Ligue1 Match Report Premier League UCL&UEL

နောက်ကျဂိုးနဲ့ ပြင်သစ်မြေမှာ အောင်ပွဲခံပြီး နောက်တစ်ဆင့်တက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သီယာဂို ဆေးလ်ဗား ပြန်လည်ပါဝင်လာမှုနဲ့အတူ တောင့်တင်းတဲ့ လူစာရင်းကို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာ၊ ချေးလ်ဝဲလ်တို့နဲ့ ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာ ဂျော်ဂျင်ညိုနဲ့ တိုက်စစ်မှာတော့ ဟဒ်ဆန်-အိုဒွိုင်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ပွဲချိန် ၃ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးကို တီမို ဗာနာ အနီးကပ် မိုးပေါ်ထောင်ကန်ခဲ့တာကတော့ တော်တော်လေး ရုပ်ပျက်ခဲ့ပြီး မိနစ် ၂၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ မေဆန်မောင့် တင်ပေးလိုက်တဲ့ ဘောလုံးကို ဟဒ်ဆန်-အိုဒွိုင်းက ဂိုးသမားနဲ့ တစ်ဦးချင်းဆိုရင် ဘယ်လိုမျိုး အဆုံးသတ်ရတယ်ဆိုတာကို ဂျာမန်တိုက်စစ်မှူးကို သင်ပေးခဲ့လို့ ချဲလ်ဆီးတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ နှစ်သင်းရဲ့ ဆီနီဂေါလက်ရွေးစင်ဂိုးသမားတွေဖြစ်ကြတဲ့ ရင်းနေးရဲ့ အဲလ်ဖရက် ဂိုမစ်နဲ့ ချဲလ်ဆီးရဲ့ အေဒူယာ မန်ဒီတို့ ကာကွယ်မှုတွေ ကောင်းမွန်ခဲ့ကြပြီး တိုက်စစ်မှူးတွေက သူတို့ကို မကျော်လွှားနိုင်ခဲ့လို့ အိမ်ရှင်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ရင်းနေးတို့ ကစားကွက်ပိုကောင်းလာခဲ့လို့ ချဲလ်ဆီးတို့ သိပ်မထိုးဖောက်နိုင်ခဲ့ဘဲ အိမ်ရှင်တိုက်စစ်နဲ့ အထောင်တိုက်စစ်မှူး ဂီရက်ဆီကို အထူးထိန်းချုပ်နေခဲ့ရသလို ပွဲချိန်အတော်များများမှာ ဂိုးသမား မန်ဒီရဲ့ လက်စွမ်းက အခရာကျခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ ဇီးယက်ရှ်နဲ့ ဂျီရူးတို့ကို တိုက်စစ်မှာ ထည့်သွင်းခဲ့သလို ကွင်းလယ်အတွက် ကွန်တေကို လူစားလဲကစားခဲ့ပြီး အနိုင်ဂိုးကို ထိန်းပြီး နောက်ထပ် ဂိုးရနိုင်ဖို့ ဗျူဟာပြောင်းလဲလာခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ချဲလ်ဆီးနောက်တန်းကို တစ်ချိန်လုံး ဖိအားပေးနေခဲ့တဲ့ တိုက်စစ်မှူး ဂီရက်ဆီက ဘူရီဂျိုရဲ့ ထောင့်ကန်ဘောကနေ မာကင်လွတ်ချိန်မှာ အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ ချေပဂိုး ရယူခဲ့ပြီး အိမ်ရှင်တို့ကို စိတ်ဓာတ်တက်ကြွစေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နာကျင်အချိန်ပို တစ်မိနစ်မှာတော့ ထုံးစံအတိုင်း အနီးကပ်အဆုံးသတ်တွေမှာ အားနည်းနေခဲ့တဲ့ တီမို ဗာနာရဲ့ ကန်ချက်ကို ဂိုးသမား ဂိုမစ် ပုတ်ထုတ်လို့ လေထဲ မြောက်တက်လာခဲ့တဲ့ ဘောလုံးကို ဂျီရူးက ရင်းနေးနောက်တန်းတွေထက် မြင့်အောင်ခုန်ပြီး ခေါင်းတိုက်သွင်းခဲ့လို့ အနိုင်ဂိုးရရှိခဲ့ပြီး အုပ်စု(E)မှာတော့ ဆီဗီလာနဲ့အတူ ရှုံးထွက်အဆင့်တစ်နေရာကို ရယူနိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သီယာဂို ေဆးလ္ဗား ျပန္လည္ပါဝင္လာမႈနဲ႔အတူ ေတာင့္တင္းတဲ့ လူစာရင္းကို အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာ၊ ေခ်းလ္ဝဲလ္တို႔နဲ႔ ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ တိုက္စစ္မွာေတာ့ ဟဒ္ဆန္-အိုဒြိဳင္း ျပန္လည္ပါဝင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးကို တီမို ဗာနာ အနီးကပ္ မိုးေပၚေထာင္ကန္ခဲ့တာကေတာ့ ေတာ္ေတာ္ေလး ႐ုပ္ပ်က္ခဲ့ၿပီး မိနစ္ ၂၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေမဆန္ေမာင့္ တင္ေပးလိုက္တဲ့ ေဘာလုံးကို ဟဒ္ဆန္-အိုဒြိဳင္းက ဂိုးသမားနဲ႔ တစ္ဦးခ်င္းဆိုရင္ ဘယ္လိုမ်ိဳး အဆုံးသတ္ရတယ္ဆိုတာကို ဂ်ာမန္တိုက္စစ္မႉးကို သင္ေပးခဲ့လို႔ ခ်ဲလ္ဆီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ ႏွစ္သင္းရဲ႕ ဆီနီေဂါလက္ေ႐ြးစင္ဂိုးသမားေတြျဖစ္ၾကတဲ့ ရင္းေနးရဲ႕ အဲလ္ဖရက္ ဂိုမစ္နဲ႔ ခ်ဲလ္ဆီးရဲ႕ ေအဒူယာ မန္ဒီတို႔ ကာကြယ္မႈေတြ ေကာင္းမြန္ခဲ့ၾကၿပီး တိုက္စစ္မႉးေတြက သူတို႔ကို မေက်ာ္လႊားႏိုင္ခဲ့လို႔ အိမ္ရွင္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ရင္းေနးတို႔ ကစားကြက္ပိုေကာင္းလာခဲ့လို႔ ခ်ဲလ္ဆီးတို႔ သိပ္မထိုးေဖာက္ႏိုင္ခဲ့ဘဲ အိမ္ရွင္တိုက္စစ္နဲ႔ အေထာင္တိုက္စစ္မႉး ဂီရက္ဆီကို အထူးထိန္းခ်ဳပ္ေနခဲ့ရသလို ပြဲခ်ိန္အေတာ္မ်ားမ်ားမွာ ဂိုးသမား မန္ဒီရဲ႕ လက္စြမ္းက အခရာက်ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ ဇီးယက္ရွ္နဲ႔ ဂ်ီ႐ူးတို႔ကို တိုက္စစ္မွာ ထည့္သြင္းခဲ့သလို ကြင္းလယ္အတြက္ ကြန္ေတကို လူစားလဲကစားခဲ့ၿပီး အႏိုင္ဂိုးကို ထိန္းၿပီး ေနာက္ထပ္ ဂိုးရႏိုင္ဖို႔ ဗ်ဴဟာေျပာင္းလဲလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးေနာက္တန္းကို တစ္ခ်ိန္လုံး ဖိအားေပးေနခဲ့တဲ့ တိုက္စစ္မႉး ဂီရက္ဆီက ဘူရီဂ်ိဳရဲ႕ ေထာင့္ကန္ေဘာကေန မာကင္လြတ္ခ်ိန္မွာ အားပါတဲ့ ေခါင္းတိုက္ခ်က္နဲ႔ ေခ်ပဂိုး ရယူခဲ့ၿပီး အိမ္ရွင္တို႔ကို စိတ္ဓာတ္တက္ႂကြေစႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ နာက်င္အခ်ိန္ပို တစ္မိနစ္မွာေတာ့ ထုံးစံအတိုင္း အနီးကပ္အဆုံးသတ္ေတြမွာ အားနည္းေနခဲ့တဲ့ တီမို ဗာနာရဲ႕ ကန္ခ်က္ကို ဂိုးသမား ဂိုမစ္ ပုတ္ထုတ္လို႔ ေလထဲ ေျမာက္တက္လာခဲ့တဲ့ ေဘာလုံးကို ဂ်ီ႐ူးက ရင္းေနးေနာက္တန္းေတြထက္ ျမင့္ေအာင္ခုန္ၿပီး ေခါင္းတိုက္သြင္းခဲ့လို႔ အႏိုင္ဂိုးရရွိခဲ့ၿပီး အုပ္စု(E)မွာေတာ့ ဆီဗီလာနဲ႔အတူ ရႈံးထြက္အဆင့္တစ္ေနရာကို ရယူႏိုင္ဖို႔ ေသခ်ာသြားခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.