Premier League

၂၄.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းရဲ့ ဒဏ်ရာရလူစာရင်းမှာ လက်စတာနဲ့ပွဲက တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ နာဘီ ကီတာအပြင် ရှာကျီရီပါ ထပ်တိုးလာခဲ့ကြောင်း နည်းပြကလော့ပ်က အတည်ပြုခဲ့ပြီး Scan ဖတ် စစ်ဆေးမှုအရ ရှာကျီရီ ကိုယ်တိုင်ပင်မသိလိုက်တဲ့ လွန်ခဲ့တဲ့ ၆ ရက်ခန့်က ရရှိထားတဲ့ ဒဏ်ရာဖြစ်ကြောင်း သိရ။

အက်စတန် ဗီလာကစားသမား ဂျက်ဂရီးလစ်ရှ်ဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကစားရန် ထိုက်တန်တဲ့သူဖြစ်ကြောင်း ရော်ဘီ ဆား​​ေဗ့ချ်က ထောက်ခံပေးသွားခဲ့ပြီး ကစားသမားဘဝ အဆင့်အတန်းမီမီ ကစားလိုပါက လီဗာပူးလ်အသင်း နဲ့ မန်စီးတီးအသင်းတို့ကို ရွေးချယ်သင့်ကြောင်း တိုက်တွန်း။

စာချုပ်သစ် သက်တမ်းတိုးဖွယ် မရှိတော့တဲ့ ဝိုင်နယ်လ်ဒမ်ဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားနိုင်သလို သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတချို့ကို လီဗာပူးလ်က ကြိုတင်လျာထားပြီး ဒီစာရင်းမှာ နာဘီ ကီတာနဲ့ အကယ်ဒမီထွက် ကစားသမား ကားတစ် ဂျုံးစ်တို့ရှိနေ။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ် အဲဗရာက နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတဲ့ လီဗာပူးလ်အသင်းကို စိတ်ငြိမ်ငြိမ်ထားဖို့ ခနဲ့လိုက်ပြီး ပရီးမီးယားလိဂ်ဖလားကို သုံးနှစ်ဆက်ရဖူးမှ ချန်ပီယံအစစ်လို့ သတ်မှတ်တာဖြစ်ကြောင်း ကလေးဆန်ဆန် လှောင်ပြောင်သွားခဲ့။

လီဗာပူးလ် ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ်က မိုဆာလားဟာ လီဗာပူးလ်အသင်းအတွက် မရှိမဖြစ် ကစားသမားတဦး မဟုတ်ကြောင်း အတိအလင်းဆိုသွားခဲ့ပြီး စျေးကောင်းကောင်းသာ ရလို့ကတော့ ရီးယဲလ် မက်ဒရစ်အသင်းထံ ရောင်းထုတ်လိုက်သင့်ကြောင်း သတိပေးသွားခဲ့။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ဟာ မိုဆာလားရဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးမှု အဖြေဟာ Negative ပြခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့ပြီး အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်အတွက် အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖွယ်ရှိကြောင်း သိရ။

အင်္ဂလန်ဟာ လာမယ့် ကြာသာပတေးနေ့မှာ လော့ဒေါင်းအစီအစဥ်ကနေ ကင်းလွတ်သွားတော့မှာဖြစ်ပြီး ဝန်ကြီးချုပ် ဘော့ရစ် ဂျွန်ဆန်ဟာ ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ ပရိသတ်တွေကို ကွင်းထဲပြန်ဝင်ခွင့်ပေးဖို့ မီးစိမ်းပြခဲ့သလို အမှတ်ပေးဇယား ထိပ်ဆုံး ၂ သင်းရဲ့ ပရိသတ် ၄၀၀၀ ဝန်းကျင်ခန့်စီကို စတင်ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ ဒဏ္ရာရလူစာရင္းမွာ လက္စတာနဲ႕ပြဲက တံေကာက္ေၾကာ ဒဏ္ရာရခဲ့တဲ့ နာဘီ ကီတာအျပင္ ရွာက်ီရီပါ ထပ္တိုးလာခဲ့ေၾကာင္း နည္းျပကေလာ့ပ္က အတည္ျပဳခဲ့ၿပီး Scan ဖတ္ စစ္ေဆးမႈအရ ရွာက်ီရီ ကိုယ္တိုင္ပင္မသိလိုက္တဲ့ လြန္ခဲ့တဲ့ ၆ ရက္ခန့္က ရရွိထားတဲ့ ဒဏ္ရာျဖစ္ေၾကာင္း သိရ။

