Premier League

21 Nov စနေနေ့ ညနေပိုင်း နောက်ဆုံးရ ပရီးမီးယားလိဂ်သတင်းများ

– ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေခဲ့ကြရတဲ့ ဆာဂျီယို အဂွေရိုနဲ့ ရာဟင်းမ် စတာလင်တို့ စပါးစ်နဲ့ပွဲမှာ အနည်းဆုံး အရန်ခုံပေါ် ပါဝင်လာနိုင်ပြီး နိုင်ငံတကာပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့ကြတဲ့ ဖီးလ် ဖိုဒန်နဲ့ ဖယ်ရန် တောရက်စ်တို့ကို နည်းပြ ဂွါဒီယိုလာ ပွဲထုတ်လာဖွယ်ရှိ။

– အိမ်ရှင်အဖြစ် ကစားရမယ့် တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာတော့ ကိုဗစ် ပေါ့စတစ်ဖြစ်ခဲ့တဲ့ နောက်ခံလူ မတ် ဒိုဟာတီကတော့ ဒီပွဲနဲ့ လွဲချော်မှာဖြစ်ပြီး တောင်ပံတိုက်စစ်ကစားသမား အဲရစ် လာမယ်လာလည်း ဖနောင့်ကြော ဒဏ်ရာကြောင့် ပါဝင်နိုင်ဖွယ်မရှိ။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အသင်းရဲ့ ၃၀ ကျော်ကစားသမားတွေ ဖြစ်ကြတဲ့ ဒေးဗစ် ဒဟေးယား၊ နီမန်ဂျာ မာတစ်ချ်၊ ဟွမ် မာတာနဲ့ အက်ဒင်ဆန် ကာဗာနီတို့ဟာ ကျန်တဲ့ ကစားသမားတွေ စံပြုနိုင်မယ့် ဝါရင့်ကစားသမားတွေဖြစ်ကြပြီး အသင်းကို ဦးဆောင်မှုပေးလိမ့်မယ်လို့ ချီးကျူး။

– ဘောလုံးပွဲတွေမှာ ဒဏ်ရာတွေနဲ့ တခြားပွဲကစားခြင်းကို အနှောင့်အယှက်ပြုတဲ့ အရာတွေကို ကြုံတွေ့ရတတ်တာဟာ သဘာဝပဲဖြစ်ပြီး သူတို့တွေအနေနဲ့ တစ်ဦးကို တစ်ဦး အပြန်အလှန်ကူညီပြီး အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ဖြတ်ကျော်ကြရမှာဖြစ်ကြောင်း ကွင်းလယ်လူ ဖရက်ဒ် အားပေး။

– ပေါင်ကြွက်သားဒဏ်ရာရရှိထားတဲ့ သောမတ်စ် ပါတေးအနေနဲ့ အာဆင်နယ်အသင်းရဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ယော့ရှိုင်းယားခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိဘဲ အက်စတန်ဗီလာနဲ့ပွဲမှာ ရရှိခဲ့တဲ့ အဆိုပါဒဏ်ရာကို သတိထားစောင့်ကြည့်ရမှာဖြစ်ကြောင်း နည်းပြ အာတီတာ ဝန်ခံသွားခဲ့။

– ဥရုဂွေးအသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ကိုလံဘီယာအသင်းဖော်တွေနဲ့ အဝတ်လဲခန်းထဲမှာ ခိုက်ရန်ဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အဲဗာတန်ကစားသမား ဟားမက်စ် ရိုဒရီးရက်ဇ်က ငြင်းဆန်သွားခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိကြောင်းသိရ။

– ယာဂန် ကလော့ပ် ပြောထားဖူးတဲ့ မာရှေယာနိုလိုမျိုး ကစားသမားတစ်ဦးကို ဗဟိုနောက်ခံလူနေရာမှာ သုံးစွဲမယ်ဆိုတာဟာ တောင်ပံခံစစ်မှူး အန်ဒရူး ရောဘတ်ဆန်ဖြစ်လာဖို့ နီးစပ်နေပြီး ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာနဲ့အတူ တွဲဖက်ပွဲထုတ်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒဏ္ရာျပႆနာနဲ႔ ရင္ဆုိင္ေနခဲ့ၾကရတဲ့ ဆာဂ်ီယို အေဂြ႐ိုနဲ႔ ရာဟင္းမ္ စတာလင္တုိ႔ စပါးစ္နဲ႔ပြဲမွာ အနည္းဆုံး အရန္ခုံေပၚ ပါဝင္လာႏုိင္ၿပီး ႏိုင္ငံတကာပြဲစဥ္ေတြမွာ ေျခစြမ္းျပခဲ့ၾကတဲ့ ဖီးလ္ ဖိုဒန္နဲ႔ ဖယ္ရန္ ေတာရက္စ္တုိ႔ကို နည္းျပ ဂြါဒီယိုလာ ပြဲထုတ္လာဖြယ္ရွိ။

