Premier League Transfer News

24 Nov ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးရဲ့ လက်ထောက်အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားအနေနဲ့ ကွင်းလယ်ကို ထိန်းကျောင်းနိုင်ပြီး ကစားကွက်ကို ဖော်ဆောင်နိုင်မယ့် အက်စ်တန်ဗီလာရဲ့ ဂရီးလစ်ရှ်ကို အသင်းဖော်သစ်အဖြစ် မြင်တွေ့ချင်နေပြီး တောင်းတဲ့ ဈေးပေး ခေါ်ယူဖို့ နည်းပြ ဂွါဒီယိုလာကို တိုက်တွန်း။

– ဘာစီလိုနာအသင်းမှာ ခြေစွမ်းမကောင်းဘဲ စိတ်မပါသလို ကစားနေတယ်လို့ လီယွန်နယ် မက်ဆီကို အပြစ်တင်လိုက်ပြီး မန်ချက်စတာစီးတီးအနေနဲ့ ခေါ်မယ်ဆိုရင်လဲ မြန်မြန်သာ ခေါ်သွားပါတော့လို့ ဒတ်ချ်ဂန္ထဝင် မာကို ဗန်ဘက်စတင်ပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အသင်းကို နောက်တစ်ခေတ် ပြန်လည်တည်ဆောက်ရမယ့်အချိန်ကို ရောက်ပြီလို့ တာဝန်ရှိသူတွေက ရှုမြင်ထားပြီး ဒီဘရိုင်းနား၊ စတာလင်၊ ဖိုဒန်အပါအဝင် ကစားသမား ၆ ဦးလောက်ကလွဲလို့ ကျန်တဲ့သူတွေကို ကမ်းလှမ်းလာရင် ရောင်းထုတ်မယ်လို့ဆို။

– တိုက်စစ်မှူး ဆာဂျီယို အဂွေရို မပါဝင်နိုင်ချိန်မှာ ဆိုးရွားနေခဲ့တဲ့ တိုက်စစ်အတွက်တော့ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ သတိကြီးကြီးနဲ့ ဆုံးဖြတ်ရမှာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားသားရဲ့ ကြံ့ခိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာမို့ ခေါင်းစားနေရ။

– ဝါရင့်နောက်ခံလူ ဂျရတ် ပီကေးရဲ့ ပြင်းထန်ဆိုးရွားတဲ့ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းထက် မန်စီးတီးနောက်ခံလူ အဲရစ် ဂါစီယာကိုပဲ ဇန်နဝါရီမှာ ရရှိဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ကြောင်း စပိန်သတင်းရပ်ကွက်က ဖော်ပြ။

– မန်ချက်စတာစီးတီးနဲ့ စီးတီးဘောလုံးအုပ်စုအနေနဲ့ မက်ဆီအတွက် ဆယ်နှစ်အစီအစဉ်ကို ရေးဆွဲချမှတ်ထားသလို ပရီးမီးယားလိဂ်မှာ နှစ်နှစ်-သုံးနှစ်လောက် ကစားပြီးတာနဲ့ မေဂျာလိဂ် နယူးယောက်စီးတီးကို ပို့ဆောင်သွားမှာဖြစ်ပြီး အသင်းရဲ့ အနာဂတ်မှာလည်း ထပ်မံပါဝင်ပတ်သက်ဖို့ တာဝန်ပေးမလား စောင့်ကြည့်ရဖို့ ရှိနေ။

– ရိုမီလူ လူကာကူးနဲ့ အလက်ဆစ် ဆန်ချက်ဇ်တို့ ရှိနေလို့ ပွဲထွက်ခွင့်အတွက် နေရာလုနေရတဲ့ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဘဏ္ဏာရေးပြေလည်မလာခင် မန်စီးတီးတို့ လက်ဦးမှု ရယူပြီး ဆွေးနွေးဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


– ဘာစီလိုနာအသင်းမှာ ခြေစွမ်းမကောင်းဘဲ စိတ်မပါသလို ကစားနေတယ်လို့ လီယွန်နယ် မက်ဆီကို အပြစ်တင်လိုက်ပြီး မန်ချက်စတာစီးတီးအနေနဲ့ ခေါ်မယ်ဆိုရင်လဲ မြန်မြန်သာ ခေါ်သွားပါတော့လို့ ဒတ်ခ်ျဂန္ထဝင် မာကို ဗန်ဘက်စတင်ပြောကြား။






REF: INTERNET SOURCES
SPORTS A2Z.