Premier League

18 Nov ညနေခင်း နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဘန်ချေးလ်ဝဲလ် ရောက်ရှိလာပြီးနောက် ချယ်လ်ဆီးရဲ့ ခံစစ်ကြောင်းဟာ ပိုမိုမာကျောသွားခဲ့သလို ခံစစ်၊ တိုက်စစ် ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်ပြီး သူလုပ်ဆောင်ခဲ့သမျှဟာ အသင်းအတွက် ကောင်းမွန်နေကြောင်း အက်ရှ်လေ ကိုးလ်က ချီးကျူးသွားခဲ့။

ဂျော်ဂျင်ညိုဟာ နည်းပြလမ်းပတ်လက်အောက်မှာ ပျော်ရွှင်နေပေမယ့် အသင်းက ထွက်ခွာဖြစ်မယ်ဆိုရင် ဆရာဟောင်း မော်ရီဇီယို ဆာရီနဲ့ လာမယ့်အသင်းတစ်သင်းသင်းမှာ ပြန်လည်ပူးပေါင်းဖွယ်ရှိကြောင်း အေးဂျင့်က အရိပ်အမြွက် ပြောကြားခဲ့။

ချယ်လ်ဆီးအသင်းမှာ ရှိစဥ်က ဗာဂျီးလ် ဗန်ဒိုက်နဲ့ လူကာကူတို့ကို ခေါ်ယူဖို့ အရမ်းနီးစပ်ခဲ့ကြောင်း အင်တာမီလန်နည်းပြ ကွန်တီ ပြောကြားခဲ့ပြီး သူတို့ရဲ့ လက်ရှိ​​ခြေစွမ်းတွေကို ကြည့်ရင် ချယ်လ်ဆီးအတွက် အကျိုးရှိစေမယ့် ကစားသမားတွေဖြစ်​ကြောင်း သုံးသပ်ခဲ့။

နောက်ကျောဒဏ်ရာ ရရှိထားတဲ့ ဘန်ချေးလ်ဝဲလ်ဟာ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပြန်လည်ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပြီး အိုက်စလန်အသင်းနဲ့ ပွဲစဥ်အတွက်မူ ပါဝင်ရန် မသေချာသေး။

နောက်ငါးနှစ်အထိ အဆင့်မြင့်မြင့် ကစားနိုင်သေးတယ်လို့ ပြင်သစ်အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂျီရူးက ကြုံးဝါးခဲ့ပြီး မိမိဟာ နေထိုင်စားသောက်မှု နဲ့ ကျန်းမာရေးဂရုစိုက်ထားလို့ အလတ်ကြီးကျန်သေးတယ်လို့ ဖွင့်ဟ။

ပေါလ်ပေါ့ဂ်ဘာနဲ့ တွဲကစားရတာ စိတ်ကျေနပ်မှု ရရှိစေတယ်လို့ အန်ဂိုလို ကွန်တေက ဖွင့်ဟခဲ့ပြီး ကမ္ဘာ့ဖလားကို အတူတူရယူခဲ့တာ အမြဲအမှတ်ရနေစရာဖြစ်ကြောင်း ဝန်ခံသွားခဲ့။

နည်းပြလမ်းပတ်ဟာ အက်စတန် ဗီလာအသင်းမှာ ခြေစွမ်းပြနေတဲ့ ရော့စ် ဘာကလီကို ဆက်သွယ်ခဲ့တယ်လို့ သိရပြီး လက်ရှိပုံစံကောင်းဟာ အထင်ကြီးစရာဖြစ်ကြောင်း စကားပြောဆိုမှု ပြုလုပ်ခဲ့သလို ဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရင် ချယ်လ်ဆီးထံ ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘန္ေခ်းလ္ဝဲလ္ ေရာက္ရွိလာၿပီးေနာက္ ခ်ယ္လ္ဆီးရဲ႕ ခံစစ္ေၾကာင္းဟာ ပိုမိုမာေက်ာသြားခဲ့သလို ခံစစ္၊ တိုက္စစ္ ၿပီးျပည့္စုံတဲ့ ကစားသမားျဖစ္ၿပီး သူလုပ္ေဆာင္ခဲ့သမွ်ဟာ အသင္းအတြက္ ေကာင္းမြန္ေနေၾကာင္း အက္ရွ္ေလ ကိုးလ္က ခ်ီးက်ဴးသြားခဲ့။

