Match Report Premier League UCL&UEL

ဗီနီးရှပ်စ်အတွက် စပါးစ်တို့ ဝင့်ကြွားနိုင်မယ့် အိမ်ကွင်းဂိုးပြတ်နိုင်ပွဲ

တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ လူဒိုဂိုရက်စ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ရပြီး အရန်ကစားသမားတချို့ကို ထည့်သွင်းလာခဲ့သလို သူတို့တွေကလည်း ပုံစံကောင်းကို ပြသနိုင်ခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူး ကားလို့စ် ဗီနီးရှပ်စ်ရဲ့ ထက်မြက်တဲ့ ခြေစွမ်းကတော့ နည်းပြ မော်ရင်ညိုနဲ့ ပရိသတ်တွေကို စိတ်ကျေနပ်စရာဖြစ်စေခဲ့ပါတယ်။

အသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန် ၁၆ မိနစ်မှာ ဒယ်လီ အယ်လီရဲ့ ပေးပို့မှုကို လူဒိုဂိုရက်စ်နောက်ခံလူတွေ ဖျက်ထုတ်ရာကနေ သူ့ရှေ့ကို ကွက်တိရောက်လာခဲ့တဲ့ ဘောလုံးကို ဗီနီးရှပ်စ်က သွေးအေးအေးနဲ့ ဂိုးသမားကို လှည့်စားအဆုံးသတ်ခဲ့ပြီး သူ့ကို မရှိသုံး ခေါ်ယူထားတာ မဟုတ်ဘူးလို့ သက်သေပြခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ အသင်းအတွက် ဒုတိယဂိုး ရရှိခဲ့ပြီး ဂိုးဧရိယာထိပ်က အန်ဒွမ်ဘီလီကန်ချက် ပြန်ထွက်လာတာကို အယ်လီက ကန်မလို ပုံစံနဲ့ အဆင်သင့်နေရာယူထားတဲ့ ဗီနီးရှပ်စ်ဆီ ချိုးပေးခဲ့ရာမှာ ဘရာဇီးလ်သားက အေးအေးဆေးဆေး အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပြီး ဟာရီကိန်းကို အနားပေးလို့ရမယ့် Back-up ကောင်းအဖြစ် ဂါရက်ဘေးလ်ထက်တောင် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေရဲ့ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထက်မှာ ပြေးနေခဲ့တဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်က အန်ဒွမ်ဘီလီနဲ့ ဟာရီဝင့်ခ်စ်တို့ရဲ့ ပုံစံကောင်းကလည်း ချီးကျူးစရာဖြစ်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု များခဲ့ပေမယ့် ပထမပိုင်းက နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စပါးစ်ကွင်းလယ်က အန်ဒွမ်ဘီလီအစား ဟွိုင်ဘယာ့ဂ် ဝင်လာခဲ့လို ပိုငြိမ်လာခဲ့သလို နောက်ထပ်တစ်ဂိုး ထပ်ရခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာ ဉာဏ်ကောင်းလွန်းတဲ့ ဟာရီဝင့်ခ်စ်ရဲ့ ဂိုးသမား ရှေ့ရောက်နေတာကို မြင်ပြီး လှမ်းကန်ခဲ့တဲ့ Rocket ကန်ချက်က ဂိုးအပေါ်ထောင့်ဆီ တိကျခဲ့လွန်းတာမို့ ဒီနေ့ပွဲရဲ့ အလှပဆုံးဂိုးအဖြစ် ချီးကျူးစရာလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ညာတောင်ပံက အယ်လီရဲ့ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ထိန်းသိမ်းရယူခဲ့တဲ့ ဗီနီးရှပ်စ်က ဟက်ထရစ်ရဖို့ မကြိုးစားဘဲ ဘေးက လွတ်နေတဲ့ လူးကပ်စ် မော်ရာဆီ ပေးခဲ့ရာမှာ လူစားဝင်တောင်ပံကစားသမားက အမှားအယွင်းမရှိ ကန်သွင်းအဆုံးသတ်နိုင်ခဲ့လို့ စတုတ္ထဂိုးကို ရရှိခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ အုပ်စု(J)ရဲ့ ဒုတိယနေရာမှာ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ်နဲ့ ရပ်တည်နေခဲ့ပြီး လာမယ့် LASK နဲ့ အန့်တဝပ် ပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ခဲ့ရင်တော့ အုပ်စုပထမအဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ လမ်းစပွင့်ခဲ့ပြီး အယ်လီ၊ ဗီနီးရှပ်စ်၊ ဝင့်ခ်စ်တို့ရဲ့ ခြေစွမ်းတွေကတော့ မော်ရင်ညိုအတွက် အားတက်ကျေနပ်စရာဖြစ်ခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ လူဒိုဂိုရက္စ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့ရၿပီး အရန္ကစားသမားတခ်ိဳ႕ကို ထည့္သြင္းလာခဲ့သလို သူတို႔ေတြကလည္း ပုံစံေကာင္းကို ျပသႏိုင္ခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉး ကားလို႔စ္ ဗီနီးရွပ္စ္ရဲ႕ ထက္ျမက္တဲ့ ေျခစြမ္းကေတာ့ နည္းျပ ေမာ္ရင္ညိဳနဲ႔ ပရိသတ္ေတြကို စိတ္ေက်နပ္စရာျဖစ္ေစခဲ့ပါတယ္။

