Premier League

ဘရူနို ဖာနန်ဒက်စ်တဦးတည်းကို မှီခိုလွန်းနေတဲ့ ယူနိုက်တက် ဘယ်လိုရှေ့ဆက်မလဲ

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ်ခေတ်ဦးကာလနဲ့ ရွှေရောင်တောက်ပခဲ့တဲ့ Class of 92 ခေတ်မှာတောင် မန်ချက်စတာယူနိုက်တက်အသင်းဟာ ကန်တိုနာ၊ ရိုင်ယန် ဂစ်၊ ပေါလ်စခိုးလ် နဲ့ ဒေးဗစ် ဘက်ခမ်း အစရှိတဲ့ ကစားတွေကို တဦးကောင်း တယောက်ကောင်း မှီခိုလွန်းခဲ့တဲ့ စရိုက် မရှိ​ခဲ့ဘဲ အသင်းလိုက်စုစည်းမှုအဖြစ် ယူနိုက်တက်ရဲ့ပြယုဂ် ဖြစ်ခဲ့ပါတယ်။

အသင်းရဲ့အထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာ ယူနိုက်တက်ရဲ့အစဥ်အလာတခု ဖြစ်ခဲ့သလို သာမန်ကစားသမားတွေနဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေကို ညီညီညွတ်ညွတ် ပေါင်းစည်းကစားစေခဲ့ပြီး အသင်းရဲ့ နိုင်ပွဲ၊ ရလဒ်၊ အဖိုးတန် ရမှတ် နဲ့ ဆုဖလားအောင်မြင်မှုတွေမှာ ကစားသမားတိုင်းက ကိုယ်စီ အခန်းကဏ္ဍကနေ သူရဲကောင်းအဖြစ် တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ ဆိုးလ်ရှားရဲ့ ယူနိုက်တက်မှာတော့ အရည်အသွေးမြင့် ကစားသမားတွေ မနည်းပါဘဲ ပွဲတပွဲအတွက် တိုက်ပွဲဝင်ဖို့ ရလဒ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ နဲ့ အရည်အချင်းပိုင်ဆိုင်ရာအရ ဘရူနို ဖာနန်ဒက်စ်တဦးတည်းကို အားကိုးလွန်းနေပြီး ဒါဟာ ယူနိုက်တက် ခင်းလာခဲ့တဲ့ သမိုင်းအစဥ်အလာကြီးတဲ့ လမ်းကြောင်းတွေနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်နေတာက လားလားမှ မအပ်စပ်ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဖာနန်ဒက်စ် ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်ရဲ့ လွန်ခဲ့တဲ့ ရာသီဝက်ခရိီးမှာ သူပွဲထွက်ခဲ့တဲ့ ပြိုင်ပွဲစုံ နိုင်ပွဲရနှုန်းက ၉ ရာခိုင်နှုန်းအထိ ထိုးတက်ပြီး တပြိုင်တည်းမှာ ရှုံးပွဲရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တာကို အချက်အလက်တွေအရ ဖော်ပြနေပါတယ်။

အချက်အလက်တွေကို ဘေးဖယ်ပြီး ပြီးခဲ့တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးတို့နဲ့ ပွဲစဥ်တွေကိုကြည့်ရင်တောင် ဘရူနို ဖာနန်ဒက်စ် ​ခြေစွမ်းမပြနိုင်ခဲ့တဲ့​​ပွဲများ ဖြစ်ခဲ့ပြီး ယူနိုက်တက်လည်း တဂိုးမှ မသွင်းနိုင်ခဲ့ဘဲ နှစ်ပွဲပေါင်း ၁ မှတ်သာ ရခဲ့တာက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူ့ကို ထိန်းချုပ်ထားဖို့ စာတတ်ထားတဲ့ အသင်းကြီးငယ်မဟူ အသင်းတိုင်းက ဖာနန်ဒက်စ် ခြေစွမ်းမပြနိုင်တဲ့ ယူနိုက်တက်ကို နှိပ်ကွပ်လိုက်ဖို့ အလွယ်လေးဆိုတဲ့ အခြေ​အနေကို မြင်ရမှာပါ။

