Premier League

သီယာဂို ပြန်ပါလာတာနဲ့အမျှ ပြောင်းလဲတိုးတက်သွားမယ့် လီဗာပူးလ်အသင်းရဲ့ အခြေအနေ Q&A…

ဒီတပတ်မှာတော့ လီဗာပူးလ် အမာခံပရိသတ်တဦးဖြစ်တဲ့ Hasib Afzal နဲ့ အမေးအဖြေ ဆွေးနွေးခန်းကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ရဲ့ အမြင်တွေကို ရှုစားကြည့်ကြပါဦး။

လက်စတာကို နိုင်ခဲ့လို့ ဘယ်လောက်အကျိုးကြီးမားခဲ့လဲ?
ဒီရာသီရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပါပဲ။ ဒါကို သံသယ မရှိပါဘူး။ ပွဲမတိုင်မီမှာတော့ စိုးရိမ်စိတ်တွေ ရှိခဲ့တာပေါ့။ ဒဏ်ရာရထားတဲ့ ဗန်ဒိုက်၊ ဂိုးမက်ဇ်နဲ့ အာနိုးလ်ဒ်တို့ မပါဝင်တဲ့ ခံစစ်ကို ဂျေမီ ဗာဒီတောင် ဝင်မတိုးနိုင်ခဲ့ပါဘူး။ ဟာ​ဗေး ဘားနက်စ်ရဲ့ အခွင့်အရေးတကြိမ်က လွဲရင် လက်စတာဆိုတာ ရေမြွေဖြစ်သွားအောင် လုပ်ပြနိုင်ခဲ့ပါတယ်။

လက်စတာနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ နာဘီ ကီတာ ဒဏ်ရာရခဲ့တာကို ဘယ်လိုပြောမလဲ?
သူ သိပ်ကောင်းခဲ့ပါတယ်။ သူ့ရဲ့ ထိရောက်တဲ့ ဖန်တီးမှုကနေ ကားတစ် ဂျုံးစ်ရဲ့ အခွင့်အရေးကို ရခဲ့တယ်မလား။ လက်စတာကွင်းလယ်ကို အပြတ်အသတ်သာစေခဲ့တယ်။ High Press လုပ်ပြီး ဘောလုံးမရှိတဲ့အချိန်မှာ အတက်အဆင်းမှန်ခဲ့တယ်။ ဒါက ကီတာ ဘာလဲဆိုတာကို ပြခဲ့ပေမယ့် တံကောက်ကြောဒဏ်ရာရသွားခဲ့တာက ကံဆိုးသွားခဲ့ပါတယ်။

အယ်လ်ကန်တာရာ ပြန်ပါလာမှာက ဘယ်လောက် အရေးပါလာနိုင်မလဲ?
သိပ်ကိုထူးကဲသွားမယ်။ ပြီးခဲ့တဲ့ရာသီက ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ကစားခဲ့တဲ့ နံပါတ် ၆ နေရာကို တာဝန်ယူနိုင်သလို သူက သာမန်ကွင်းလယ်ထောက်တိုင်တဦးထက်ပိုပြီး ကွဲထွက်နေပါတယ်။ သူ့ရဲ့ အားသာချက်က အသင်းရဲ့ ဘောလုံး ပိုင်ဆိုင်မှုကို ကြာကြာထိန်းသိမ်းထားစေနိုင်တာပါ။ ဒီတော့ လီဗာပူးလ်အနေနဲ့ ဘောလုံးကို ကိုယ့်ခြေထဲမှာ တချိန်လုံး ဘောလုံးကိုင်ထားပြီး ပြိုင်ဘက်အသင်းကို မောင်းကစားလို့ ရပါတယ်။ ဗဟိုခံစစ်မှာ ကစားမယ့် ဖာဘင်ညိုကိုလည်း လွတ်လပ်သွားစေမှာက သူပေးလာမယ့် အပိုဆုဖြစ်ပြီး ခံစစ်ပိုင်းလုံခြုံမှုကို ရပါလိမ့်မယ်။

