Match Report Premier League Serie A UCL&UEL

ပွဲပန်းမှု၊ အင်အားလျော့နည်းမှုတွေနဲ့ အိမ်ကွင်းမှာ ရှုံးပွဲကြုံတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီနေ့မှာတော့ အဝေးကွင်းမှာ ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားခဲ့တဲ့ အတ္တလန်တာအသင်းကို ခံစစ်အထိုင်ပြောင်းပြီး ပွဲထုတ်ကစားခဲ့ပြီး ဝီလီယမ်စ်နှစ်ဦးအပြင် ဂရိနောက်ခံလူ ဆီမီကတ်စ်နဲ့ ကင်းမရွန်းသား မာတစ်ပ်တို့ကို အသုံးပြုခဲသလို တိုက်စစ်မှာတော့ နက်ဂတစ် ဖြစ်လာတဲ့ ဆာလားနဲ့ ဒဏ်ရာပြန်ကောင်းလာတဲ့ အိုရီဂီတို့ကို Ever Present မာနေးနဲ့ တွဲဖက်ပေးခဲ့ပါတယ်။

အိမ်ရှင်ဖြစ်ပေမယ့် ဧည့်သည်လားလို့ မေးယူရလောက်အောင်ပဲ ဖာဘင်ညိုနဲ့ ဘောလုံးနိုင်နင်းတဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ကီတာ၊ သီယာဂိုတို့ မပါနိုင်တဲ့ ကွင်းလယ်က မီလ်နာ၊ ဗိုင်နယ်လ်ဒွမ်နဲ့ ကားတစ်ဂျုံးစ်တို့ဟာ အတ္တလန်တာကို အသာစီး မယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ အီတလီသားတွေက မကြာခဏဆိုသလို သွေးတိုးစမ်းနေခဲ့လို့ အယ်လစ်ဆန် ကာကွယ်နေခဲ့ရပါတယ်။

အီလီချစ်၊ ပါပု ဂိုမက်ဇ်တို့ရဲ့ တိုက်စစ်ကို လီဗာပူးလ်ရဲ့ စုစည်းမှု မကောင်းတဲ့ နောက်တန်းနဲ့ ကွင်းလယ်အနေနဲ့ မကြာခဏဆိုသလို နေရာလွတ်တွေ၊ ဘောလုံးဆုံးရှုံးမှုတွေ ပေးမိနေပြီး ဧည့်သည်တွေ အဆုံးသတ်မကောင်းခဲ့လို့သာ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ လီဗာပူးလ်တို့ အနည်းငယ် အသက်ဝင်လာခဲ့ပေမယ့် စုဖွဲ့မှုကောင်းတဲ့ အတ္တလန်တာကို ကစားအားချင်း မယှဉ်နိုင်သေးလို့ ပွဲချိန် မိနစ် ၆၀ မှာတော့ ဘယ်ခြမ်းက အတ္တလန်တာအသင်းခေါင်းဆောင် ဂိုမက်ဇ်ရဲ့ ဖြတ်တင်ဘောကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ အီလီချစ်က ဆီမီကတ်စ်ရဲ့ရှေ့ကနေ အနီးကပ်လျှောထိုးပိတ်သွင်းယူခဲ့ပြီး ဦးဆောင်ခဲ့ပါတယ်။

ဒီဂိုးမှာ လီဗာပူးလ်ရဲ့ ဗဟိုခံစစ်သမားတွေဟာ ဂိုးရှေ့မှာ ရှိမနေဘဲ Position out နေခဲ့တာကိုလည်း တွေ့ခဲ့ရပြီး ဂိုးပေးခဲ့ရတဲ့အတွက် နည်းပြ ကလော့ပ်က ရောဘတ်ဆန်၊ ဖာမီနို၊ ဖာဘင်ညိုနဲ့ ဂျိုတာတို့ကို လူစားထည့်သွင်းခဲ့ရာမှာတော့ တိုက်စစ်ကို ပိုမို အားပြုနိုင်ခဲ့ပေမယ့် နုနယ်တဲ့ ခံစစ်က အမှားတွေ ထပ်လုပ်မိခဲ့ပါတယ်။

ရီးစ် ဝီလီယမ်စ်နဲ့ မာတစ်ပ်တို့ရဲ့ အလွဲတွေက ဒီလောက်နဲ့ မရပ်သေးဘဲ ပွဲချိန် ၆၄ မိနစ်မှာ ဂိုမက်ဇ်ရဲ့ ဖြတ်တင်ဘောကိုပဲ ညာတောင်ပံက ဒီရွန်းက ခေါင်းတိုက်ချပေးရာမှာ အလယ်မှာ လွတ်နေတဲ့ ဂိုဆန်စ်က အနီးကပ် ပိတ်သွင်းသွားလို့ လီဗာပူးလ်တို့ ဂိုးထပ်ပေးခဲ့ရပြီး ဒီဂိုးမှာ ဗဟိုနောက်ခံ ကစားသမားတွေအနေနဲ့ အန္တရာယ်ရဲ့ အနံ့ကို လုံးဝမရခဲ့တာကိုလည်း တွေ့ရပြီး ကိုယ့်နေရာကိုယ် အချိန်မီ မဝင်နိုင်တာလည်း တွေ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ မာတစ်ပ်အစား မီနာမီနိုကို ထပ်ထည့်ပြီး ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်တန့် သွားခဲ့ရပြီး လီဗာပူးလ်တို့အနေနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ အိုင်းယက်စ်နဲ့ပွဲအထိ စောင့်ဆိုင်းရဦးမှာဖြစ်သလို အတ္တလန်တာကတော့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ဒီေန႔မွာေတာ့ အေဝးကြင္းမွာ ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရထားခဲ့တဲ့ အတၱလန္တာအသင္းကို ခံစစ္အထိုင္ေျပာင္းၿပီး ပြဲထုတ္ကစားခဲ့ၿပီး ဝီလီယမ္စ္ႏွစ္ဦးအျပင္ ဂရိေနာက္ခံလူ ဆီမီကတ္စ္နဲ႔ ကင္းမ႐ြန္းသား မာတစ္ပ္တို႔ကို အသုံးျပဳခဲသလို တိုက္စစ္မွာေတာ့ နက္ဂတစ္ ျဖစ္လာတဲ့ ဆာလားနဲ႔ ဒဏ္ရာျပန္ေကာင္းလာတဲ့ အိုရီဂီတို႔ကို Ever Present မာေနးနဲ႔ တြဲဖက္ေပးခဲ့ပါတယ္။

