Premier League

28 Nov – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

အဝတ်လဲခန်းစည်းလုံးမှုအတွက် စီနီယာကစားသမားတွေဖြစ်တဲ့ ဂျီရူးနဲ့ သီယာဂို ဆေးလ်ဗားတို့ကို အားကိုးနေရကြောင်း လမ်းပတ်ဝန်ခံသွားခဲ့ပြီး ဂျီရူးဟာ အေဘရာဟမ်ကို ပြိုင်ဘက်လို မဆက်ဆံဘဲ လူကြီးလူကောင်းဆန်ဆန် သင်ပြပေးကြောင်း ချီးကျူးခဲ့။

ဒီနှစ်မှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ၁၇ နှစ်အရွယ် နော်ဝေကြယ်ပွင့် ဘရိုင်ယန် ဖီယာဘီမာရဲ့ ဂိုးသွင်းစွမ်းရည်ကို နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြချုပ်က ကျေနပ်နေပြီး သူဟာ အချိန်တိုလေးအတွင်းမှာ ယူ-၂၃ အသင်းမှာ ခေါ်ယူခံခဲ့ရလို့ ဒါဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးမားတဲ့ ခြေလှမ်းကို လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ချီးကျူး။

ချယ်လ်ဆီးဟာ အက်သလက်တီကိုအသင်းက ဆီမြွန်နီရဲ့လက်စွဲကစားသမားဖြစ်တဲ့ ဗဟိုခံစစ်မှူး ဟိုဆေး ဂျင်မီနက်ဇ်ကို ခေါ်ယူဖို့ အတည်တကျ ကြိုးပမ်းနေပြီး အသင်းရဲ့ ရေရှည်အစီအစဥ်အဖြစ် ရည်မှန်းထားကြောင်း သတင်းထောက် ဖာဘရီဇီယို ရိုမာနို အတည်ပြုခဲ့ကာ သူ့အတွက် စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၀၈ သန်းရှိနေ။

မက်မောအထင်ကြီးလောက်စရာ ခြေစွမ်းကို တောက်လျှောက်ပြသနေတဲ့ ရီးစ်ဂျိမ်းစ်ဟာ လက်ရှိပရီးမီယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူအဖြစ် စာရင်းပေါက်နေပြီလို့ ပြိုင်ဘက်လီဗာပူးလ်အသင်းရဲ့ အင်္ဂလန်အသင်းဖော် အာနိုးလ်ဒ်က ချီးမွမ်းသွား။

ပူလီရှစ်ချ်ဟာ စပါးနဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ် ရှိနေပေမယ့် ကြံ့ခိုင်မှုအပြည့် ဖြစ်မဖြစ် စောင့်ကြည့်သွားရမယ်လို့ လမ်းပတ်ကအတည်ပြုခဲ့ပြီး ခိုင်ဟာဗတ်ဇ်လည်း သက်သာကောင်းမွန်လာလို့ အသင်းမှာ ဒဏ်ရာကင်းစင်နေကြောင်း ပြောကြား။

အသင်းပိုင်ရှင် မိုဗစ်ချ်မရှိဘဲ ချယ်လ်ဆီးအသင်းရဲ့ အဆင့်မြင့် ကမ္ဘာ့ပုံရိပ်ကို ထူထောင်နိုင်ခဲ့မှာ မဟုတ်ဘူးလို့ လမ်းပတ်က ဝန်ခံခဲ့ပြီး စပါးနဲ့ပွဲဟာ ချယ်လ်ဆီးအသင်းပိုင်ရှင် မိုဗစ်ချ်ရဲ့ ပွဲ ၁၀၀၀ ပြည့်မှတ်တိုင်တခုအဖြစ်ရှိနေလို့ အနိုင်ရလဒ်ကို လက်ဆောင်ပေးသွားဖွယ်ရှိ။

စတန်းဖို့ဒ်ဘရစ်ချ်ကွင်းကို ပြန်လာရမှာ ဘာထူးခြားတဲ့ ခံစားချက်မှ မရှိဘူးလို့ မော်ရင်ညိုက ပြောကြားခဲ့ပြီး ပေါင်သန်း ၂၀၀ ကျော် သုံးစွဲထားတဲ့အသင်းဟာ မိမိတို့စပါးအသင်းထက် ဖိအားပိုများနေလိမ့်မယ်လို့ စကားစစ်ထိုးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဒီနှစ်မှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ၁၇ နှစ်အရွယ် နော်ဝေကြယ်ပွင့် ဘရိုင်ယန် ဖီယာဘီမာရဲ့ ဂိုးသွင်းစွမ်းရည်ကို နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြချုပ်က ကျေနပ်နေပြီး သူဟာ အချိန်တိုလေးအတွင်းမှာ ယူ-၂၃ အသင်းမှာ ခေါ်ယူခံခဲ့ရကာ ကြီးမားတဲ့ ခြေလှမ်းကိုလှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ချီးကျူး။



ပူလီရှစ်ခ်ျဟာ စပါးနဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ် ရှိနေပေမယ့် ကြံ့ခိုင်မှုအပြည့် ဖြစ်မဖြစ် စောင့်ကြည့်သွားရမယ်လို့ လမ်းပတ်ကအတည်ပြုခဲ့ပြီး ခိုင်ဟာဗတ်ဇ်လည်း သက်သာကောင်းမွန်လာလို့ အသင်းမှာ ဒဏ်ရာကင်းစင်နေကြောင်း ပြောကြား။

အသင်းပိုင်ရှင် မိုဗစ်ခ်ျမရှိဘဲ ချယ်လ်ဆီးအသင်းရဲ့ အဆင့်မြင့် ကမ္ဘာ့ပုံရိပ်ကို ထူထောင်နိုင်ခဲ့မှာ မဟုတ်ဘူးလို့ လမ်းပတ်က ဝန်ခံခဲ့ပြီး စပါးနဲ့ပွဲဟာ ချယ်လ်ဆီးအသင်းပိုင်ရှင် မိုဗစ်ခ်ျရဲ့ ပွဲ ၁၀၀၀ ပြည့်မှတ်တိုင်တခုအဖြစ်ရှိနေလို့ အနိုင်ရလဒ်ကို လက်ဆောင်ပေးသွားဖွယ်ရှိ။

စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းကို ပြန်လာရမှာ ဘာထူးခြားတဲ့ ခံစားချက်မှ မရှိဘူးလို့ မော်ရင်ညိုက ပြောကြားခဲ့ပြီး ပေါင်သန်း ၂၀၀ ကျော် သုံးစွဲထားတဲ့အသင်းဟာ မိမိတို့စပါးအသင်းထက် ဖိအားပိုများနေလိမ့်မယ်လို့ စကားစစ်ထိုးသွား။

REF: INTERNET SOURCES
SPORTS A2Z.