– အိမ္ရွင္အျဖစ္ ကစားရမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းမွာေတာ့ ကိုဗစ္ ေပါ့စတစ္ျဖစ္ခဲ့တဲ့ ေနာက္ခံလူ မတ္ ဒိုဟာတီကေတာ့ ဒီပြဲနဲ႔ လြဲေခ်ာ္မွာျဖစ္ၿပီး ေတာင္ပံတုိက္စစ္ကစားသမား အဲရစ္ လာမယ္လာလည္း ဖေနာင့္ေၾကာ ဒဏ္ရာေၾကာင့္ ပါဝင္ႏုိင္ဖြယ္မရွိ။

– မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက အသင္းရဲ႕ ၃၀ ေက်ာ္ကစားသမားေတြ ျဖစ္ၾကတဲ့ ေဒးဗစ္ ဒေဟးယား၊ နီမန္ဂ်ာ မာတစ္ခ်္၊ ဟြမ္ မာတာနဲ႔ အက္ဒင္ဆန္ ကာဗာနီတုိ႔ဟာ က်န္တဲ့ ကစားသမားေတြ စံျပဳႏိုင္မယ့္ ဝါရင့္ကစားသမားေတြျဖစ္ၾကၿပီး အသင္းကို ဦးေဆာင္မွဳေပးလိမ့္မယ္လုိ႔ ခ်ီးက်ဴး။

– ေဘာလုံးပြဲေတြမွာ ဒဏ္ရာေတြနဲ႔ တျခားပြဲကစားျခင္းကို အေႏွာင့္အယွက္ျပဳတဲ့ အရာေတြကို ႀကဳံေတြ႕ရတတ္တာဟာ သဘာဝပဲျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ တစ္ဦးကို တစ္ဦး အျပန္အလွန္ကူညီၿပီး အခက္အခဲေတြကို အတူတကြ ရင္ဆုိင္ျဖတ္ေက်ာ္ၾကရမွာျဖစ္ေၾကာင္း ကြင္းလယ္လူ ဖရက္ဒ္ အားေပး။

– ေပါင္ၾကြက္သားဒဏ္ရာရရွိထားတဲ့ ေသာမတ္စ္ ပါေတးအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ လိဒ္စ္ယူႏိုက္တက္နဲ႔ ေယာ့ရွဳိင္းယားခရီးစဥ္ကို လိုက္ပါႏိုင္ျခင္းမရွိဘဲ အက္စတန္ဗီလာနဲ႔ပြဲမွာ ရရွိခဲ့တဲ့ အဆိုပါဒဏ္ရာကို သတိထားေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း နည္းျပ အာတီတာ ဝန္ခံသြားခဲ့။

– ဥ႐ုေဂြးအသင္းကို သုံးဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာ ကိုလံဘီယာအသင္းေဖာ္ေတြနဲ႔ အဝတ္လဲခန္းထဲမွာ ခိုက္ရန္ျဖစ္ပြားခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို အဲဗာတန္ကစားသမား ဟားမက္စ္ ႐ိုဒရီးရက္ဇ္က ျငင္းဆန္သြားခဲ့ၿပီး ဖူလ္ဟမ္နဲ႔ပြဲမွာ ပါဝင္လာဖြယ္ရွိေၾကာင္းသိရ။

– ယာဂန္ ကေလာ့ပ္ ေျပာထားဖူးတဲ့ မာေရွယာႏိုလိုမ်ဳိး ကစားသမားတစ္ဦးကို ဗဟိုေနာက္ခံလူေနရာမွာ သုံးစြဲမယ္ဆုိတာဟာ ေတာင္ပံခံစစ္မွဴး အန္ဒ႐ူး ေရာဘတ္ဆန္ျဖစ္လာဖို႔ နီးစပ္ေနၿပီး ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာနဲ႔အတူ တြဲဖက္ပြဲထုတ္သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.