Premier League

22 Nov – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

နယူးကာဆယ်နဲ့ ပွဲအပြီးမှာ ချယ်လ်ဆီးဂိုးသမား မန်ဒီဟာ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ ပေးဂိုးမရှိ Clean Sheet စံချိန်ကို ဆက်လက်ရရှိခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲကစား၊ ၇ ပွဲအထိ Clean Sheet ရယူပေးခဲ့။

သီယာဂို ဆေးလ်ဗားကို လွမ်းစရာမလိုအောင်အထိ စွမ်းဆောင်ပြခဲ့တဲ့ ရူဒီဂါရဲ့ ခံစစ်ထိန်းကျောင်းမှုကို အထူးအသိအမှတ်ပြုရမှာဖြစ်တယ်လို့ နယူးကာဆယ်နဲ့ပွဲအပြီးမှာ ဂျိုကိုးလ် ထုတ်ဖော်ခဲ့ပြီး ကတ်ဇူးမားကလည်း အသင်းဖော် ရူဒီဂါကို ဂုဏ်ပြုလိုက်။

နယူးကာဆယ်နဲ့ပွဲမှာ ဂိုးတွေ ဖြုန်းတီးပစ်ခဲ့တဲ့ တီမို ဗာနာကို အီယန်ရိုက်က သတိပေးမှုတခု ပြုလုပ်သွားခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်မယ့် အသင်းဟာ ဂိုးရရင် ရသလောက် ပြတ်ပြတ်သားသား သွင်းနိုင်ဖို့လိုကြောင်း အသိပေးခဲ့။

နယူးကာဆယ်နဲ့ပွဲမှာ ပွဲထွက်တနေရာနဲ့ ထိုက်တန်ကြောင်း ​ခြေစွမ်းပြ ဂိုးသွင်းပြီး သက်သေပြခဲ့တဲ့ တန်မီ အေဘရာဟမ်ဟာ နည်းပြလမ်းပတ်ရဲ့ ချန်လှပ်ခြင်းကို ခံရဦးမှာဖြစ်ပြီး ပူလီရှစ်ချ်ကိုသာ ပွဲထွက်နေရာပေးလိမ့်မယ်လို့ အိုဝင် ဟားဂရေ့ဗ်သုံးသပ်။

အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ပွဲအပြီးမှာ အသင်းရဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ စွမ်းဆောင်ရည်အပေါ်မှာ နည်းပြလမ်းပတ် ကျေနပ်နေပြီး အန်ဂိုလို ကွန်တေဟာ အသင်းကို လွှမ်းမိုးပြီး တိုက်စစ်-ခံစစ် ဟန်ချက်ညီအောင် ထိန်းကျောင်းမှုပေးနိုင်တဲ့ ကမ္ဘာ့အဆင့် ထိပ်တန်းကွင်းလယ်လူဖြစ်ကြောင်း ချီးကျူးခဲ့။

၇ နှစ်သားကတည်းက ချယ်ဆီးလ်အသင်းမှာ နံပါတ် ၉ တိုက်စစ်မှူးနေရာ တောက်လျှောက်ကစားခဲ့တဲ့ မိမိဟာ အသင်းအတွက် ဂိုးတွေဆက်သွင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း တန်မီ အေဘရာဟမ်က ပွဲအပြီးပြောကြား။

မယုံကြည်နိုင်စရာကောင်းလောက်ကို စွမ်းဆောင်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်ရဲ့ ခြေစွမ်းကို ချယ်လ်ဆီးပရိသတ်တွေက အံ့အားသင့်ကာ အထူးတလည်နှစ်ခြိုက်နေပြီး ဒီရာသီ အသင်းခံစစ်ကြောင်း မာကျောလာမှုမှာ ဂျိမ်းစ်ဟာ အဓိကအခန်းကဏ္ဍအနေနဲ့ အခရာကျတယ်လို့ နယူးကာဆယ်နဲ့ပွဲအပြီးမှာ သုံးသပ်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္နဲ႕ ပြဲအၿပီးမွာ ခ်ယ္လ္ဆီးဂိုးသမား မန္ဒီဟာ ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၄ ပြဲအထိ ေပးဂိုးမရွိ Clean Sheet စံခ်ိန္ကို ဆက္လက္ရရွိခဲ့ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ ၉ ပြဲကစား၊ ၇ ပြဲအထိ Clean Sheet ရယူေပးခဲ့။