အက္စတန္ ဗီလာကစားသမား ဂ်က္ဂရီးလစ္ရွ္ဟာ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ကစားရန္ ထိုက္တန္တဲ့သူျဖစ္ေၾကာင္း ေရာ္ဘီ ဆား​​ေဗ့ခ်္က ေထာက္ခံေပးသြားခဲ့ၿပီး ကစားသမားဘဝ အဆင့္အတန္းမီမီ ကစားလိုပါက လီဗာပူးလ္အသင္း နဲ႕ မန္စီးတီးအသင္းတို႔ကို ေ႐ြးခ်ယ္သင့္ေၾကာင္း တိုက္တြန္း။

စာခ်ဳပ္သစ္ သက္တမ္းတိုးဖြယ္ မရွိေတာ့တဲ့ ဝိုင္နယ္လ္ဒမ္ဟာ ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာသြားနိုင္သလို သူ႕ေနရာမွာ အစားထိုးနိုင္မယ့္ ကစားသမားတခ်ိဳ႕ကို လီဗာပူးလ္က ႀကိဳတင္လ်ာထားၿပီး ဒီစာရင္းမွာ နာဘီ ကီတာနဲ႕ အကယ္ဒမီထြက္ ကစားသမား ကားတစ္ ဂ်ဳံးစ္တို႔ရွိေန။

မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္း ပက္ထရစ္ အဲဗရာက နိုင္ပြဲေတြ ဆက္တိုက္ရရွိေနတဲ့ လီဗာပူးလ္အသင္းကို စိတ္ၿငိမ္ၿငိမ္ထားဖို႔ ခနဲ႕လိုက္ၿပီး ပရီးမီးယားလိဂ္ဖလားကို သုံးႏွစ္ဆက္ရဖူးမွ ခ်န္ပီယံအစစ္လို႔ သတ္မွတ္တာျဖစ္ေၾကာင္း ကေလးဆန္ဆန္ ေလွာင္ေျပာင္သြားခဲ့။

လီဗာပူးလ္ ဂိုးသမားေဟာင္း ေဒးဗစ္ ဂ်ိမ္းစ္က မိုဆာလားဟာ လီဗာပူးလ္အသင္းအတြက္ မရွိမျဖစ္ ကစားသမားတဦး မဟုတ္ေၾကာင္း အတိအလင္းဆိုသြားခဲ့ၿပီး ေစ်းေကာင္းေကာင္းသာ ရလို႔ကေတာ့ ရီးယဲလ္ မက္ဒရစ္အသင္းထံ ေရာင္းထုတ္လိုက္သင့္ေၾကာင္း သတိေပးသြားခဲ့။

လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ဟာ မိုဆာလားရဲ႕ ကိုဗစ္ေရာဂါပိုးစစ္ေဆးမႈ အေျဖဟာ Negative ျပခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကျငာခဲ့ၿပီး အတၱလန္တာအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ အသင္းနဲ႕ ျပန္လည္ပူးေပါင္းနိုင္ဖြယ္ရွိေၾကာင္း သိရ။

အဂၤလန္ဟာ လာမယ့္ ၾကာသာပေတးေန႕မွာ ေလာ့ေဒါင္းအစီအစဥ္ကေန ကင္းလြတ္သြားေတာ့မွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ ေဘာ့ရစ္ ဂြၽန္ဆန္ဟာ ဒီဇင္ဘာ ၂ ရက္ေန႕ကစလို႔ ပရိသတ္ေတြကို ကြင္းထဲျပန္ဝင္ခြင့္ေပးဖို႔ မီးစိမ္းျပခဲ့သလို အမွတ္ေပးဇယား ထိပ္ဆုံး ၂ သင္းရဲ႕ ပရိသတ္ ၄၀၀၀ ဝန္းက်င္ခန့္စီကို စတင္ခြင့္ျပဳေပးသြားမွာျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.