Match Report Premier League UCL&UEL

လွဲလွဲလေးလဲကောင်းပါတယ်ဆိုတဲ့ တိုက်စစ်နဲ့ နောက်တစ်ဆင့်တက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအနေနဲ့ ဒီေယဂို မာရာဒိုနာ ကြယ္လြန္မွဳေၾကာင့္ ပြဲမတုိင္ခင္ တစ္မိနစ္ ၿငိမ္သက္ခဲ့ရတဲ့ ဒီနေ့မှာ အရန်ကစားသမားတချို့ကို ပွဲထုတ်ခဲ့ပြီး နောက်ခံလူ ဂျွန်စတုန်းစ်ကို ရူဘင် ဒီယက်စ်နဲ့ တွဲပေးခဲ့သလို ဘယ်နောက်ခံလူအဖြစ် ဘင်ဂျမင် မန်ဒီ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာတော့ ဂျေဆူးစ်ကို အထောင်ထားပြီး စတာလင်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဖိုဒန်တို့က အရှင်လှုပ်ကစားသွားကြပါတယ်။

လက်ရှိမန်စီးတီးရဲ့ စုဖွဲ့မှုက ပြောပြလောက်စရာကျဆင်းသွားခြင်းမျိုး မဟုတ်ပေမယ့် နားလည်မှုနဲ့ ချိတ်ဆက်မှုတွေမှာတော့ တော်တော်ကြီးကို သိသိသာသာ ကျဆင်းသွားခဲ့ပြီး ကွင်းလယ်က ထွက်ခွာသွားခဲ့တဲ့ ဒေးဗစ် ဆေးလ်ဗားလို ဆုံချက်ကစားသမားမျိုးကို ပြန်မထည့်နိုင်ခဲ့တာဟာ ဂွါဒီယိုလာအတွက်တော့ ကြီးမားတဲ့ ပြဿနာလည်းဖြစ်ခဲ့ပါတယ်။

တွဲလုံးတွေ နားလည်မှု လွဲနေတာနဲ့ ဘယ်နောက်ခံလူ မန်ဒီရဲ့ Final Pass တွေ ဝတ်ကျေတန်းကျေတွေ ဖြစ်နေတာတွေအပြင် အိုလံပီယာကော့စ်ဂိုးသမား ဂျိုဆေးဆာ ကာကွယ်မှုတွေကလည်း ကောင်းနေတာကြောင့် စီးတီးတို့ ဂိုးရချိန်ကတော့ တော်တော်လေး နောက်ကျခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ကွင်းလယ်လူ ဖိုဒန်က ဒီပွဲအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး တောင်ပံတိုက်စစ်မှူး စတာလင် နောက်ပေါက်နဲ့ ချန်ထားပေးခဲ့ရာမှာ တစ်ဖက်နောက်တန်းတွေ အငိုက်မိသွားပြီး နေရာလွတ်ပေါ်လာတာကနေ အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စတာလင်ရဲ့ အဝေးကန်ချက်တွေနဲ့ နာကျင်အချိန်ပို ဖရီးကစ်ကို ဂျိုဆေးဆာ ခက်ခက်ခဲခဲ ကာကွယ်ခဲ့ပြီးနောက်မှာတော့ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ မန်စီးတီးတို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာလည်း စီးတီးတို့ပဲ ဘောလုံးပိုင်ဆိုင်မှု အများစုနဲ့ ဆက်လက်ကစားခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားနဲ့ စတာလင်၊ ဂျေဆူးစ်တို့ရဲ့ ချိတ်ဆက်မှုနဲ့ နားလည်မှုတွေက အားရစရာ မကောင်းသလို ပေါ်တူဂီကွင်းလယ်လူအနေနဲ့ အနည်းငယ် တကိုယ်ကောင်းဆန်တဲ့ ပုံစံကိုလည်း တွေ့မြင်ခဲ့ရပြီး နောက်ဆုံးတော့ အခွင့်အရေးတွေက အလဟဿဖြစ်တဲ့ဆီကိုပဲ ရောက်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာ စတာလင်၊ ဂျေဆူးစ်၊ ရိုဒရီတို့နေရာတွေမှာ မာရက်ဇ်၊ အဂွေရို၊ ဖာနန်ဒင်ညိုတို့ လူစားဝင်ကစားခဲ့ပေမယ့် တွဲလုံးနဲ့ နားလည်မှုတွေကတော့ သိပ်မထူးခဲ့ဘဲ ပျင်းစရာပွဲတစ်ပွဲပဲဖြစ်ခဲ့ပြီး ဒီနေ့ပွဲမှာ မန်စီးတီးဘက် မှတ်မှတ်ရရ ဂုဏ်ယူစရာဆိုလို့ ဂိုးသွင်းခွင့် ၂၂ ကြိမ်မှာ ၁၁ ကြိမ် ဂိုးပေါက်တည့်တာပဲ ရှိခဲ့ပါတယ်။

မိနစ် ၉၀ မှာလည်း ပထမပိုင်းအတိုင်းပဲ ရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲအပြီးမှာတော့ မန်ချက်စတာစီးတီးတို့အနေနဲ့ ၄ ပွဲကစား ၄ ပွဲနိုင် ၁၂ မှတ်နဲ့ အုပ်စုစီကနေ ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး အသင်းရဲ့ နားလည်မှု၊ အဆုံးသတ်ပိုင်းနဲ့ တိုက်စစ်အတွဲအဖက်တွေကတော့ ဂွါဒီယိုလာ အဖြေရှာရမယ့် ပုစ္ဆာအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအေနနဲ႔ ဒီေယဂို မာရာဒိုနာ ၾကၾယႅႏၼြဳေၾကာင့္ ၿပဲမတုိငၡင္ တစၼိနစ္ ၿငိမ္သကၡဲ့ရတဲ့ ဒီေန႔မွာ အရန္ကစားသမားတခ်ိဳ႕ကို ပြဲထုတ္ခဲ့ၿပီး ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို ႐ူဘင္ ဒီယက္စ္နဲ႔ တြဲေပးခဲ့သလို ဘယ္ေနာက္ခံလူအျဖစ္ ဘင္ဂ်မင္ မန္ဒီ ပါဝင္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္ကို အေထာင္ထားၿပီး စတာလင္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဖိုဒန္တို႔က အရွင္လႈပ္ကစားသြားၾကပါတယ္။