လက်ရှိ ပရီးမီးယားလိဂ်ရာသီမှာ သူက ယူနိုက်တက်အသင်းရဲ့ ဂိုးအများဆုံးသွင်းသူဖြစ်နေပြီး ဂိုးဖန်တီးမှုမှာ ထိပ်ဆုံးက ပူးတွဲရပ်တည်နေသလို အခြားအချက်အလက်တွေဖြစ်တဲ့ ဂိုးကန်သွင်းမှု၊ အဓိကဘောလုံးပေးပို့မှု​၊ ဘောလုံးဖြန့်ဝေမှု၊ ဘောလုံး လုယူဖျက်ထုတ်မှုနဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုတွေမှာ ယူနိုက်တက်အသင်းသားတွေထဲ သူ့ကို ယှဥ်နိုင်တဲ့သူ မရှိသလို တိုက်စစ်၊ ခံစစ် နှစ်မျိုးစလုံးဟာ ဖာနန်ဒက်စ် မပါရင် မဖြစ်တော့တဲ့အထိ လွှမ်းမိုးမှု ကြီးမားလာခဲ့တာ သက်သေပဲ ဖြစ်ပါတယ်။

ဒါဟာ နံပါတ် ၁၀ နေရာမှာ တာဝန်ယူထားတဲ့ ကစားသမားတယောက်အတွက် ပုံမှန် သမရိုးကျကိစ္စ မဟုတ်ဘဲ ယူနိုက်တက်က သူ့အပေါ်မှာ ဘယ်လောက်ထိ မှီခိုမှု ရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်ပြီး ကိန်းဂဏန်းအချက်အလက်တွေရဲ့ ဖော်ပြချက်အရ သူ့ကို လက်ရှိ ယူနိုက်တက်ကနေ ဖယ်ထုတ်လိုက်ရင် တသင်းလုံးရဲ့ စုစုပေါင်း သွင်းဂိုး ၄၆ ရာခိုင်နှုန်း နဲ့ ဂိုးဖန်တီးမှု ၅၀ ရာခိုင်နှုန်းကို ဆုံးရှုံးရမှာဖြစ်ပြီး အခုရမှတ်အောက် ၁၀ မှတ် လျော့နည်းကာ ဘန်လေရဲ့ရပ်တည်မှုအောက်က အမှတ်ပေးဇယား အဆင့် ၁၇ မှာ ရှိနေမှာဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ ကွင်းထဲမှာ တသင်းလုံးက အသက်တခုလုံးပါ ပုံအပ်ထားတဲ့ စိတ်လေးစရာ အနေအထားမျိုးဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်တဦးတည်းကို မှီခိုလွန်းနေတဲ့ ယူနိုက်တက် ဘယ်လိုရှေ့ဆက်မလဲဆိုတာ နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်မှာ အဖြေထုတ်ရမယ့် ပုစ္ဆာတပုဒ်ဖြစ်ပါတယ်။ အကယ်၍ ပွဲတိုင်းနီးပါးကို ပွဲချိန်ပြည့်ကစားနေရတဲ့ ဖာနန်ဒက်စ်သာ ရေရှည်မှာ မနိုင်ဝန်ဒဏ်ပိပြီး ဒဏ်ရာပြဿနာကြုံခဲ့ရရင် ဆိုးလ်ရှားလက်ထဲက ယူနိုက်တက်ဟာ အမိမဲ့သား ရေနည်းငါး အခြေအနေအထိ ဖြစ်နေမလားဆိုတာ တွေးဆစရာကောင်းနေပါတယ်။

REF: GIVEMESPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂႏၳဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ပရီးမီးယားလိဂ္ေခတ္ဦးကာလနဲ႕ ေ႐ႊေရာင္ေတာက္ပခဲ့တဲ့ Class of 92 ေခတ္မွာေတာင္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ကန္တိုနာ၊ ရိုင္ယန္ ဂစ္၊ ေပါလ္စခိုးလ္ နဲ႕ ေဒးဗစ္ ဘက္ခမ္း အစရွိတဲ့ ကစားေတြကို တဦးေကာင္း တေယာက္ေကာင္း မွီခိုလြန္းခဲ့တဲ့ စရိုက္ မရွိ​ခဲ့ဘဲ အသင္းလိုက္စုစည္းမႈအျဖစ္ ယူနိုက္တက္ရဲ႕ျပယုဂ္ ျဖစ္ခဲ့ပါတယ္။

