Premier League Serie A

ဗာတြန္ဂန္ကို အင္တာမီလန္အသင္း ေခၚဖို႔ ပစ္မွတ္ထား

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာ ပံုမွန္ကစားခြင့္မရတဲ့အျပင္ စာခ်ဳပ္သစ္လည္း လက္ရွိအခ်ိန္အထိ မေဆြးေႏြးရေသးတဲ့ ဘယ္လ္ဂ်ီယံေနာက္ခံလူ ယန္ ဗာတြန္ဂန္ကို အင္တာမီလန္အသင္းက ေခၚယူဖို႔ ေစာင့္ဆိုင္းေနပါတယ္။ အသက္(၃၂)ႏွစ္ အရြယ္ရွိၿပီျဖစ္တဲ့ ဗာတြန္ဂန္ဟာ ရာသီကုန္ရင္ စပါးစ္အသင္းကေန ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ထြက္ခြာႏုိင္သူလည္းျဖစ္ပါတယ္။

Evening Standard ရဲ႕အဆိုအရေတာ့ အင္တာမီလန္အသင္းဟာ သူတို႔ခံစစ္အတြက္ ဘယ္လ္ဂ်ီယံေနာက္ခံလူကို အင္အားျဖည့္တင္းခ်င္ေနတယ္လို႔ သိရၿပီး ဇန္နဝါရီမွာကတည္းက ေခၚယူလိုတဲ့ အသင္းနဲ႔ လြတ္လပ္စြာ ေဆြးေႏြးခြင့္ရွိၿပီးသားျဖစ္တဲ့ ဗာတြန္ဂန္ရဲ႕ ကိုယ္စားလွယ္ေတြဟာ အင္တာမီလန္တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆံုၿပီးၿပီလို႔လည္း ယံုၾကည္ရပါတယ္။

ခ်ဲလ္ဆီးနည္းျပေဟာင္းျဖစ္သူ အန္တိုနီယိုကြန္တီဟာ ဇန္န၀ါရီလကပဲ ေတာ့တင္ဟမ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆင္ကို ေပါင္(၁၇)သန္းနဲ႔ ေခၚယူခဲ့ေသးၿပီး ပရီးမီးယားလိဂ္ကစားသမားေတြကို စုစည္းေနတဲ့အထဲမွာ အဲရစ္ဆင္အျပင္ ရိုမီလူ လူကာကူ၊ အက္ရွ္လီယန္းနဲ႔ အလက္ဆစ္ ဆန္းခ်က္ဇ္တို႔လည္းပါပါတယ္။

အင္တာမီလန္အသင္းရဲ႕ ခံစစ္မွာ ဥေရာပထိပ္တန္းအသင္းႀကီးေတြ မ်က္စိက်ေအာင္ ေျခစြမ္းျပေနတဲ့ မီလန္ ရွကရီညာကို မန္စီးတီးနဲ႔ ဘာစီလိုနာတုိ႔က ခ်ိတ္ဆက္ေနတာေၾကာင့္ အခု ဗာတြန္ဂန္ဟာ ဒီေနရာအတြက္ ေခၚယူအားျဖည့္မွဳ ျဖစ္လာမယ္လို႔လည္း ယူဆေနၾကပါတယ္။

