Premier League

၂၁.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၇ ရက္၊ စေနေန႔။

၂၁.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၇ ရက္၊ စေနေန႔၊ သမားညဳိ၊ ဝါရမိတၱဳႀကီး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္
ည ၂၂:၄၇ အထိ တိထီ ၇ လုံး၊ ေက်ာ္လွ်င္ ၈ လုံး။ ၇ လုံးတြင္ အဆိပ္ယုဂ္၊ ေစတနာမွ ေဝဒနာျဖစ္တတ္၍ သတိထားပါ၊ အဖ်က္သေဘာလုပ္ေဆာင္ေသာ အလုပ္မ်ား အင္အားရွိ၍ လုပ္ေဆာင္ႏုိင္။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္
နံနက္ ၁၀:၅၂ အထိ သရဝဏ္နကၡတ္၊ ေက်ာ္လွ်င္ ဓနသိဒၶိနကၡတ္။ နံနက္ ၇:၄၁ အထိ ဝုဒၶိယုဂ္၊ ဖြံ႕ၿဖဳိးႀကီးထြားျခင္း၊ ဉာဏ္ပညာကို အရင္းတည္၍ ေျပာဆုိလုပ္ကိုင္ ေဆာင္ရြက္ရသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၆:၅၉ အထိ ဓူဝယုဂ္၊ တည္ၿငိမ္ျခင္း၊ အင္အားရွိျခင္း၊ တစ္သမတ္တည္း ျဖစ္ျခင္း၊ မိမိအား အက်ဳိးေပးလ်က္ရွိေသာ လုပ္ငန္းကို ျမႇင့္တင္ပါ။ သန္ရာသန္ရာ ဖိဖိစီးစီး ေဆာင္ရြက္ပါ။ ေက်ာ္လွ်င္ ဗ်ာဃာတယုဂ္၊ က်ားကဲ့သို႔ ခြန္အားႀကီးျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ အႏၲရာယ္၊ ဒဏ္ရာႏွင့္ ႀကဳံရတတ္ျခင္း၊ ႏွိမ္နင္းအႏုိင္ယူျခင္း၊ မိမိ၏ ထိခုိက္နစ္နာႏုိင္ေျခကို တြက္ခ်က္လုပ္ကိုင္ပါ။

တစ္ေန႔တာ က႐ိုဏ္း
နံနက္ ၁၀:၃၂ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၂:၄၇ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏိုင္။

တစ္ေန႔တာ ကံေကာင္းရာ အရပ္ႏွင့္ ေဆာင္ရန္ အေရာင္
ည ၂၂:၄၇ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၁.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်၊ စနေနေ့၊ သမားညို၊ ဝါရမိတ္တုကြီး။

တစ်နေ့တာ တိထီနှင့် ယုဂ်
ည ၂၂:၄၇ အထိ တိထီ ၇ လုံး၊ ကျော်လျှင် ၈ လုံး။ ၇ လုံးတွင် အဆိပ်ယုဂ်၊ စေတနာမှ ဝေဒနာဖြစ်တတ်၍ သတိထားပါ၊ အဖျက်သဘောလုပ်ဆောင်သော အလုပ်များ အင်အားရှိ၍ လုပ်ဆောင်နိုင်။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်
နံနက် ၁၀:၅၂ အထိ သရဝဏ်နက္ခတ်၊ ကျော်လျှင် ဓနသိဒ္ဓိနက္ခတ်။ နံနက် ၇:၄၁ အထိ ဝုဒ္ဓိယုဂ်၊ ဖွံ့ဖြိုးကြီးထွားခြင်း၊ ဉာဏ်ပညာကို အရင်းတည်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၅၉ အထိ ဓူဝယုဂ်၊ တည်ငြိမ်ခြင်း၊ အင်အားရှိခြင်း၊ တစ်သမတ်တည်း ဖြစ်ခြင်း၊ မိမိအား အကျိုးပေးလျက်ရှိသော လုပ်ငန်းကို မြှင့်တင်ပါ။ သန်ရာသန်ရာ ဖိဖိစီးစီး ဆောင်ရွက်ပါ။ ကျော်လျှင် ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။

တစ်နေ့တာ ကရိုဏ်း
နံနက် ၁၀:၃၂ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၄၇ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာ အရပ်နှင့် ဆောင်ရန် အရောင်
ည ၂၂:၄၇ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)