Premier League

၂၄.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၁၀ ရက္၊ အဂၤါေန႔။

၂၄.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၁၀ ရက္၊ အဂၤါေန႔၊ ျပႆဒါး၊ ဝါရမိတၱဳငယ္၊ နဂါးေပၚ၊ ရက္ယုတ္မာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၃:၄၁ အထိ တိထီ ၁၀ လုံး၊ ေက်ာ္လွ်င္ ၁၁ လုံး။ ၁၀ လုံးတြင္ လႊသြားယုဂ္၊ ထိေရာက္ထင္ရွား ျပတ္သားေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္
ညေန ၁၆:၃၀ အထိ ျပဳဗၺာဘျဒပုိဒ္နကၡတ္၊ ေက်ာ္လွ်င္ ဥတၱရာဘျဒပုိဒ္နကၡတ္။ နံနက္ ၇:၀၇ အထိ ဟႆဏယုဂ္၊ အလြန္စိတ္လွဳပ္ရွားရျခင္း၊ ဝမ္းေျမာက္ေပ်ာ္ရႊင္ျခင္း၊ ပညာႏွင့္ ျပည့္စုံျခင္း၊ မိမိအတြက္ ေကာင္းေသာအရာမ်ားအတြက္ အံ့ၾသဝမ္းသာ ရင္ခုန္ရလိမ့္မည္။ ေက်ာ္လွ်င္ ဝဇီရယုဂ္၊ စိန္ကဲ့သို႔ မာေက်ာတန္ဖိုးရွိျခင္း၊ မိုးႀကဳိးကဲ့သို႔ ဖ်က္အားျပင္းထန္ျခင္း၊ ေရွ႕တုိး၍ မိ္မိအင္အားျဖင့္ ထိုးေဖာက္ေဆာင္ရြက္ရန္ကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ညႇိႏွဳိင္းေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ မသင့္ေတာ္ပါ။

တစ္ေန႔တာ က႐ိုဏ္း
ညေန ၁၄:၃၃ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၃:၄၁ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။

တစ္ေန႔တာ ကံေကာင္းရာ အရပ္ႏွင့္ ေဆာင္ရန္ အေရာင္
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၃:၄၁ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၄.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်၊ အင်္ဂါနေ့၊ ပြဿဒါး၊ ဝါရမိတ္တုငယ်၊ နဂါးပေါ်၊ ရက်ယုတ်မာ။

တစ်နေ့တာ တိထီနှင့် ယုဂ်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၄၁ အထိ တိထီ ၁၀ လုံး၊ ကျော်လျှင် ၁၁ လုံး။ ၁၀ လုံးတွင် လွှသွားယုဂ်၊ ထိရောက်ထင်ရှား ပြတ်သားစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
ညနေ ၁၆:၃၀ အထိ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်၊ ကျော်လျှင် ဥတ္တရာဘဒြပိုဒ်နက္ခတ်။ နံနက် ၇:၀၇ အထိ ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။ ကျော်လျှင် ဝဇီရယုဂ်၊ စိန်ကဲ့သို့ မာကျောတန်ဖိုးရှိခြင်း၊ မိုးကြိုးကဲ့သို့ ဖျက်အားပြင်းထန်ခြင်း၊ ရှေ့တိုး၍ မိမိအင်အားဖြင့် ထိုးဖောက်ဆောင်ရွက်ရန်ကိစ္စများ လုပ်ဆောင်ရန်ကောင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရန် မသင့်တော်ပါ။

တစ်နေ့တာ ကရိုဏ်း
ညနေ ၁၄:၃၃ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၃:၄၁ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၄၁ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)