ပွဲစဥ်ဇယားရေးဆွဲမှု နဲ့ ၃ ကြိမ်သာ လူစားလဲခွင့်အတွက် ကလော့ပ် ဒေါသထွက်နေတယ်နော်?
ဒါက ကလော့ပ်တင် မဟုတ်ပါဘူး။ ဂွာဒီယိုလာနဲ့ ဆိုးလ်ရှားတို့လည်း စောဒကတက်နေကြတဲ့ အရေးကိစ္စပါ။ ပရီးမီးယားလိဂ်ရဲ့ အကောင်းမွန်ဆုံး ခြေစွမ်းပုံစံကို မြင်ချင်ရင် ကစားသမားတွေအတွက် လုံလောက်တဲ့ အနားယူချိန် လိုအပ်တာ ထင်ရှားပါတယ်။ ဥရောပပွဲစဥ်တွေကိုပါ တပြိုင်တည်း ကစားနေရတဲ့ အသင်းကြီးတွေကတော့ လက်ရှိ ပွဲဆက်မှု အခြေအနေကို စိတ်ပျက်ကြမှာပါပဲ။ လီဗာပူးလ် နဲ့ ယူနိုက်တက်တို့ရဲ့ ဒဏ်ရာအကျပ်အတည်းက ဒီပြဿနာအတွက် အကောင်းဆုံးသက်သေ ဖြစ်နေပါတယ်။

အတ္တလန်တာကိုနိုင်ရင် ၂ ပွဲကျန်အနေအထားနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်မယ့်အပေါ်အမြင်? ဒါက ဘယ်လောက် အရေးကြီးမလဲ?
ဒဏ်ရာအကျပ်အတည်း ကြုံနေရတဲ့ ကလော့ပ်အတွက်တော့ သူ့ရဲ့ အဓိက ကစားသမားတွေကို အနားပေးခွင့် ရသွားပြီပေါ့။ မီနာမီနို နဲ့ ဆီမီကက်စ်တို့ အခွင့်အရေး ရလာမှာပေါ့။

ချန်ပီယံဆုကို ကာကွယ်ဖို့ ဇန်နဝါရီမှာ ဗဟိုခံစစ်မှူးတယောက် ခေါ်နိုင်လား?
စိတ်ကြိုက်ကစားသမား ရှာမရသရွေ့ လီဗာပူးလ်က အပြောင်းအရွှေ့စျေးကွက်မှာ ဝင်ပါဖို့ မရှိပါဘူး။ အဓိက ခံစစ်မှူးတွေ မပါဘဲ တရာသီလုံး သွားဖို့တော့ ခက်ခဲပါလိမ့််မယ်။ လူသစ်ခေါ်မယ်ဆိုရင်တော့ ဂိုးမက်ဇ် နဲ့ ဗန်ဒိုက်နေရာကိုပါ လုယူမယ့် အဆင့်အတန်းမီ ခံစစ်မှူး ခေါ်သင့်ပါတယ်။ ယူရို ၄၂ သန်းနဲ့ ထွက်ခွာခွင့်ရမယ့် အူပါမီကာနိုကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။

တခြားဘာပြောစရာရှိသေးလဲ?
လက်စတာကို နိုင်ပြီး အိမ်ကွင်း ၆၄ ပွဲဆက် ရှူံးပွဲမရှိစံချိန်ကို တင်ထားခဲ့ပါပြီ။ လက်ရှိ ကစားပုံအရ ချယ်လ်ဆီးရဲ့ ၈၆ ပွဲ စံချိန်ကို ရိုက်ချိုးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီစံချိန်အရ ကလော့ပ်နဲ့ သူ့အသင်းသားတွေဟာ ထိပ်တန်းအဆင့်မှာ ဘယ်လောက်ထိ ခြေစွမ်းတည်ငြိမ်ထားလဲဆိုတာကို ပြသလိုက်ပါတယ်။ တော်ရုံတန်ရုံ မဆိုထားနဲ့၊ အဆိပ်ပြင်းလွန်းပါတယ်ဆိုတဲ့၊ ဘက်တူတဲ့ အသင်းတွေလည်း တချက်မှားတာနဲ့ လည်စင်းခံသွားရပါလိမ့်မယ်။ ပြိုင်ဘက်မရွေးတဲ့ အန်ဖီးလ် ခံတပ်မြေဟာ သားသတ်ကွင်းစစ်စစ် ဖြစ်လာပါပြီ။

REF: LIVERPOOLECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတပတ္မွာေတာ့ လီဗာပူးလ္ အမာခံပရိသတ္တဦးျဖစ္တဲ့ Hasib Afzal နဲ႕ အေမးအေျဖ ေဆြးႏြေးခန္းကို တင္ဆက္ေပးလိုက္ပါတယ္။ သူ႕ရဲ႕ အျမင္ေတြကို ရႈစားၾကည့္ၾကပါဦး။

