနှစ်သင်း ခွဲကစားသလို မြင်နေရပြီး ပရီးမီးယားလိဂ်က အာဆင်နယ်က မဝံ့မရဲနဲ့ တွန့်တွန့်ဆုတ်ဆုတ် ကစားနေတဲ့ တိုက်စစ်ကစားဟန်နဲ့ ဝေဝါးနေပေမယ့် ယူရိုပါလိဂ်မှာတော့ ပြတ်ပြတ်သားသား ဂိုးသွင်းယူနိုင်သလို တိုက်စစ်ထက်မြက်မှုကြောင့် ၄ ပွဲကစား ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်နိုင်ခဲ့တာပါ။

အာတီတာက ပြည်တွင်းမှာလည်း ယူရိုပါလိဂ်မှာ ကစားခဲ့တဲ့ပုံစံမျိုးနဲ့ သူ့အသင်းကို မြင်ချင်နေတာဖြစ်ပြီး မထင်မရှားအသင်းတွေကို ပေါက်ကွဲနိုင်တာထက်စာရင် ပြည်တွင်းလိဂ်မှာ အဆုံးစွန်ထိ ပေါက်ကွဲပြီး အသင်းရဲ့ အရဲဝံ့ဆုံး၊ အကောင်းဆုံးပုံစံကို ပြသလိုနေတာဖြစ်ပါတယ်။ ဘက်မညီတဲ့အသင်းကို ပေါက်ကွဲပြရုံနဲ့ ထင်သလောက် မပေါက်သေးဘူးလို့ အာတီတာ နားလည်ထားပုံ ရပါတယ်။

” ပွဲအပြီးမှာ ပြိုင်ဘက်ဂိုးပေါက်ကို ဘာလုပ်ခဲ့သလဲဆိုတာနဲ့ပဲ အဆုံးအဖြတ်ပေးတာပါ။ ကျွန်တော်တို့ ပြိုင်ဘက်ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်ခဲ့တာ ကြာခဲ့ပါပြီ။ ဒီအတွက် ရမှတ်တွေ ပေးဆပ်ခဲ့ရပါတယ်။ ယူရိုပါလိဂ်မှာတော့ တိုက်စစ်စီးဆင်းမှုရော၊ ဖန်တီးနိုင်စွမ်းရော ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်အသင်းက ဘက်ညီတဲ့ပြိုင်ဘက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ဘာလဲဆိုတာကို ပြကြရပါလိမ့်မယ်။ မလုပ်ရဲဘူးလားလို့ ကျွန်တော့်အသင်းကို မေးလိုက်ချင်ပါတယ်” လို့ အာတီတာက ဝုဗ်နဲ့ပွဲကြိုမှာ အာဆင်နယ်အသင်းကို လှုံ့ဆော်မှုပြင်းပြင်း ပေးသွားခဲ့ပါတယ်။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မိုလ္ဒီကို ဂိုးသြင္းသလိုမ်ိဳး ပရီးမီးယားလိဂ္မွာေရာ ေပါက္ကြဲရဲလားလို႔ အာဆယ္နယ္နည္းျပ အာတီတာက သူ႕အသင္းကို စိန္ေခၚလိုက္ပါတယ္။ အာတီတာဟာ အားမရစရာျဖစ္ေနတဲ့ အသင္းတိုက္စစ္ကစားဟန္ကို မခ်င့္မရဲျဖစ္ေနၿပီး ပရီးမီးယားလိဂ္မွာေရာ ဘာလို႔ ဂိုးမသြင္းရဲရမွာလဲလို႔ ဝုဗ္အသင္းနဲ႕ပြဲႀကိဳမွာ ႀကဳံးဝါးသြားခဲ့တာပါ။