အိမ္ရွင္ျဖစ္ေပမယ့္ ဧည့္သည္လားလို႔ ေမးယူရေလာက္ေအာင္ပဲ ဖာဘင္ညိဳနဲ႔ ေဘာလုံးႏိုင္နင္းတဲ့ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ကီတာ၊ သီယာဂိုတို႔ မပါႏိုင္တဲ့ ကြင္းလယ္က မီလ္နာ၊ ဗိုင္နယ္လ္ဒြမ္နဲ႔ ကားတစ္ဂ်ဳံးစ္တို႔ဟာ အတၱလန္တာကို အသာစီး မယူႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ အီတလီသားေတြက မၾကာခဏဆိုသလို ေသြးတိုးစမ္းေနခဲ့လို႔ အယ္လစ္ဆန္ ကာကြယ္ေနခဲ့ရပါတယ္။

အီလီခ်စ္၊ ပါပု ဂိုမက္ဇ္တို႔ရဲ႕ တိုက္စစ္ကို လီဗာပူးလ္ရဲ႕ စုစည္းမႈ မေကာင္းတဲ့ ေနာက္တန္းနဲ႔ ကြင္းလယ္အေနနဲ႔ မၾကာခဏဆိုသလို ေနရာလြတ္ေတြ၊ ေဘာလုံးဆုံးရႈံးမႈေတြ ေပးမိေနၿပီး ဧည့္သည္ေတြ အဆုံးသတ္မေကာင္းခဲ့လို႔သာ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ လီဗာပူးလ္တို႔ အနည္းငယ္ အသက္ဝင္လာခဲ့ေပမယ့္ စုဖြဲ႕မႈေကာင္းတဲ့ အတၱလန္တာကို ကစားအားခ်င္း မယွဥ္ႏိုင္ေသးလို႔ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဘယ္ျခမ္းက အတၱလန္တာအသင္းေခါင္းေဆာင္ ဂိုမက္ဇ္ရဲ႕ ျဖတ္တင္ေဘာကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ အီလီခ်စ္က ဆီမီကတ္စ္ရဲ႕ေရွ႕ကေန အနီးကပ္ေလွ်ာထိုးပိတ္သြင္းယူခဲ့ၿပီး ဦးေဆာင္ခဲ့ပါတယ္။

ဒီဂိုးမွာ လီဗာပူးလ္ရဲ႕ ဗဟိုခံစစ္သမားေတြဟာ ဂိုးေရွ႕မွာ ရွိမေနဘဲ Position out ေနခဲ့တာကိုလည္း ေတြ႕ခဲ့ရၿပီး ဂိုးေပးခဲ့ရတဲ့အတြက္ နည္းျပ ကေလာ့ပ္က ေရာဘတ္ဆန္၊ ဖာမီႏို၊ ဖာဘင္ညိဳနဲ႔ ဂ်ိဳတာတို႔ကို လူစားထည့္သြင္းခဲ့ရာမွာေတာ့ တိုက္စစ္ကို ပိုမို အားျပဳႏိုင္ခဲ့ေပမယ့္ ႏုနယ္တဲ့ ခံစစ္က အမွားေတြ ထပ္လုပ္မိခဲ့ပါတယ္။

ရီးစ္ ဝီလီယမ္စ္နဲ႔ မာတစ္ပ္တို႔ရဲ႕ အလြဲေတြက ဒီေလာက္နဲ႔ မရပ္ေသးဘဲ ပြဲခ်ိန္ ၆၄ မိနစ္မွာ ဂိုမက္ဇ္ရဲ႕ ျဖတ္တင္ေဘာကိုပဲ ညာေတာင္ပံက ဒီ႐ြန္းက ေခါင္းတိုက္ခ်ေပးရာမွာ အလယ္မွာ လြတ္ေနတဲ့ ဂိုဆန္စ္က အနီးကပ္ ပိတ္သြင္းသြားလို႔ လီဗာပူးလ္တို႔ ဂိုးထပ္ေပးခဲ့ရၿပီး ဒီဂိုးမွာ ဗဟိုေနာက္ခံ ကစားသမားေတြအေနနဲ႔ အႏၲရာယ္ရဲ႕ အနံ႔ကို လုံးဝမရခဲ့တာကိုလည္း ေတြ႕ရၿပီး ကိုယ့္ေနရာကိုယ္ အခ်ိန္မီ မဝင္ႏိုင္တာလည္း ေတြ႕ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မာတစ္ပ္အစား မီနာမီႏိုကို ထပ္ထည့္ၿပီး ဂိုးျပန္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ရာႏႈန္းျပည့္ႏိုင္ပြဲစံခ်ိန္ ရပ္တန႔္ သြားခဲ့ရၿပီး လီဗာပူးလ္တို႔အေနနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အိုင္းယက္စ္နဲ႔ပြဲအထိ ေစာင့္ဆိုင္းရဦးမွာျဖစ္သလို အတၱလန္တာကေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္ရွင္သန္လာႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.