Premier League Transfer News

26 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အသင်းနဲ့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ အနီကတ်ကိုပါ စိတ်လိုက်မာန်ပါ ရယူခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ နီကိုလာ ပေပေကို အငှားချဖို့ အသံတွေ ထွက်ခဲ့ပေမယ့် နည်းပြ အာတီတာအနေနဲ့ အိုင်ဗရီကို့စ်သားအတွက် အစီအစဉ်ရှိသေးပြီး အသင်းမှာ ဆက်ထားဖို့ ဆုံးဖြတ်။

– ပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့ လေးနိုင်ငံကိုယ်စားပြုခွင့်ရှိနေတဲ့ ကွင်းလယ်လူ ယူနွတ်စ် မူဆာကို ဗလင်စီယာအသင်းကနေ ပြန်လည်ခေါ်ယူဖို့ အာဆင်နယ် စိတ်ဝင်စားနေပြီး အခြေအနေ စောင့်ကြည့်နေ။

– သူ့အတွက်တော့ ဘယ်အသင်းမှာ ကစားနေနေ အာဆင်နယ်ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ခံယူထားပြီး ဒီအသင်းနဲ့အတူ ပြန်ကစားခွင့်ရဖို့ဆိုတာ အမြဲတမ်း မက်နေတဲ့ အိပ်မက်ပဲဖြစ်တယ်လို့ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ကုန်ဆုံးထားခဲ့ ဂျက်ခ် ဝီလ်ရှီးယား ပြောကြား။

– လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ဟာ အာဆင်နယ်အသင်းရဲ့ အစိတ်အပိုင်းတစ်ပိုင်းဖြစ်တယ်လို့ နည်းပြ အာတီတာက ပြောကြားလိုက်ပြီး ကစားသမားအနေနဲ့လည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်သွား။

– လိဒ္စ္နဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဆာကာအနေနဲ့ ရုတ်တရက် ထိခိုက်မိခဲ့တာကြောင့် ခြေထောက် နာကျင်ကိုက်ခဲတဲ့ ဝေဒနာမျိုးကိုပဲ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့ညနက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်အမီ ပြန်လည်ပါဝင်နိုင်ဖို့ရှိနေ။

– ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အသင်းအတွက် တိုက်ပွဲဝင်လေ့ရှိပြီး အသင်းသားတွေကို ကာကွယ်ပေးတတ်တဲ့ နောက်ခံလူ ကီရန် တီယာနီဟာ အာဆင်နယ်အသင်းရဲ့ အနာဂတ်အသင်းခေါင်းဆောင်လို့ အသင်းဂန္ထဝင် အီယန်ရိုက်က ပြောကြားလိုက်ပြီး လက်ရှိ အသင်းခေါင်းဆောင်တွေကို မနှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ မျှော်လင့်စရာဖြစ်လာ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာနဲ့ လဲမယ်လို့ အသံထွက်နေခဲ့တဲ့ အင်တာမီလန်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကို ခေါ်ယူမယ်ဆိုရင် ပေါင် ၁၂ သန်းသာ ကျသင့်မှာဖြစ်ပြီး ခုလို ဈေးသက်သာပေမယ့် နည်းပြ အာတီတာကတော့ သူ့ထက် တခြားပစ်မှတ်တွေကိုပဲ အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းနဲ႔ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ အနီကတ္ကိုပါ စိတ္လိုက္မာန္ပါ ရယူခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ နီကိုလာ ေပေပကို အငွားခ်ဖို႔ အသံေတြ ထြက္ခဲ့ေပမယ့္ နည္းျပ အာတီတာအေနနဲ႔ အိုင္ဗရီကို႔စ္သားအတြက္ အစီအစဥ္ရွိေသးၿပီး အသင္းမွာ ဆက္ထားဖို႔ ဆုံးျဖတ္။

– ၿပီးခဲ့တဲ့ ၂၀၁၉ ေႏြရာသီမွာ အသင္းကေန ထြက္ခြာခြင့္ျပဳခဲ့တဲ့ ေလးႏိုင္ငံကိုယ္စားျပဳခြင့္ရွိေနတဲ့ ကြင္းလယ္လူ ယူႏြတ္စ္ မူဆာကို ဗလင္စီယာအသင္းကေန ျပန္လည္ေခၚယူဖို႔ အာဆင္နယ္ စိတ္ဝင္စားေနၿပီး အေျခအေန ေစာင့္ၾကည့္ေန။

– သူ႔အတြက္ေတာ့ ဘယ္အသင္းမွာ ကစားေနေန အာဆင္နယ္ကစားသမားတစ္ေယာက္ျဖစ္တယ္လို႔ ခံယူထားၿပီး ဒီအသင္းနဲ႔အတူ ျပန္ကစားခြင့္ရဖို႔ဆိုတာ အၿမဲတမ္း မက္ေနတဲ့ အိပ္မက္ပဲျဖစ္တယ္လို႔ ဝက္စ္ဟမ္းအသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးထားခဲ့ ဂ်က္ခ္ ဝီလ္ရွီးယား ေျပာၾကား။

– လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ဟာ အာဆင္နယ္အသင္းရဲ႕ အစိတ္အပိုင္းတစ္ပိုင္းျဖစ္တယ္လို႔ နည္းျပ အာတီတာက ေျပာၾကားလိုက္ၿပီး ကစားသမားအေနနဲ႔လည္း အသင္းနဲ႔ သက္တမ္းတိုးဖို႔ ဆႏၵရွိေနတယ္လို႔ ထုတ္ေဖာ္သြား။

– လိဒၥၷဲ႔ၿပဲမြာ ဒဏ္ရာရခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဆာကာအေနနဲ႔ ႐ုတ္တရက္ ထိခိုက္မိခဲ့တာေၾကာင့္ ေျခေထာက္ နာက်င္ကိုက္ခဲတဲ့ ေဝဒနာမ်ိဳးကိုပဲ ႀကဳံေတြ႕ခဲ့ရတာျဖစ္ၿပီး လာမယ့္တနဂၤေႏြေန႔ညနက္ပိုင္း ပရီးမီးယားလိဂ္ပြဲစဥ္အမီ ျပန္လည္ပါဝင္ႏိုင္ဖို႔ရွိေန။

– ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ အသင္းအတြက္ တိုက္ပြဲဝင္ေလ့ရွိၿပီး အသင္းသားေတြကို ကာကြယ္ေပးတတ္တဲ့ ေနာက္ခံလူ ကီရန္ တီယာနီဟာ အာဆင္နယ္အသင္းရဲ႕ အနာဂတ္အသင္းေခါင္းေဆာင္လို႔ အသင္းဂႏၴဝင္ အီယန္႐ိုက္က ေျပာၾကားလိုက္ၿပီး လက္ရွိ အသင္းေခါင္းေဆာင္ေတြကို မႏွစ္သက္တဲ့ ပရိသတ္ေတြအတြက္ေတာ့ ေမွ်ာ္လင့္စရာျဖစ္လာ။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာနဲ႔ လဲမယ္လို႔ အသံထြက္ေနခဲ့တဲ့ အင္တာမီလန္ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကို ေခၚယူမယ္ဆိုရင္ ေပါင္ ၁၂ သန္းသာ က်သင့္မွာျဖစ္ၿပီး ခုလို ေဈးသက္သာေပမယ့္ နည္းျပ အာတီတာကေတာ့ သူ႔ထက္ တျခားပစ္မွတ္ေတြကိုပဲ အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.