Premier League

“ဘရူနို ဖာနန်ဒက်စ်က ရော်နယ်ဒိုလိုပါပဲ” လို့ ဆိုးလ်ရှားဘာလို့ ပြောလိုက်သလဲ

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ နည်းပြဟောင်း ဖာဂူဆန်ခေတ်က ခရစ္စယာနို ရော်နယ်ဒိုလို စွမ်းဆောင်ရည်အပြည့်ရှိကြောင်း ခိုင်းနှိုင်း ချီးကျူးသွားခဲ့တယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ဟာ အစ္စတန်ဘူလ်အသင်းနဲ့ ပွဲစဥ်က တဦးတည်း နှစ်ဂိုး သွင်းယူပြီးချိန်မှာ ယူနိုက်တက်အတွက် သွင်းဂိုး နဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၃၄ ဂိုးအထိ စွမ်းဆောင်ပေးထားသူ ဖြစ်လာပြီး ဒါဟာ သူရောက်ရှိလာခဲ့တဲ့ ဇန်နဝါရီလကနေတွက်ရင် ပရီးမီးယားလိဂ်ရဲ့ ဘယ်ကစားသမားထက်မဆို ပိုသာလွန်နေတဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုစံချိန် ဖြစ်နေပါတယ်။

ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့အစ္စတန်ဘူလ်အသင်းနဲ့ ပွဲစဥ်မှာ ဟက်ထရစ်သွင်းဂိုး ရရှိမယ့် ပင်နယ်တီအခွင့်အရေးကို လက်လွှတ်ခံပြီး အသင်းဖော် ရက်ရှ်ဖို့ဒ်ကို ကန်သွင်းစေခဲ့သလို အဲဗာတန်နဲ့ပွဲမှာလည်း တဦးတည်း ဟက်ထရစ်ရမယ့် အခွင့်အရေးကို ဂရုမစိုက်ဘဲ အသင်းရဲ့လူသစ် တိုက်စစ်မှူး ကာဗာနီကို ဂိုးရအောင် ဖန်တီးပေးပြီး ယုံကြည်မှုမြှင့်တင်ပေးခဲ့ပါတယ်။

ဒါတွေဟာ အသင်းကောင်းကျိုးအတွက် ပေးဆပ်အနစ်နာခံဖို့ ဝန်မလေးတတ်တဲ့ သူ့ရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်ကို ကြေငြာခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ တဦးကောင်း၊ တယောက်ကောင်း ကိုယ်ကျိုုးကို ကြည့်တာမျိုး မရှိတဲ့အပြင် ဝင့်ကြွားမှု ကင်းစင်ပြီး ယူနိုက်တက်ရဲ့ အစဥ်အလာဓလေ့ဖြစ်တဲ့ အသင်းလိုက်စုစည်းမှုကို တည့််တည့်ရှုတဲ့ ကစားသမားမျိုးဖြစ်တယ်ဆိုတာ ကွင်းတွင်းမှာ အကြိမ်ကြိမ် သက်​သေပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “သူဟာ ခရစ္စတီယာနို ရော်နယ်ဒိုလိုပါပဲ။ အသင်းဖော်တွေကို လွှမ်းမိုးနိုင်စွမ်းနဲ့ ဦးဆောင်နိုင်စွမ်းတွေက တပုံစံတည်း၊ တထေရာတည်းပါပဲ။ သူရောက်လာပြီးကတည်းက ဘယ််လိုရလဒ်တွေ ယူဆောင်ပေးခဲ့လဲသာ ကြည့်လိုက်ပါတော့။ ခရစ္စတီယာနို ရှိစဥ်တုန်းက အိုးထရက်ဖို့ဒ်ကို လွှမ်းမိုးသလို သူလည်း လွှမ်းမိုးထားပါတယ်။ သူ့မှာ မကုန်ဆုံးနိုင်တဲ့ စွမ်းအင်အပြည့်ရှိတယ်။ အသင်းအဖွဲ့ကို ဦးဆောင်နိုင်စွမ်းတဲ့ ကစားသမားမျိုးဖြစ်တယ်။ ကျနော်တို့အသင်း အမြင့်ကိုတက်နိုင်ဖို့အတွက် သူက ​သော့ချက်ပါပဲ။” လို့ ဆောက်သမ်တန်အသင်းနဲ့ ပွဲကြိုမှာ ပြောပြသွားခဲ့ပြီး ဖာနန်ဒက်စ်ဟာ ပေါ်တူဂီအသင်းဖော် ရော်နယ်ဒိုကို လေးစားသူဖြစ်သလို သူလျှောက်ခဲ့တဲ့လမ်းအတိုင်း သူ့ခြေရာကိုနင်းချင်ကြောင်းလည်း ပြောပြထားခဲ့ဖူးတာပါ။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ဘ႐ူနို ဖာနန္ဒက္စ္ဟာ နည္းျပေဟာင္း ဖာဂူဆန္ေခတ္က ခရစၥယာနို ေရာ္နယ္ဒိုလို စြမ္းေဆာင္ရည္အျပည့္ရွိေၾကာင္း ခိုင္းႏွိုင္း ခ်ီးက်ဴးသြားခဲ့တယ္လို႔ သိရပါတယ္။