အသင္းရဲ႕အထက္မွာ ဘယ္သူမွမရွိဘူး ဆိုတာ ယူနိုက္တက္ရဲ႕အစဥ္အလာတခု ျဖစ္ခဲ့သလို သာမန္ကစားသမားေတြနဲ႕ ကမၻာ့အဆင့္ကစားသမားေတြကို ညီညီၫြတ္ၫြတ္ ေပါင္းစည္းကစားေစခဲ့ၿပီး အသင္းရဲ႕ နိုင္ပြဲ၊ ရလဒ္၊ အဖိုးတန္ ရမွတ္ နဲ႕ ဆုဖလားေအာင္ျမင္မႈေတြမွာ ကစားသမားတိုင္းက ကိုယ္စီ အခန္းက႑ကေန သူရဲေကာင္းအျဖစ္ တိုက္ပြဲဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။

လက္ရွိ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္မွာေတာ့ အရည္အေသြးျမင့္ ကစားသမားေတြ မနည္းပါဘဲ ပြဲတပြဲအတြက္ တိုက္ပြဲဝင္ဖို႔ ရလဒ္ပိုင္းဆိုင္ရာ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာ၊ နဲ႕ အရည္အခ်င္းပိုင္ဆိုင္ရာအရ ဘ႐ူနို ဖာနန္ဒက္စ္တဦးတည္းကို အားကိုးလြန္းေနၿပီး ဒါဟာ ယူနိုက္တက္ ခင္းလာခဲ့တဲ့ သမိုင္းအစဥ္အလာႀကီးတဲ့ လမ္းေၾကာင္းေတြနဲ႕ ျပဒါးတလမ္း သံတလမ္းျဖစ္ေနတာက လားလားမွ မအပ္စပ္ပါဘူး။

ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ဖာနန္ဒက္စ္ ေရာက္ရွိလာၿပီးကတည္းက ယူနိုက္တက္ရဲ႕ လြန္ခဲ့တဲ့ ရာသီဝက္ခရိီးမွာ သူပြဲထြက္ခဲ့တဲ့ ၿပိဳင္ပြဲစုံ နိုင္ပြဲရႏႈန္းက ၉ ရာခိုင္ႏႈန္းအထိ ထိုးတက္ၿပီး တၿပိဳင္တည္းမွာ ရႈံးပြဲရာခိုင္ႏႈန္းက ၁၅ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်သြားခဲ့တာကို အခ်က္အလက္ေတြအရ ေဖာ္ျပေနပါတယ္။

အခ်က္အလက္ေတြကို ေဘးဖယ္ၿပီး ၿပီးခဲ့တဲ့ အာဆင္နယ္၊ ခ်ယ္လ္ဆီးတို႔နဲ႕ ပြဲစဥ္ေတြကိုၾကည့္ရင္ေတာင္ ဘ႐ူနို ဖာနန္ဒက္စ္ ​ေျခစြမ္းမျပနိုင္ခဲ့တဲ့​​ပြဲမ်ား ျဖစ္ခဲ့ၿပီး ယူနိုက္တက္လည္း တဂိုးမွ မသြင္းနိုင္ခဲ့ဘဲ ႏွစ္ပြဲေပါင္း ၁ မွတ္သာ ရခဲ့တာက တိုက္ဆိုင္မႈမဟုတ္ပါဘူး။ သူ႕ကို ထိန္းခ်ဳပ္ထားဖို႔ စာတတ္ထားတဲ့ အသင္းႀကီးငယ္မဟူ အသင္းတိုင္းက ဖာနန္ဒက္စ္ ေျခစြမ္းမျပနိုင္တဲ့ ယူနိုက္တက္ကို ႏွိပ္ကြပ္လိုက္ဖို႔ အလြယ္ေလးဆိုတဲ့ အေျခ​အေနကို ျမင္ရမွာပါ။