ကစားခဲ့ၿပီးတဲ့ ပရီးမီးယားလိဂ္ ၉ ပြဲမွာ ၉ ဂိုးသာ ရရွိထားတဲ့ အာဆင္နယ္ဟာ ဖန္တီးမႈမဲ့ၿပီး တိုက္စစ္ေသေနခဲ့တာဟာ ပြဲကစားခ်ိန္ ၈နာရီနီးပါးအထိ Open Play ကေနတဆင့္ ဂိုးမရရွိေတာ့တာပါ။ ဒီဂိုးသြင္းႏႈန္းအရ ပရီးမီးယားလိဂ္မွာ အာဆင္နယ္အသင္းထက္ ဂိုးပိုနည္းတဲ့ အသင္း ၃ သင္းသာ က်န္ရွိေနတာဟာ နည္းျပအတြက္ စိုးရိမ္စရာအေကာင္းဆုံး အေနအထားတခု ျဖစ္ေနပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ နဲ႕ ယူရိုပါလိဂ္မွာ မတူညီတဲ့ အသင္းႏွစ္သင္း ခြဲကစားသလို ျမင္ေနရၿပီး ပရီးမီးယားလိဂ္က အာဆင္နယ္က မဝံ့မရဲနဲ႕ တြန့္တြန့္ဆုတ္ဆုတ္ ကစားေနတဲ့ တိုက္စစ္ကစားဟန္နဲ႕ ေဝဝါးေနေပမယ့္ ယူရိုပါလိဂ္မွာေတာ့ ျပတ္ျပတ္သားသား ဂိုးသြင္းယူနိုင္သလို တိုက္စစ္ထက္ျမက္မႈေၾကာင့္ ၄ ပြဲကစား ရာႏႈန္းျပည့္နိုင္ပြဲနဲ႕ ေနာက္တဆင့္ကို လြတ္လြတ္ကြၽတ္ကြၽတ္ တက္ေရာက္နိုင္ခဲ့တာပါ။

အာတီတာက ျပည္တြင္းမွာလည္း ယူရိုပါလိဂ္မွာ ကစားခဲ့တဲ့ပုံစံမ်ိဳးနဲ႕ သူ႕အသင္းကို ျမင္ခ်င္ေနတာျဖစ္ၿပီး မထင္မရွားအသင္းေတြကို ေပါက္ကြဲနိုင္တာထက္စာရင္ ျပည္တြင္းလိဂ္မွာ အဆုံးစြန္ထိ ေပါက္ကြဲၿပီး အသင္းရဲ႕ အရဲဝံ့ဆုံး၊ အေကာင္းဆုံးပုံစံကို ျပသလိုေနတာျဖစ္ပါတယ္။ ဘက္မညီတဲ့အသင္းကို ေပါက္ကြဲျပ႐ုံနဲ႕ ထင္သေလာက္ မေပါက္ေသးဘူးလို႔ အာတီတာ နားလည္ထားပုံ ရပါတယ္။

” ပြဲအၿပီးမွာ ၿပိဳင္ဘက္ဂိုးေပါက္ကို ဘာလုပ္ခဲ့သလဲဆိုတာနဲ႕ပဲ အဆုံးအျဖတ္ေပးတာပါ။ ကြၽန္ေတာ္တို႔ ၿပိဳင္ဘက္ဂိုးေပါက္ကို မၿခိမ္းေျခာက္နိုင္ခဲ့တာ ၾကာခဲ့ပါၿပီ။ ဒီအတြက္ ရမွတ္ေတြ ေပးဆပ္ခဲ့ရပါတယ္။ ယူရိုပါလိဂ္မွာေတာ့ တိုက္စစ္စီးဆင္းမႈေရာ၊ ဖန္တီးနိုင္စြမ္းေရာ ပိုေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ယူရိုပါလိဂ္အသင္းက ဘက္ညီတဲ့ၿပိဳင္ဘက္ေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ ပရီးမီးယားလိဂ္မွာ ကြၽန္ေတာ္တို႔ ဘာလဲဆိုတာကို ျပၾကရပါလိမ့္မယ္။ မလုပ္ရဲဘူးလားလို႔ ကြၽန္ေတာ့္အသင္းကို ေမးလိုက္ခ်င္ပါတယ္” လို႔ အာတီတာက ဝုဗ္နဲ႕ပြဲႀကိဳမွာ အာဆင္နယ္အသင္းကို လႈံ႕ေဆာ္မႈျပင္းျပင္း ေပးသြားခဲ့ပါတယ္။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.