အသင္းအတြက္ ပထမဂိုးကိုေတာ့ ပြဲခ်ိန္ ၁၆ မိနစ္မွာ ဒယ္လီ အယ္လီရဲ႕ ေပးပို႔မႈကို လူဒိုဂိုရက္စ္ေနာက္ခံလူေတြ ဖ်က္ထုတ္ရာကေန သူ႔ေရွ႕ကို ကြက္တိေရာက္လာခဲ့တဲ့ ေဘာလုံးကို ဗီနီးရွပ္စ္က ေသြးေအးေအးနဲ႔ ဂိုးသမားကို လွည့္စားအဆုံးသတ္ခဲ့ၿပီး သူ႔ကို မရွိသုံး ေခၚယူထားတာ မဟုတ္ဘူးလို႔ သက္ေသျပခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ အသင္းအတြက္ ဒုတိယဂိုး ရရွိခဲ့ၿပီး ဂိုးဧရိယာထိပ္က အန္ဒြမ္ဘီလီကန္ခ်က္ ျပန္ထြက္လာတာကို အယ္လီက ကန္မလို ပုံစံနဲ႔ အဆင္သင့္ေနရာယူထားတဲ့ ဗီနီးရွပ္စ္ဆီ ခ်ိဳးေပးခဲ့ရာမွာ ဘရာဇီးလ္သားက ေအးေအးေဆးေဆး အဆုံးသတ္ႏိုင္ခဲ့တာလည္းျဖစ္ၿပီး ဟာရီကိန္းကို အနားေပးလို႔ရမယ့္ Back-up ေကာင္းအျဖစ္ ဂါရက္ေဘးလ္ထက္ေတာင္ ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြရဲ႕ ေဘာလုံးပိုင္ဆိုင္မႈ ၆၀ ရာခိုင္ႏႈန္းအထက္မွာ ေျပးေနခဲ့တဲ့ ဒီေန႔ပြဲမွာ ကြင္းလယ္က အန္ဒြမ္ဘီလီနဲ႔ ဟာရီဝင့္ခ္စ္တို႔ရဲ႕ ပုံစံေကာင္းကလည္း ခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး ဂိုးေပါက္ၿခိမ္းေျခာက္မႈ မ်ားခဲ့ေပမယ့္ ပထမပိုင္းက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စပါးစ္ကြင္းလယ္က အန္ဒြမ္ဘီလီအစား ဟြိဳင္ဘယာ့ဂ္ ဝင္လာခဲ့လို ပိုၿငိမ္လာခဲ့သလို ေနာက္ထပ္တစ္ဂိုး ထပ္ရခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာ ဉာဏ္ေကာင္းလြန္းတဲ့ ဟာရီဝင့္ခ္စ္ရဲ႕ ဂိုးသမား ေရွ႕ေရာက္ေနတာကို ျမင္ၿပီး လွမ္းကန္ခဲ့တဲ့ Rocket ကန္ခ်က္က ဂိုးအေပၚေထာင့္ဆီ တိက်ခဲ့လြန္းတာမို႔ ဒီေန႔ပြဲရဲ႕ အလွပဆုံးဂိုးအျဖစ္ ခ်ီးက်ဴးစရာလည္းျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ညာေတာင္ပံက အယ္လီရဲ႕ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ထိန္းသိမ္းရယူခဲ့တဲ့ ဗီနီးရွပ္စ္က ဟက္ထရစ္ရဖို႔ မႀကိဳးစားဘဲ ေဘးက လြတ္ေနတဲ့ လူးကပ္စ္ ေမာ္ရာဆီ ေပးခဲ့ရာမွာ လူစားဝင္ေတာင္ပံကစားသမားက အမွားအယြင္းမရွိ ကန္သြင္းအဆုံးသတ္ႏိုင္ခဲ့လို႔ စတုတၳဂိုးကို ရရွိခဲ့ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ အုပ္စု(J)ရဲ႕ ဒုတိယေနရာမွာ ၄ ပြဲကစား ၃ ပြဲႏိုင္ ၁ ပြဲရႈံး ရမွတ္ ၉ မွတ္နဲ႔ ရပ္တည္ေနခဲ့ၿပီး လာမယ့္ LASK နဲ႔ အန႔္တဝပ္ ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းရယူႏိုင္ခဲ့ရင္ေတာ့ အုပ္စုပထမအျဖစ္နဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ လမ္းစပြင့္ခဲ့ၿပီး အယ္လီ၊ ဗီနီးရွပ္စ္၊ ဝင့္ခ္စ္တို႔ရဲ႕ ေျခစြမ္းေတြကေတာ့ ေမာ္ရင္ညိဳအတြက္ အားတက္ေက်နပ္စရာျဖစ္ခဲ့ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.