လက္ရွိ ပရီးမီးယားလိဂ္ရာသီမွာ သူက ယူနိုက္တက္အသင္းရဲ႕ ဂိုးအမ်ားဆုံးသြင္းသူျဖစ္ေနၿပီး ဂိုးဖန္တီးမႈမွာ ထိပ္ဆုံးက ပူးတြဲရပ္တည္ေနသလို အျခားအခ်က္အလက္ေတြျဖစ္တဲ့ ဂိုးကန္သြင္းမႈ၊ အဓိကေဘာလုံးေပးပို႔မႈ​၊ ေဘာလုံးျဖန့္ေဝမႈ၊ ေဘာလုံး လုယူဖ်က္ထုတ္မႈနဲ႕ ျပစ္ဒဏ္ေဘာက်ဴးလြန္မႈေတြမွာ ယူနိုက္တက္အသင္းသားေတြထဲ သူ႕ကို ယွဥ္နိုင္တဲ့သူ မရွိသလို တိုက္စစ္၊ ခံစစ္ ႏွစ္မ်ိဳးစလုံးဟာ ဖာနန္ဒက္စ္ မပါရင္ မျဖစ္ေတာ့တဲ့အထိ လႊမ္းမိုးမႈ ႀကီးမားလာခဲ့တာ သက္ေသပဲ ျဖစ္ပါတယ္။

ဒါဟာ နံပါတ္ ၁၀ ေနရာမွာ တာဝန္ယူထားတဲ့ ကစားသမားတေယာက္အတြက္ ပုံမွန္ သမရိုးက်ကိစၥ မဟုတ္ဘဲ ယူနိုက္တက္က သူ႕အေပၚမွာ ဘယ္ေလာက္ထိ မွီခိုမႈ ရွိေနတယ္ဆိုတာကို ျပသေနတာျဖစ္ၿပီး ကိန္းဂဏန္းအခ်က္အလက္ေတြရဲ႕ ေဖာ္ျပခ်က္အရ သူ႕ကို လက္ရွိ ယူနိုက္တက္ကေန ဖယ္ထုတ္လိုက္ရင္ တသင္းလုံးရဲ႕ စုစုေပါင္း သြင္းဂိုး ၄၆ ရာခိုင္ႏႈန္း နဲ႕ ဂိုးဖန္တီးမႈ ၅၀ ရာခိုင္ႏႈန္းကို ဆုံးရႈံးရမွာျဖစ္ၿပီး အခုရမွတ္ေအာက္ ၁၀ မွတ္ ေလ်ာ့နည္းကာ ဘန္ေလရဲ႕ရပ္တည္မႈေအာက္က အမွတ္ေပးဇယား အဆင့္ ၁၇ မွာ ရွိေနမွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါဟာ ကြင္းထဲမွာ တသင္းလုံးက အသက္တခုလုံးပါ ပုံအပ္ထားတဲ့ စိတ္ေလးစရာ အေနအထားမ်ိဳးျဖစ္ၿပီး ဘ႐ူနို ဖာနန္ဒက္စ္တဦးတည္းကို မွီခိုလြန္းေနတဲ့ ယူနိုက္တက္ ဘယ္လိုေရွ႕ဆက္မလဲဆိုတာ နည္းျပ ဆိုးလ္ရွားရဲ႕ အနာဂတ္မွာ အေျဖထုတ္ရမယ့္ ပုစ္ဆာတပုဒ္ျဖစ္ပါတယ္။ အကယ္၍ ပြဲတိုင္းနီးပါးကို ပြဲခ်ိန္ျပည့္ကစားေနရတဲ့ ဖာနန္ဒက္စ္သာ ေရရွည္မွာ မနိုင္ဝန္ဒဏ္ပိၿပီး ဒဏ္ရာျပႆနာႀကဳံခဲ့ရရင္ ဆိုးလ္ရွားလက္ထဲက ယူနိုက္တက္ဟာ အမိမဲ့သား ေရနည္းငါး အေျခအေနအထိ ျဖစ္ေနမလားဆိုတာ ေတြးဆစရာေကာင္းေနပါတယ္။

REF: GIVEMESPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.