စပါးစ္နည္းျပ ဟိုေဆး ေမာ္ရင္ဟိုကေတာ့ ဗာတြန္ဂန္ကို သူနဲ႔ တစ္ႏိုင္ငံတည္းသား တိုဘီ အယ္လ္ဒါ၀ီရယ္လိုပဲ စာခ်ဳပ္သစ္ခ်ဳပ္ၿပီး သက္ေသျပဖို႔ ေတာင္းဆိုထားေပမယ့္ ေနာက္ပိုင္းမွာနည္းျပရဲ႕ ဗဟိုခံစစ္မွာ အယ္လ္ဒါ၀ီရယ္နဲ႔ ဒါဗင္ဆင္ ဆန္းခ်က္ဇ္တို႔အတြဲကို ပိုသံုးခ်င္ေနတာေၾကာင့္ စာခ်ဳပ္သစ္ကေတာ့ ေသခ်ာေတာ့မွာ မဟုတ္ဘဲ ေအဂ်က္စ္နဲ႔ စပါးစ္အသင္းေဖာ္ေဟာင္း အဲရစ္ဆင္နဲ႔အတူ ရာသီေတြ႕မွာ ေတြ႕ရမလားပဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့အပြင် စာချုပ်သစ်လည်း လက်ရှိအချိန်အထိ မဆွေးနွေးရသေးတဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ယန် ဗာတွန်ဂန်ကို အင်တာမီလန်အသင်းက ခေါ်ယူဖို့ စောင့်ဆိုင်းနေပါတယ်။ အသက်(၃၂)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗာတွန်ဂန်ဟာ ရာသီကုန်ရင် စပါးစ်အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာနိုင်သူလည်းဖြစ်ပါတယ်။

Evening Standard ရဲ့အဆိုအရတော့ အင်တာမီလန်အသင်းဟာ သူတို့ခံစစ်အတွက် ဘယ်လ်ဂျီယံနောက်ခံလူကို အင်အားဖြည့်တင်းချင်နေတယ်လို့ သိရပြီး ဇန်နဝါရီမှာကတည်းက ခေါ်ယူလိုတဲ့ အသင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိပြီးသားဖြစ်တဲ့ ဗာတွန်ဂန်ရဲ့ ကိုယ်စားလှယ်တွေဟာ အင်တာမီလန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးပြီလို့လည်း ယုံကြည်ရပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဖြစ်သူ အန်တိုနီယိုကွန်တီဟာ ဇန်နဝါရီလကပဲ တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်ကို ပေါင်(၁၇)သန်းနဲ့ ခေါ်ယူခဲ့သေးပြီး ပရီးမီးယားလိဂ်ကစားသမားတွေကို စုစည်းနေတဲ့အထဲမှာ အဲရစ်ဆင်အပြင် ရိုမီလူ လူကာကူ၊ အက်ရှ်လီယန်းနဲ့ အလက်ဆစ် ဆန်းချက်ဇ်တို့လည်းပါပါတယ်။

အင်တာမီလန်အသင်းရဲ့ ခံစစ်မှာ ဥရောပထိပ်တန်းအသင်းကြီးတွေ မျက်စိကျအောင် ခြေစွမ်းပြနေတဲ့ မီလန် ရှကရီညာကို မန်စီးတီးနဲ့ ဘာစီလိုနာတို့က ချိတ်ဆက်နေတာကြောင့် အခု ဗာတွန်ဂန်ဟာ ဒီနေရာအတွက် ခေါ်ယူအားဖြည့်မှု ဖြစ်လာမယ်လို့လည်း ယူဆနေကြပါတယ်။

စပါးစ်နည်းပြ ဟိုဆေး မော်ရင်ဟိုကတော့ ဗာတွန်ဂန်ကို သူနဲ့ တစ်နိုင်ငံတည်းသား တိုဘီ အယ်လ်ဒါဝီရယ်လိုပဲ စာချုပ်သစ်ချုပ်ပြီး သက်သေပြဖို့ တောင်းဆိုထားပေမယ့် နောက်ပိုင်းမှာနည်းပြရဲ့ ဗဟိုခံစစ်မှာ အယ်လ်ဒါဝီရယ်နဲ့ ဒါဗင်ဆင် ဆန်းချက်ဇ်တို့အတွဲကို ပိုသုံးချင်နေတာကြောင့် စာချုပ်သစ်ကတော့ သေချာတော့မှာ မဟုတ်ဘဲ အေဂျက်စ်နဲ့ စပါးစ်အသင်းဖော်ဟောင်း အဲရစ်ဆင်နဲ့အတူ ရာသီတွေ့မှာ တွေ့ရမလားပဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.