လက္စတာကို နိုင္ခဲ့လို႔ ဘယ္ေလာက္အက်ိဳးႀကီးမားခဲ့လဲ?
ဒီရာသီရဲ႕ အေကာင္းဆုံးစြမ္းေဆာင္ရည္ပါပဲ။ ဒါကို သံသယ မရွိပါဘူး။ ပြဲမတိုင္မီမွာေတာ့ စိုးရိမ္စိတ္ေတြ ရွိခဲ့တာေပါ့။ ဒဏ္ရာရထားတဲ့ ဗန္ဒိုက္၊ ဂိုးမက္ဇ္နဲ႕ အာနိုးလ္ဒ္တို႔ မပါဝင္တဲ့ ခံစစ္ကို ေဂ်မီ ဗာဒီေတာင္ ဝင္မတိုးနိုင္ခဲ့ပါဘူး။ ဟာ​ေဗး ဘားနက္စ္ရဲ႕ အခြင့္အေရးတႀကိမ္က လြဲရင္ လက္စတာဆိုတာ ေရေႁမြျဖစ္သြားေအာင္ လုပ္ျပနိုင္ခဲ့ပါတယ္။

လက္စတာနဲ႕ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ နာဘီ ကီတာ ဒဏ္ရာရခဲ့တာကို ဘယ္လိုေျပာမလဲ?
သူ သိပ္ေကာင္းခဲ့ပါတယ္။ သူ႕ရဲ႕ ထိေရာက္တဲ့ ဖန္တီးမႈကေန ကားတစ္ ဂ်ဳံးစ္ရဲ႕ အခြင့္အေရးကို ရခဲ့တယ္မလား။ လက္စတာကြင္းလယ္ကို အျပတ္အသတ္သာေစခဲ့တယ္။ High Press လုပ္ၿပီး ေဘာလုံးမရွိတဲ့အခ်ိန္မွာ အတက္အဆင္းမွန္ခဲ့တယ္။ ဒါက ကီတာ ဘာလဲဆိုတာကို ျပခဲ့ေပမယ့္ တံေကာက္ေၾကာဒဏ္ရာရသြားခဲ့တာက ကံဆိုးသြားခဲ့ပါတယ္။

အယ္လ္ကန္တာရာ ျပန္ပါလာမွာက ဘယ္ေလာက္ အေရးပါလာနိုင္မလဲ?
သိပ္ကိုထူးကဲသြားမယ္။ ၿပီးခဲ့တဲ့ရာသီက ဖာဘင္ညိုနဲ႕ ဟန္ဒါဆန္တို႔ ကစားခဲ့တဲ့ နံပါတ္ ၆ ေနရာကို တာဝန္ယူနိုင္သလို သူက သာမန္ကြင္းလယ္ေထာက္တိုင္တဦးထက္ပိုၿပီး ကြဲထြက္ေနပါတယ္။ သူ႕ရဲ႕ အားသာခ်က္က အသင္းရဲ႕ ေဘာလုံး ပိုင္ဆိုင္မႈကို ၾကာၾကာထိန္းသိမ္းထားေစနိုင္တာပါ။ ဒီေတာ့ လီဗာပူးလ္အေနနဲ႕ ေဘာလုံးကို ကိုယ့္ေျခထဲမွာ တခ်ိန္လုံး ေဘာလုံးကိုင္ထားၿပီး ၿပိဳင္ဘက္အသင္းကို ေမာင္းကစားလို႔ ရပါတယ္။ ဗဟိုခံစစ္မွာ ကစားမယ့္ ဖာဘင္ညိုကိုလည္း လြတ္လပ္သြားေစမွာက သူေပးလာမယ့္ အပိုဆုျဖစ္ၿပီး ခံစစ္ပိုင္းလုံၿခဳံမႈကို ရပါလိမ့္မယ္။