သီယာဂို ေဆးလ္ဗားကို လြမ္းစရာမလိုေအာင္အထိ စြမ္းေဆာင္ျပခဲ့တဲ့ ႐ူဒီဂါရဲ႕ ခံစစ္ထိန္းေက်ာင္းမႈကို အထူးအသိအမွတ္ျပဳရမွာျဖစ္တယ္လို႔ နယူးကာဆယ္နဲ႕ပြဲအၿပီးမွာ ဂ်ိဳကိုးလ္ ထုတ္ေဖာ္ခဲ့ၿပီး ကတ္ဇူးမားကလည္း အသင္းေဖာ္ ႐ူဒီဂါကို ဂုဏ္ျပဳလိုက္။

နယူးကာဆယ္နဲ႕ပြဲမွာ ဂိုးေတြ ျဖဳန္းတီးပစ္ခဲ့တဲ့ တီမို ဗာနာကို အီယန္ရိုက္က သတိေပးမႈတခု ျပဳလုပ္သြားခဲ့ၿပီး ခ်န္ပီယံဆုကို စိန္ေခၚမယ့္ အသင္းဟာ ဂိုးရရင္ ရသေလာက္ ျပတ္ျပတ္သားသား သြင္းနိုင္ဖို႔လိုေၾကာင္း အသိေပးခဲ့။

နယူးကာဆယ္နဲ႕ပြဲမွာ ပြဲထြက္တေနရာနဲ႕ ထိုက္တန္ေၾကာင္း ​ေျခစြမ္းျပ ဂိုးသြင္းၿပီး သက္ေသျပခဲ့တဲ့ တန္မီ ေအဘရာဟမ္ဟာ နည္းျပလမ္းပတ္ရဲ႕ ခ်န္လွပ္ျခင္းကို ခံရဦးမွာျဖစ္ၿပီး ပူလီရွစ္ခ်္ကိုသာ ပြဲထြက္ေနရာေပးလိမ့္မယ္လို႔ အိုဝင္ ဟားဂေရ႕ဗ္သုံးသပ္။

အမွတ္ေပးဇယား အဆင့္ ၂ ေနရာကို တက္လွမ္းနိုင္ခဲ့တဲ့ နိုင္ပြဲအၿပီးမွာ အသင္းရဲ႕ ပေရာ္ဖက္ရွင္နယ္ပီသတဲ့ စြမ္းေဆာင္ရည္အေပၚမွာ နည္းျပလမ္းပတ္ ေက်နပ္ေနၿပီး အန္ဂိုလို ကြန္ေတဟာ အသင္းကို လႊမ္းမိုးၿပီး တိုက္စစ္-ခံစစ္ ဟန္ခ်က္ညီေအာင္ ထိန္းေက်ာင္းမႈေပးနိုင္တဲ့ ကမၻာ့အဆင့္ ထိပ္တန္းကြင္းလယ္လူျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့။

၇ ႏွစ္သားကတည္းက ခ်ယ္ဆီးလ္အသင္းမွာ နံပါတ္ ၉ တိုက္စစ္မႉးေနရာ ေတာက္ေလွ်ာက္ကစားခဲ့တဲ့ မိမိဟာ အသင္းအတြက္ ဂိုးေတြဆက္သြင္းေပးနိုင္လိမ့္မယ္လို႔ ယုံၾကည္ထားေၾကာင္း တန္မီ ေအဘရာဟမ္က ပြဲအၿပီးေျပာၾကား။

မယုံၾကည္နိုင္စရာေကာင္းေလာက္ကို စြမ္းေဆာင္ခဲ့တဲ့ ရီးစ္ဂ်ိမ္းစ္ရဲ႕ ေျခစြမ္းကို ခ်ယ္လ္ဆီးပရိသတ္ေတြက အံ့အားသင့္ကာ အထူးတလည္ႏွစ္ၿခိဳက္ေနၿပီး ဒီရာသီ အသင္းခံစစ္ေၾကာင္း မာေက်ာလာမႈမွာ ဂ်ိမ္းစ္ဟာ အဓိကအခန္းက႑အေနနဲ႕ အခရာက်တယ္လို႔ နယူးကာဆယ္နဲ႕ပြဲအၿပီးမွာ သုံးသပ္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.