Premier League

စွယ်စုံရတဲ့ ပေါ့ဘာအတွက် ကစားဖို့နေရာ ၄ နေရာအထိ ရှိနေကြောင်း အာမခံလိုက်တဲ့ ဆိုးလ်ရှာ

မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်တိုက်စစ်သမား ပေါ့ဘာဟာ လက်ရှိရာသီရဲ့ အချိန်အများစုကို အရန်ခုံမှာ ကုန်ဆုံးနေရပေမယ့် နည်းပြဆိုးလ်ရှားက သူဟာ စွယ်စုံရကစားသမားတဦးလို့ ယုံကြည်နေပြီး နည်းဗျူဟာအရ သူ့အတွက် ကစားဖို့နေရာ ၄ နေရာအထိ ရှိနေတယ်လို့ အာမခံလိုက်ကြောင်း သိရပါတယ်။

ဆိုးလ်ရှားဟာ သူ့ကို ပင်တိုင်နေရာတခုမှာ ထားကစားခြင်းမရှိခဲ့ဘဲ နည်းပြဘဝအစမှာ ၄-၃-၃ ရဲ့ ကွင်းလယ်ဘယ်ခြမ်းမှာ ပွဲထုတ်ခဲ့ပြီး ၁၂ ပွဲ ၉ ဂိုးသွင်းတဲ့အထိ ရလဒ်ကောင်းခဲ့သလို ပြီးခဲ့တဲ့ ရာသီအစမှာတော့ ၄-၂-၃-၁ ရဲ့ ကွင်းလယ်ထောက်တိုင်တဦးအဖြစ် နေရာပေးခဲ့ကာ ရာသီနှောင်းပိုင်း မှာတော့ ၄-၂-၃-၁ ရဲ့ တိုက်စစ်ဘယ်ခြမ်းမှာ တာဝန်ပေးခြင်းခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ RB လိုက်ပ်ဇစ်၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာဆိုရင် စိန်ပွင့်ကွင်းလယ်ရဲ့ ဘယ်ခြမ်းမှာ နေရာယူကစားခဲ့ရပြီး လိုက်ပ်ဇ်ပွဲမှာတော့ ရလဒ်ကောင်း ရရှိခဲ့ပေမယ့် အာဆင်နယ်ကိုတော့ ရှုံးနိမ်ခဲ့ပါတယ်။ ပေါ့ဘာဟာ ပြင်သစ်မှာဆိုရင် ကွင်းလယ်ထောက်တိုင်နှစ်ဦးရဲ့ ဘယ်ခြမ်းနဲ့ ကွင်းလယ်တိုက်စစ်သုံးဦးရဲ့ ဘယ်ခြမ်းနေရာတွေမှာလည်း အသီးသီးပွဲထွက်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

နေရာမျိုးစုံ ပြောင်းလဲကစားနိုင်တဲ့ အရည်အသွေးမြင့် စွယ်စွံရကစားသမားတွေအတွက် ဘယ်နေရာမှာ သူတို့ကစားမလဲဆိုတဲ့ မေးခွန်းတွေ အမြဲရှိနေတတ်ပါတယ်။ စကော့ မက်တိုမီနေးဆိုလည်း ဒီအတိုင်းပါပဲ။ စကော့အတွက် အကောင်းဆုံးနေရာက ဘယ်နေရာဖြစ်မလဲ။ စကော့တလန်မှာဆိုရင် သူက ဗဟိုခံစစ်မှူးနေရာမှာ ကစားရတာပါ။ ကျွန်တော်ကတော့ ကွင်းလယ်ခံစစ်နှစ်ဦးနေရာမှာ သူ့အတွက် တနေရာ ကစားစေပါတယ်။

ဘရူနိုလည်း နေရာမျိုးစုံ ကစားနိုင်တဲ့သူပဲ။ မားကပ်စ်ရဲ့ အကောင်းဆုံးနေရာက ဘယ်တောင်ပံလား၊ တိုက်စစ်မြှားဦးမှာလား။ ဘယ်လိုရွေးမလဲ။ အန်တိုနီ မာစီယယ်လ်လည်း အလားတူပါပဲ။ ပေါ့ဘာအတွက်ဆိုရင် သူကစားရမယ့်နေရာက အသင်းရဲ့ ဟန်ချက်ညီစေတဲ့ နေရာဖြစ်ဖို့ လိုပြီး ပွဲထွက် ၁၁ ယောက်ကို ရွေးတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါက သော့ချက်ပါပဲ။