ေဂ်ာ္ဂ်င္ညဳိဟာ နည္းျပလမ္းပတ္လက္ေအာက္မွာ ေပ်ာ္႐ႊင္ေနေပမယ့္ အသင္းက ထြက္ခြာျဖစ္မယ္ဆုိရင္ ဆရာေဟာင္း ေမာ္ရီဇီယို ဆာရီနဲ႕ လာမယ့္အသင္းတစ္သင္းသင္းမွာ ျပန္လည္ပူးေပါင္းဖြယ္ရွိေၾကာင္း ေအးဂ်င့္က အရိပ္အႁမြက္ ေျပာၾကားခဲ့။

ခ်ယ္လ္ဆီးအသင္းမွာ ရွိစဥ္က ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႕ လူကာကူတို႔ကို ေခၚယူဖို႔ အရမ္းနီးစပ္ခဲ့ေၾကာင္း အင္တာမီလန္နည္းျပ ကြန္တီ ေျပာၾကားခဲ့ၿပီး သူတို႔ရဲ႕ လက္ရွိ​​ေျခစြမ္းေတြကို ၾကည့္ရင္ ခ်ယ္လ္ဆီးအတြက္ အက်ိဳးရွိေစမယ့္ ကစားသမားေတြျဖစ္​ေၾကာင္း သုံးသပ္ခဲ့။

ေနာက္ေက်ာဒဏ္ရာ ရရွိထားတဲ့ ဘန္ေခ်းလ္ဝဲလ္ဟာ အဂၤလန္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ျပန္လည္ပူးေပါင္းလုပ္ေဆာင္နိုင္ခဲ့တယ္လို႔ သိရၿပီး အိုက္စလန္အသင္းနဲ႕ ပြဲစဥ္အတြက္မူ ပါဝင္ရန္ မေသခ်ာေသး။

ေနာက္ငါးႏွစ္အထိ အဆင့္ျမင့္ျမင့္ ကစားနိုင္ေသးတယ္လို႔ ျပင္သစ္အသင္းအတြက္ ႏွစ္ဂိုးသြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး ဂ်ီ႐ူးက ႀကဳံးဝါးခဲ့ၿပီး မိမိဟာ ေနထိုင္စားေသာက္မႈနဲ႕ က်န္းမာေရးဂ႐ုစိုက္ထားလို႔ အလတ္ႀကီးက်န္ေသးတယ္လို႔ ဖြင့္ဟ။

ေပါလ္ေပါ့ဂ္ဘာနဲ႕ တြဲကစားရတာ စိတ္ေက်နပ္မႈ ရရွိေစတယ္လို႔ အန္ဂိုလို ကြန္ေတက ဖြင့္ဟခဲ့ၿပီး ကမၻာ့ဖလားကို အတူတူရယူခဲ့တာ အၿမဲအမွတ္ရေနစရာျဖစ္ေၾကာင္း ဝန္ခံသြားခဲ့။

နည္းျပလမ္းပတ္ဟာ အက္စတန္ ဗီလာအသင္းမွာ ေျခစြမ္းျပေနတဲ့ ေရာ့စ္ ဘာကလီကို ဆက္သြယ္ခဲ့တယ္လို႔ သိရၿပီး လက္ရွိပုံစံေကာင္းဟာ အထင္ႀကီးစရာျဖစ္ေၾကာင္း စကားေျပာဆိုမႈ ျပဳလုပ္ခဲ့သလို ဒီေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားနိုင္ရင္ ခ်ယ္လ္ဆီးထံ ျပန္လည္ေခၚယူသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.