ဖာနန္ဒက္စ္ဟာ အစၥတန္ဘူလ္အသင္းနဲ႕ ပြဲစဥ္က တဦးတည္း ႏွစ္ဂိုး သြင္းယူၿပီးခ်ိန္မွာ ယူနိုက္တက္အတြက္ သြင္းဂိုး နဲ႕ ဂိုးဖန္တီးမႈ စုစုေပါင္း ၃၄ ဂိုးအထိ စြမ္းေဆာင္ေပးထားသူ ျဖစ္လာၿပီး ဒါဟာ သူေရာက္ရွိလာခဲ့တဲ့ ဇန္နဝါရီလကေနတြက္ရင္ ပရီးမီးယားလိဂ္ရဲ႕ ဘယ္ကစားသမားထက္မဆို ပိုသာလြန္ေနတဲ့ သြင္းဂိုးပါဝင္ပတ္သက္မႈစံခ်ိန္ ျဖစ္ေနပါတယ္။

ေပါင္ ၆၈ သန္းနဲ႕ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေပၚတူဂီသားဟာ ၿပီးခဲ့တဲ့အစၥတန္ဘူလ္အသင္းနဲ႕ ပြဲစဥ္မွာ ဟက္ထရစ္သြင္းဂိုး ရရွိမယ့္ ပင္နယ္တီအခြင့္အေရးကို လက္လႊတ္ခံၿပီး အသင္းေဖာ္ ရက္ရွ္ဖို႔ဒ္ကို ကန္သြင္းေစခဲ့သလို အဲဗာတန္နဲ႕ပြဲမွာလည္း တဦးတည္း ဟက္ထရစ္ရမယ့္ အခြင့္အေရးကို ဂ႐ုမစိုက္ဘဲ အသင္းရဲ႕လူသစ္ တိုက္စစ္မႉး ကာဗာနီကို ဂိုးရေအာင္ ဖန္တီးေပးၿပီး ယုံၾကည္မႈျမႇင့္တင္ေပးခဲ့ပါတယ္။

ဒါေတြဟာ အသင္းေကာင္းက်ိဳးအတြက္ ေပးဆပ္အနစ္နာခံဖို႔ ဝန္မေလးတတ္တဲ့ သူ႕ရဲ႕ ဦးေဆာင္နိုင္မႈစြမ္းရည္ကို ေၾကျငာခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ တဦးေကာင္း၊ တေယာက္ေကာင္း ကိုယ္က်ိဳုးကို ၾကည့္တာမ်ိဳး မရွိတဲ့အျပင္ ဝင့္ႂကြားမႈ ကင္းစင္ၿပီး ယူနိုက္တက္ရဲ႕ အစဥ္အလာဓေလ့ျဖစ္တဲ့ အသင္းလိုက္စုစည္းမႈကို တည့္္တည့္ရႈတဲ့ ကစားသမားမ်ိဳးျဖစ္တယ္ဆိုတာ ကြင္းတြင္းမွာ အႀကိမ္ႀကိမ္ သက္​ေသျပခဲ့ပါတယ္။

ဒီကိစၥနဲ႕ပတ္သက္ၿပီး ဆိုးလ္ရွားက “သူဟာ ခရစၥတီယာနို ေရာ္နယ္ဒိုလိုပါပဲ။ အသင္းေဖာ္ေတြကို လႊမ္းမိုးနိုင္စြမ္းနဲ႕ ဦးေဆာင္နိုင္စြမ္းေတြက တပုံစံတည္း၊ တေထရာတည္းပါပဲ။ သူေရာက္လာၿပီးကတည္းက ဘယ္္လိုရလဒ္ေတြ ယူေဆာင္ေပးခဲ့လဲသာ ၾကည့္လိုက္ပါေတာ့။ ခရစၥတီယာနို ရွိစဥ္တုန္းက အိုးထရက္ဖို႔ဒ္ကို လႊမ္းမိုးသလို သူလည္း လႊမ္းမိုးထားပါတယ္။ သူ႕မွာ မကုန္ဆုံးနိုင္တဲ့ စြမ္းအင္အျပည့္ရွိတယ္။ အသင္းအဖြဲ႕ကို ဦးေဆာင္နိုင္စြမ္းတဲ့ ကစားသမားမ်ိဳးျဖစ္တယ္။ က်ေနာ္တို႔အသင္း အျမင့္ကိုတက္နိုင္ဖို႔အတြက္ သူက ​ေသာ့ခ်က္ပါပဲ။” လို႔ ေဆာက္သမ္တန္အသင္းနဲ႕ ပြဲႀကိဳမွာ ေျပာျပသြားခဲ့ၿပီး ဖာနန္ဒက္စ္ဟာ ေပၚတူဂီအသင္းေဖာ္ ေရာ္နယ္ဒိုကို ေလးစားသူျဖစ္သလို သူေလွ်ာက္ခဲ့တဲ့လမ္းအတိုင္း သူ႕ေျခရာကိုနင္းခ်င္ေၾကာင္းလည္း ေျပာျပထားခဲ့ဖူးတာပါ။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.