သူက နံပါတ် ၈ ရော နံပါတ် ၁၀ နေရာကို​ပါ ပွဲထွ​က်နိုင်သူပါ။ တခါတရံဆို စိန်ပွင့်ကွင်းလယ်ရဲ့ ဘယ်ခြမ်းမှာ ကစားမယ်။ တခါတရံဆို ကွင်းလယ်ထောက်တိုင် နှစ်ဦးနေရာထဲ တနေရာ တာဝန်ယူပြီး ကစားနိုင်တယ်။ သူက အရာရာကို လုပ်ပြနိုင်သူပါ။ ကြံ့ခိုင်မှု ပြန်ပြည့်လာတာနဲ့အမျှ သူ့အရည်အသွေးကို ပိုပြီးပြသလာပါလိမ့်မယ်။ ကျွန်တော် ဒီနေ့ ပေါ့ဘာနဲ့ စကားပြောပြီးပါပြီ။ သေချာပေါက်ပါပဲ။ မကစားရရင် သူမပျော်ရွှင်ပါဘူး။ သူ့စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ သူမပျော်ရွှင်ပါဘူး။ အရှိန်အဟုန်နဲ့ စည်းချက်တခုရလာဖို့သာ လိုနေတာပါ။ ကိုဗစ်ဖြစ်ထားတဲ့ သူ့အတွက် အချိန်တခုပေးရပါမယ်။ လို့ ဆိုးလ်ရှားက ဝက်စ်ဘရွမ်းနဲ့ပွဲကြိုမှာ ပြောပြသွားခဲ့ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြင္းလယ္တိုက္စစ္သမား ေပါ့ဘာဟာ လက္ရွိရာသီရဲ႕ အခ်ိန္အမ်ားစုကို အရန္ခုံမွာ ကုန္ဆုံးေနရေပမယ့္ နည္းျပဆိုးလ္ရွားက သူဟာ စြယ္စုံရကစားသမားတဦးလို႔ ယုံၾကည္ေနၿပီး နည္းဗ်ဴဟာအရ သူ႔အတြက္ ကစားဖို႔ေနရာ ၄ ေနရာအထိ ရွိေနတယ္လို႔ အာမခံလိုက္ေၾကာင္း သိရပါတယ္။

ဆိုးလ္ရွားဟာ သူ႔ကို ပင္တိုင္ေနရာတခုမွာ ထားကစားျခင္းမရွိခဲ့ဘဲ နည္းျပဘဝအစမွာ ၄-၃-၃ ရဲ႕ ကြင္းလယ္ဘယ္ျခမ္းမွာ ပြဲထုတ္ခဲ့ၿပီး ၁၂ ပြဲ ၉ ဂိုးသြင္းတဲ့အထိ ရလဒ္ေကာင္းခဲ့သလို ၿပီးခဲ့တဲ့ ရာသီအစမွာေတာ့ ၄-၂-၃-၁ ရဲ႕ ကြင္းလယ္ေထာက္တိုင္တဦးအျဖစ္ ေနရာေပးခဲ့ကာ ရာသီေႏွာင္းပိုင္း မွာေတာ့ ၄-၂-၃-၁ ရဲ႕ တိုက္စစ္ဘယ္ျခမ္းမွာ တာဝန္ေပးျခင္းခံခဲ့ရတာပါ။

ၿပီးခဲ့တဲ့ RB လိုက္ပ္ဇစ္၊ အာဆင္နယ္တို႔နဲ႔ပြဲေတြမွာဆိုရင္ စိန္ပြင့္ကြင္းလယ္ရဲ႕ ဘယ္ျခမ္းမွာ ေနရာယူကစားခဲ့ရၿပီး လိုက္ပ္ဇ္ပြဲမွာေတာ့ ရလဒ္ေကာင္း ရရွိခဲ့ေပမယ့္ အာဆင္နယ္ကိုေတာ့ ရႈံးနိမ္ခဲ့ပါတယ္။ ေပါ့ဘာဟာ ျပင္သစ္မွာဆိုရင္ ကြင္းလယ္ေထာက္တိုင္ႏွစ္ဦးရဲ႕ ဘယ္ျခမ္းနဲ႔ ကြင္းလယ္တိုက္စစ္သုံးဦးရဲ႕ ဘယ္ျခမ္းေနရာေတြမွာလည္း အသီးသီးပြဲထြက္ခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္။