ပြဲစဥ္ဇယားေရးဆြဲမႈ နဲ႕ ၃ ႀကိမ္သာ လူစားလဲခြင့္အတြက္ ကေလာ့ပ္ ေဒါသထြက္ေနတယ္ေနာ္?
ဒါက ကေလာ့ပ္တင္ မဟုတ္ပါဘူး။ ဂြာဒီယိုလာနဲ႕ ဆိုးလ္ရွားတို႔လည္း ေစာဒကတက္ေနၾကတဲ့ အေရးကိစၥပါ။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းမြန္ဆုံး ေျခစြမ္းပုံစံကို ျမင္ခ်င္ရင္ ကစားသမားေတြအတြက္ လုံေလာက္တဲ့ အနားယူခ်ိန္ လိုအပ္တာ ထင္ရွားပါတယ္။ ဥေရာပပြဲစဥ္ေတြကိုပါ တၿပိဳင္တည္း ကစားေနရတဲ့ အသင္းႀကီးေတြကေတာ့ လက္ရွိ ပြဲဆက္မႈ အေျခအေနကို စိတ္ပ်က္ၾကမွာပါပဲ။ လီဗာပူးလ္ နဲ႕ ယူနိုက္တက္တို႔ရဲ႕ ဒဏ္ရာအက်ပ္အတည္းက ဒီျပႆနာအတြက္ အေကာင္းဆုံးသက္ေသ ျဖစ္ေနပါတယ္။

အတၱလန္တာကိုနိုင္ရင္ ၂ ပြဲက်န္အေနအထားနဲ႕ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို တက္မယ့္အေပၚအျမင္? ဒါက ဘယ္ေလာက္ အေရးႀကီးမလဲ?
ဒဏ္ရာအက်ပ္အတည္း ႀကဳံေနရတဲ့ ကေလာ့ပ္အတြက္ေတာ့ သူ႕ရဲ႕ အဓိက ကစားသမားေတြကို အနားေပးခြင့္ ရသြားၿပီေပါ့။ မီနာမီနို နဲ႕ ဆီမီကက္စ္တို႔ အခြင့္အေရး ရလာမွာေပါ့။

ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ဇန္နဝါရီမွာ ဗဟိုခံစစ္မႉးတေယာက္ ေခၚနိုင္လား?
စိတ္ႀကိဳက္ကစားသမား ရွာမရသေ႐ြ႕ လီဗာပူးလ္က အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ဝင္ပါဖို႔ မရွိပါဘူး။ အဓိက ခံစစ္မႉးေတြ မပါဘဲ တရာသီလုံး သြားဖို႔ေတာ့ ခက္ခဲပါလိမ့္္မယ္။ လူသစ္ေခၚမယ္ဆိုရင္ေတာ့ ဂိုးမက္ဇ္ နဲ႕ ဗန္ဒိုက္ေနရာကိုပါ လုယူမယ့္ အဆင့္အတန္းမီ ခံစစ္မႉး ေခၚသင့္ပါတယ္။ ယူရို ၄၂ သန္းနဲ႕ ထြက္ခြာခြင့္ရမယ့္ အူပါမီကာနိုကိုေတာ့ ေစာင့္ၾကည့္ရပါလိမ့္မယ္။

တျခားဘာေျပာစရာရွိေသးလဲ?
လက္စတာကို နိုင္ၿပီး အိမ္ကြင္း ၆၄ ပြဲဆက္ ရႉံးပြဲမရွိစံခ်ိန္ကို တင္ထားခဲ့ပါၿပီ။ လက္ရွိ ကစားပုံအရ ခ်ယ္လ္ဆီးရဲ႕ ၈၆ ပြဲ စံခ်ိန္ကို ရိုက္ခ်ိဳးနိုင္လိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္။ ဒီစံခ်ိန္အရ ကေလာ့ပ္နဲ႕ သူ႕အသင္းသားေတြဟာ ထိပ္တန္းအဆင့္မွာ ဘယ္ေလာက္ထိ ေျခစြမ္းတည္ၿငိမ္ထားလဲဆိုတာကို ျပသလိုက္ပါတယ္။ ေတာ္႐ုံတန္႐ုံ မဆိုထားနဲ႕၊ အဆိပ္ျပင္းလြန္းပါတယ္ဆိုတဲ့၊ ဘက္တူတဲ့ အသင္းေတြလည္း တခ်က္မွားတာနဲ႕ လည္စင္းခံသြားရပါလိမ့္မယ္။ ၿပိဳင္ဘက္မေ႐ြးတဲ့ အန္ဖီးလ္ ခံတပ္ေျမဟာ သားသတ္ကြင္းစစ္စစ္ ျဖစ္လာပါၿပီ။

REF: LIVERPOOLECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.