Premier League Transfer News

21 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်ကို လက်ရွေးစင်အသင်းက ပြန်လာဖို့ အတင်းအကျပ် ဖိအားပေးခဲ့တယ်လို့ စပါးစ်နည်းပြ မော်ရင်ညိုရဲ့ စွပ်စွဲမှုအပေါ် အင်္ဂလန်အသင်းရဲ့ ဆေးအဖွဲ့ကို ကိုယ်တိုင်စုံစမ်းကြည့်ဖို့ တုံ့ပြန်သွားခဲ့ပြီး ပေါ်တူဂီသားဟာ ဆရာဝန်တစ်ယောက်ပဲဖြစ်ရမယ်လို့ သရော်သွားခဲ့။

– ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ် လက်မှတ်ထိုးလိုက်တဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာက သူ့ကို ဒီနောက်ပိုင်းမှာရော အသင်းနဲ့ ဆက်ရှိမှာလား ဆိုတဲ့ မေးခွန်းကို မသိသေးကြောင်းဆိုခဲ့ပြီး အစတုန်းက မန်စီးတီးမှာ ၇ နှစ် နေမိမယ်လို့တောင် မတွေးခဲ့ဖူးဘူးလို့ ဝန်ခံသွား။

– ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြ ဇီဒန်းရဲ့ ယုံကြည်မှုကို ရရှိမထားတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါကို ခေါ်ယူပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ ဂွါဒီယိုလာ အလိုရှိနေခဲ့တယ်လို့ နော်ဝေဂျာနယ်လစ် ဖီယော့တော့ဖ်ထုတ်ဖော်။

– ဂွါဒီယိုလာရဲ့ အသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ချက်ကို ကစားသမားအားလုံးက ပျော်ရွှင်ခဲ့ကြပြီး စာချုပ်သစ်အတွက် သဘောကျ ကျေနပ်နေကြတယ်လို့ မန်ချက်စတာစီးတီးနောက်ခံလူ အေးမရစ် လာပေါ့တ် ပြောကြား။

– ဖီးလ် ဖိုဒန်ဟာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာပြီးနောက်ပိုင်း အသင်းကြီးနဲ့အတူ ရှိခဲ့တာ သုံးလေးနှစ် ရှိပြီဖြစ်သလို တစ်ရာသီထက်တစ်ရာသီ ပိုမိုပြီး ခြေစွမ်းတိုးတက်ပြသလာနိုင်ခဲ့တယ်လို့ အသင်းလက်ထောက်ခေါင်းဆောင် ကီဗင် ဒီဘရိုင်းနား ချီးကျူး။

– ဆာဂျီယို အဂွေရို ပြန်ကစားနိုင်မှာကို မျှော်လင့်တောင့်တနေပြီး တကယ်လို့ မိမိရဲ့ ဘဝကို ကယ်တင်ဖို့ ဂိုးတစ်ဂိုးကို မဖြစ်မနေ သွင်းယူပေးမယ့်သူတစ်ဦးကို ရွေးချယ်ရမယ်ဆိုရင် သီယာရီ အွန်နရီထက် အာဂျင်တီးနားတိုက်စစ်မှူးကိုသာ ရွေးမယ်လို့ နောက်ခံလူဟောင်း မီကာ ရစ်ချတ် ပြောကြား။

– ပွဲကြိုခန့်မှန်းသူတွေဖြစ်ကြတဲ့ ဘီဘီစီရဲ့ မာ့ခ် လော်ရင်ဆန်နဲ့ ဘက်ဗစ်တာရဲ့ မိုက်ကယ် အိုဝင်တို့က မန်ချက်စတာစီးတီးပဲ အနိုင်ရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ဘက်ဖဲရဲ့ ဒီမီတာ ဘာဘာတော့ဗ်ကတော့ စပါးစ်က ကပ်နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ကို လက္ေ႐ြးစင္အသင္းက ျပန္လာဖို႔ အတင္းအက်ပ္ ဖိအားေပးခဲ့တယ္လို႔ စပါးစ္နည္းျပ ေမာ္ရင္ညိဳရဲ႕ စြပ္စြဲမႈအေပၚ အဂၤလန္အသင္းရဲ႕ ေဆးအဖြဲ႕ကို ကိုယ္တိုင္စုံစမ္းၾကည့္ဖို႔ တုံ႔ျပန္သြားခဲ့ၿပီး ေပၚတူဂီသားဟာ ဆရာဝန္တစ္ေယာက္ပဲျဖစ္ရမယ္လို႔ သေရာ္သြားခဲ့။

– ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သစ္ လက္မွတ္ထိုးလိုက္တဲ့ နည္းျပ ပက္ပ္ ဂြါဒီယိုလာက သူ႔ကို ဒီေနာက္ပိုင္းမွာေရာ အသင္းနဲ႔ ဆက္ရွိမွာလား ဆိုတဲ့ ေမးခြန္းကို မသိေသးေၾကာင္းဆိုခဲ့ၿပီး အစတုန္းက မန္စီးတီးမွာ ၇ ႏွစ္ ေနမိမယ္လို႔ေတာင္ မေတြးခဲ့ဖူးဘူးလို႔ ဝန္ခံသြား။

– ရီးရဲလ္မက္ဒရစ္အသင္းမွာ နည္းျပ ဇီဒန္းရဲ႕ ယုံၾကည္မႈကို ရရွိမထားတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါကို ေခၚယူၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္လာေအာင္ လုပ္ေဆာင္ေပးဖို႔ ဂြါဒီယိုလာ အလိုရွိေနခဲ့တယ္လို႔ ေနာ္ေဝဂ်ာနယ္လစ္ ဖီေယာ့ေတာ့ဖ္ထုတ္ေဖာ္။

– ဂြါဒီယိုလာရဲ႕ အသင္းမွာ ဆက္ရွိေနဖို႔ ဆုံးျဖတ္ခ်က္ကို ကစားသမားအားလုံးက ေပ်ာ္႐ႊင္ခဲ့ၾကၿပီး စာခ်ဳပ္သစ္အတြက္ သေဘာက် ေက်နပ္ေနၾကတယ္လို႔ မန္ခ်က္စတာစီးတီးေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ ေျပာၾကား။

– ဖီးလ္ ဖိုဒန္ဟာ လူငယ္အကယ္ဒမီကေန ထြက္ေပၚလာၿပီးေနာက္ပိုင္း အသင္းႀကီးနဲ႔အတူ ရွိခဲ့တာ သုံးေလးႏွစ္ ရွိၿပီျဖစ္သလို တစ္ရာသီထက္တစ္ရာသီ ပိုမိုၿပီး ေျခစြမ္းတိုးတက္ျပသလာႏိုင္ခဲ့တယ္လို႔ အသင္းလက္ေထာက္ေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနား ခ်ီးက်ဴး။

– ဆာဂ်ီယို အေဂြ႐ို ျပန္ကစားႏိုင္မွာကို ေမွ်ာ္လင့္ေတာင့္တေနၿပီး တကယ္လို႔ မိမိရဲ႕ ဘဝကို ကယ္တင္ဖို႔ ဂိုးတစ္ဂိုးကို မျဖစ္မေန သြင္းယူေပးမယ့္သူတစ္ဦးကို ေ႐ြးခ်ယ္ရမယ္ဆိုရင္ သီယာရီ အြန္နရီထက္ အာဂ်င္တီးနားတိုက္စစ္မႉးကိုသာ ေ႐ြးမယ္လို႔ ေနာက္ခံလူေဟာင္း မီကာ ရစ္ခ်တ္ ေျပာၾကား။

– ပြဲႀကိဳခန႔္မွန္းသူေတြျဖစ္ၾကတဲ့ ဘီဘီစီရဲ႕ မာ့ခ္ ေလာ္ရင္ဆန္နဲ႔ ဘက္ဗစ္တာရဲ႕ မိုက္ကယ္ အိုဝင္တို႔က မန္ခ်က္စတာစီးတီးပဲ အႏိုင္ရမယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ ဘက္ဖဲရဲ႕ ဒီမီတာ ဘာဘာေတာ့ဗ္ကေတာ့ စပါးစ္က ကပ္ႏိုင္သြားလိမ့္မယ္လို႔ ခန႔္မွန္းသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.