ေနရာမ်ိဳးစုံ ေျပာင္းလဲကစားႏိုင္တဲ့ အရည္အေသြးျမင့္ စြယ္စြံရကစားသမားေတြအတြက္ ဘယ္ေနရာမွာ သူတို႔ကစားမလဲဆိုတဲ့ ေမးခြန္းေတြ အၿမဲရွိေနတတ္ပါတယ္။ စေကာ့ မက္တိုမီေနးဆိုလည္း ဒီအတိုင္းပါပဲ။ စေကာ့အတြက္ အေကာင္းဆုံးေနရာက ဘယ္ေနရာျဖစ္မလဲ။ စေကာ့တလန္မွာဆိုရင္ သူက ဗဟိုခံစစ္မႉးေနရာမွာ ကစားရတာပါ။ ကြၽန္ေတာ္ကေတာ့ ကြင္းလယ္ခံစစ္ႏွစ္ဦးေနရာမွာ သူ႔အတြက္ တေနရာ ကစားေစပါတယ္။

ဘ႐ူႏိုလည္း ေနရာမ်ိဳးစုံ ကစားႏိုင္တဲ့သူပဲ။ မားကပ္စ္ရဲ႕ အေကာင္းဆုံးေနရာက ဘယ္ေတာင္ပံလား၊ တိုက္စစ္ျမႇားဦးမွာလား။ ဘယ္လိုေ႐ြးမလဲ။ အန္တိုနီ မာစီယယ္လ္လည္း အလားတူပါပဲ။ ေပါ့ဘာအတြက္ဆိုရင္ သူကစားရမယ့္ေနရာက အသင္းရဲ႕ ဟန္ခ်က္ညီေစတဲ့ ေနရာျဖစ္ဖို႔ လိုၿပီး ပြဲထြက္ ၁၁ ေယာက္ကို ေ႐ြးတဲ့ အေပၚမွာပဲ မူတည္ပါတယ္။ ဒါက ေသာ့ခ်က္ပါပဲ။

သူက နံပါတ္ ၈ ေရာ နံပါတ္ ၁၀ ေနရာကို​ပါ ပြဲထြ​က္ႏိုင္သူပါ။ တခါတရံဆို စိန္ပြင့္ကြင္းလယ္ရဲ႕ ဘယ္ျခမ္းမွာ ကစားမယ္။ တခါတရံဆို ကြင္းလယ္ေထာက္တိုင္ ႏွစ္ဦးေနရာထဲ တေနရာ တာဝန္ယူၿပီး ကစားႏိုင္တယ္။ သူက အရာရာကို လုပ္ျပႏိုင္သူပါ။ ႀကံ့ခိုင္မႈ ျပန္ျပည့္လာတာနဲ႔အမွ် သူ႔အရည္အေသြးကို ပိုၿပီးျပသလာပါလိမ့္မယ္။ ကြၽန္ေတာ္ ဒီေန႔ ေပါ့ဘာနဲ႔ စကားေျပာၿပီးပါၿပီ။ ေသခ်ာေပါက္ပါပဲ။ မကစားရရင္ သူမေပ်ာ္႐ႊင္ပါဘူး။ သူ႔စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ သူမေပ်ာ္႐ႊင္ပါဘူး။ အရွိန္အဟုန္နဲ႔ စည္းခ်က္တခုရလာဖို႔သာ လိုေနတာပါ။ ကိုဗစ္ျဖစ္ထားတဲ့ သူ႔အတြက္ အခ်ိန္တခုေပးရပါမယ္။ လို႔ ဆိုးလ္ရွားက ဝက္စ္ဘ႐ြမ္းနဲ႔ပြဲႀကိဳမွာ ေျပာျပသြားခဲ့ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.