လက္ရွိမန္စီးတီးရဲ႕ စုဖြဲ႕မႈက ေျပာျပေလာက္စရာက်ဆင္းသြားျခင္းမ်ိဳး မဟုတ္ေပမယ့္ နားလည္မႈနဲ႔ ခ်ိတ္ဆက္မႈေတြမွာေတာ့ ေတာ္ေတာ္ႀကီးကို သိသိသာသာ က်ဆင္းသြားခဲ့ၿပီး ကြင္းလယ္က ထြက္ခြာသြားခဲ့တဲ့ ေဒးဗစ္ ေဆးလ္ဗားလို ဆုံခ်က္ကစားသမားမ်ိဳးကို ျပန္မထည့္ႏိုင္ခဲ့တာဟာ ဂြါဒီယိုလာအတြက္ေတာ့ ႀကီးမားတဲ့ ျပႆနာလည္းျဖစ္ခဲ့ပါတယ္။

တြဲလုံးေတြ နားလည္မႈ လြဲေနတာနဲ႔ ဘယ္ေနာက္ခံလူ မန္ဒီရဲ႕ Final Pass ေတြ ဝတ္ေက်တန္းေက်ေတြ ျဖစ္ေနတာေတြအျပင္ အိုလံပီယာေကာ့စ္ဂိုးသမား ဂ်ိဳေဆးဆာ ကာကြယ္မႈေတြကလည္း ေကာင္းေနတာေၾကာင့္ စီးတီးတို႔ ဂိုးရခ်ိန္ကေတာ့ ေတာ္ေတာ္ေလး ေနာက္က်ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ကြင္းလယ္လူ ဖိုဒန္က ဒီပြဲအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ေတာင္ပံတိုက္စစ္မႉး စတာလင္ ေနာက္ေပါက္နဲ႔ ခ်န္ထားေပးခဲ့ရာမွာ တစ္ဖက္ေနာက္တန္းေတြ အငိုက္မိသြားၿပီး ေနရာလြတ္ေပၚလာတာကေန အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

စတာလင္ရဲ႕ အေဝးကန္ခ်က္ေတြနဲ႔ နာက်င္အခ်ိန္ပို ဖရီးကစ္ကို ဂ်ိဳေဆးဆာ ခက္ခက္ခဲခဲ ကာကြယ္ခဲ့ၿပီးေနာက္မွာေတာ့ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ မန္စီးတီးတို႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းအစမွာလည္း စီးတီးတို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုနဲ႔ ဆက္လက္ကစားခဲ့ပါတယ္။

ဘာနာဒို ေဆးလ္ဗားနဲ႔ စတာလင္၊ ေဂ်ဆူးစ္တို႔ရဲ႕ ခ်ိတ္ဆက္မႈနဲ႔ နားလည္မႈေတြက အားရစရာ မေကာင္းသလို ေပၚတူဂီကြင္းလယ္လူအေနနဲ႔ အနည္းငယ္ တကိုယ္ေကာင္းဆန္တဲ့ ပုံစံကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ေနာက္ဆုံးေတာ့ အခြင့္အေရးေတြက အလဟႆျဖစ္တဲ့ဆီကိုပဲ ေရာက္သြားခဲ့ပါတယ္။

ေနာက္ပိုင္းမွာ စတာလင္၊ ေဂ်ဆူးစ္၊ ႐ိုဒရီတို႔ေနရာေတြမွာ မာရက္ဇ္၊ အေဂြ႐ို၊ ဖာနန္ဒင္ညိဳတို႔ လူစားဝင္ကစားခဲ့ေပမယ့္ တြဲလုံးနဲ႔ နားလည္မႈေတြကေတာ့ သိပ္မထူးခဲ့ဘဲ ပ်င္းစရာပြဲတစ္ပြဲပဲျဖစ္ခဲ့ၿပီး ဒီေန႔ပြဲမွာ မန္စီးတီးဘက္ မွတ္မွတ္ရရ ဂုဏ္ယူစရာဆိုလို႔ ဂိုးသြင္းခြင့္ ၂၂ ႀကိမ္မွာ ၁၁ ႀကိမ္ ဂိုးေပါက္တည့္တာပဲ ရွိခဲ့ပါတယ္။

မိနစ္ ၉၀ မွာလည္း ပထမပိုင္းအတိုင္းပဲ ရလဒ္ထြက္ေပၚခဲ့တဲ့ ပြဲအၿပီးမွာေတာ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ၄ ပြဲကစား ၄ ပြဲႏိုင္ ၁၂ မွတ္နဲ႔ အုပ္စုစီကေန ရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး အသင္းရဲ႕ နားလည္မႈ၊ အဆုံးသတ္ပိုင္းနဲ႔ တိုက္စစ္အတြဲအဖက္ေတြကေတာ့ ဂြါဒီယိုလာ အေျဖရွာရမယ့္ ပုစာၦအျဖစ္ က်န္ရွိေနဆဲျဖစ္ေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.