Premier League

24 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– Talk Sport ရဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ပေါက်ကွဲနေတဲ့ အာဆင်နယ်ပရိသတ်တစ်ဦးက အာတီတာဟာ နည်းပြတစ်ယောက်ရဲ့ အဆင့်အတန်းမျိုး မရှိကြောင်းနဲ့ ကျောင်းတွေက ကာယနည်းပြဆရာတစ်ယောက်ပုံစံနဲ့ ကိုင်တွယ်မှုဟာ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့ပေမယ့် အသင်းကိုတော့ တိုးတက်မှုရှိအောင် လုံးဝမလုပ်နိုင်ခဲ့ဘူးလို့ ဝေဖန်။

– နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တဲ့ မီခယ်လ် အာတီတာကို သူ့ရဲ့ ရာထူးအတွက် အာဆင်နယ်တာဝန်ရှိသူတွေက အပြည့်အဝ ထောက်ခံထားဆဲဖြစ်ပြီး အက်ဖ်အေဖလားကို ရယူပေးခဲ့တဲ့ နည်းပြကို အခွင့်အရေး ဆက်လက်ပေးသွားဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဒန်းဒေါ့လ်ခ်နဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းကြီးအတွက် လူစားဝင်ကစားခွင့်ရခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အနေနဲ့ အသင်းက ထွက်ခွာမယ့်စိတ်ကို ပြောင်းလဲခဲ့တယ်လို့ သိရပြီး စာချုပ်သစ်အတွက် ဆွေးနွေးဖို့ ရှိလာ။

– ဘူကာယို ဆာကာလို လူငယ်ကတောင်မှ လူစားဝင်ကစားပြီး ဒဏ်ရာရရှိသွားခဲ့တယ်ဆိုရင် လက်ရှိဘောလုံးလောကမှာ ဘယ်လောက် ပင်ပန်းပြီး ကြံ့ခိုင်မှုတွေ လျော့ကျနေပြီလဲဆိုတာ သိဖို့ကောင်းတယ်လို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို ယာဂန် ကလော့ပ် ထိုးနှက်လိုက်ပြီး သူ့ရဲ့ လီဗာပူးလ်အသင်းမှာ ရာသီကုန်ရင် ကစားသမား ၁၁ ယောက်တောင် ကျန်ပါ့မလားလို့လည်း လှောင်ပြောင်။

– အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီအနေနဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲအပြီးမှာ နီကိုလာ ပေပေကို အထုတ်ခံရအောင် အံဝင်ခွင်ကျ သရုပ်ဆောင်သွားခဲ့တဲ့ အာလီယော့စကီးလို ကစားသမားနဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာရဲ့ ရယ်ရယ်မောမောဖြစ်နေတဲ့ ပုံစံကို စိတ်ပျက်ခဲ့ပြီး ရင်ဆိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း သတင်းတွေ ဖော်ပြ။

– ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အာဆင်နယ်အသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းက ထွက်ခွာထားပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ ကွင်းလယ်လူ ဂျက်ခ် ဝီလ်ရှီးယားကို ပြန်လည်ခေါ်ယူသင့်ပြီး ပွဲကစားမှ လစာပေးတဲ့ ပုံစံနဲ့ စာချုပ်ချုပ်ဖို့ တိုက်တွန်းသွား။

– အနီကတ်အတွက် တောင်းပန်ခဲ့ပြီးဖြစ်တဲ့ ပေပေကို တွစ်တာမှာ လူမျိုးရေးခွဲခြားနေကြသူတွေကို စုံစမ်းဖော်ထုတ်သွားမယ်လို့ အာဆင်နယ်အသင်းဘက် ဆိုခဲ့အပြီးမှာ ပရိသတ်တွေကတော့ စုတ်ပြတ်နေတဲ့ ကစားပုံနဲ့ ကစားသမားကို ပြစ်တင်ဝေဖန်တာဟာ လွတ်လပ်ခွင့်ဖြစ်ပြီး ဒါကို ဖိနှိပ်ချုပ်ချယ်တာ ရယ်စရာကောင်းကြောင်း ပြန်လည်တိုက်ခိုက်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.