Premier League

18 Nov – နောက်ဆုံးရ လီဗာပူးလ်သတင်းများနှင့် ဒဏ်ရာရကစားသမားများအခြေအနေများ စုံလင်စွာ စုစည်းမှု

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့်ကစားသမား ရီနန် လိုဒီက ရော်ဘတ်ဆန်နဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံအစွန်လူတွေ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့။

နည်းပြ ဂျိုအာချင်လိုး ကိုင်တွယ်နေတဲ့ ဂျာမနီအသင်းကို ဆက်ခံနိုင်တဲ့ တဦးတည်းသောနည်းပြဟာ ယာဂင် ကလော့ပ်သာဖြစ်တယ်လို့ ဂျာမန် ဂန္ထဝင် ကစားသမား လိုသာ မားသီးယပ်စ်က ယုံကြည်နေပြီး သူဟာ အသင်းတိုင်းက လိုအပ်နေတဲ့ နည်းပြမျိုးဖြစ်တယ်လို့ ပြောကြားခဲ့။

အင်္ဂါနေ့က တရားဝင်ဖွင့်လှစ်ခဲ့တဲ့ ကာ့ခ်ဘီက AXA လေ့ကျင့်ရေးကွင်းသစ်မှာ စတင် လေ့ကျင့်နေပြီဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဖာဘင်ညို နဲ့ သီယာဂို အယ်လ်ကန်တာရာတို့ကို မြင်တွေ့ခဲ့ရခြင်း မရှိကြောင်းသိရ။

မိမိဟာ လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ဖြစ်တယ်လို့ ထုတ်ဖော်ချီးကျူးသွားခဲ့တဲ့ နည်းပြ ကလော့ပ်ရဲ့ စကားကို မခံယူဝံ့ကြောင်း တပည့်ဟောင်း လယ်လာနာ ပြောကြားခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ဖြစ်ဖို့ မိမိထက် ပိုထိုက်တန်တဲ့ ကစားသမားတွေရှိနေကြောင်း ဖွင့်ဟခဲ့။

နှိမ့်ချတတ်တဲ့ မိုဆာလားဟာ လီဗာပူးလ်အသင်းရဲ့ AXA လေ့ကျင့်ရေးကွင်းသစ်မှာ မပျော်ရွှင်နိုင်မယ့် အကြောင်းအရင်းတခုကို ချိမ်ဘာလိန်က ထုတ်ဖော်ခဲ့ပြီး သူ့ရဲ့ နာမည်ရေးထိုးထားတဲ့ ဂျာစီကို အကယ်ဒမီဘောလုံးသမားတွေအတွက် အဝတ်လဲခန်းထဲမှာ စီစဉ်ထားပေးထားလို့ ဖြစ်ကြောင်း ပြောပြသွားခဲ့။

ဝုဗ်တိုက်စစ်ကစားသမား စပိန်သား အက်ဒမာ ထရာအိုရေးဟာ လီဗာပူးလ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး ဝုဗ်နည်းပြ နူနိူက ဒီအတွက် သဘာဝကျကျ ဖြစ်သင့်တာတွေ ဖြစ်လာလိမ့်မယ်လို့ ပြောပြသွားခဲ့။

အန်ဒီ ရော်ဘတ်ဆန်ဟာ ကြံ့ခိုင်မှုပြည့်ဝပြီး ဒဏ်ရာကင်းစင်နေတယ်လို့ စကော့တလန်နည်းပြက အတည်ပြုသွားခဲ့ပြီး ဒီနေ့ည အစ္စရေးနဲ့ ကစားမယ့် ပွဲစဉ်မှာ ပါဝင်ကစားလာဖွယ်ရှိ။

လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်ကို စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး လစာကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့လို့ တပတ်လုပ်ခလစာ ပေါင် ၇၅၀၀၀ မှ ပေါင် ၁၁၀၀၀၀ ကိုတိုးမြှင့်ရရှိသွားမှာဖြစ်။

အယ်လ်ဘေးနီးယားနဲ့ ကစားမယ့် အင်္ဂလန် ယူ-၂၁ လူစာရင်းမှာ ရီးစ် ဝီလီယမ်းစ် ချန်လှပ်ခြင်းခံခဲ့ရပြီး အသေးစားဒဏ်ရာသာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း အင်္ဂလန် ယူ-၂၁ နည်းပြက အတည်ပြုခဲ့။

လီဗာပူးလ် လူငယ်အကယ်ဒမီက နည်းပြနဲ့ ဝန်ထမ်းတွေအပါအဝင် ၁၀ ဦးထက်မနည်း ကိုဗစ်ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရပြီး လူငယ်လေ့ကျင့်ရေး အစီအစဉ်တချို့ကို ဖျက်သိမ်းခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ဘရာဇီးလ္ၾကယ္ပြင့္ကစားသမား ရီနန္ လိုဒီက ေရာ္ဘတ္ဆန္နဲ႔ အယ္လ္ဖြန္ဆို ေဒးဗီးစ္တို႔ဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး ဘယ္ေနာက္ခံအစြန္လူေတြ ျဖစ္ေၾကာင္း ထုတ္ေဖာ္ခဲ့။

နည္းျပ ဂ်ိဳအာခ်င္လိုး ကိုင္တြယ္ေနတဲ့ ဂ်ာမနီအသင္းကို ဆက္ခံႏိုင္တဲ့ တဦးတည္းေသာနည္းျပဟာ ယာဂင္ ကေလာ့ပ္သာျဖစ္တယ္လို႔ ဂ်ာမန္ ဂႏၴဝင္ ကစားသမား လိုသာ မားသီးယပ္စ္က ယုံၾကည္ေနၿပီး သူဟာ အသင္းတိုင္းက လိုအပ္ေနတဲ့ နည္းျပမ်ိဳးျဖစ္တယ္လို႔ ေျပာၾကားခဲ့။

အဂၤါေန႔က တရားဝင္ဖြင့္လွစ္ခဲ့တဲ့ ကာ့ခ္ဘီက AXA ေလ့က်င့္ေရးကြင္းသစ္မွာ စတင္ ေလ့က်င့္ေနၿပီျဖစ္တဲ့ လီဗာပူးလ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ဖာဘင္ညိဳ နဲ႔ သီယာဂို အယ္လ္ကန္တာရာတို႔ကို ျမင္ေတြ႕ခဲ့ရျခင္း မရွိေၾကာင္းသိရ။

မိမိဟာ လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္ျဖစ္တယ္လို႔ ထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့တဲ့ နည္းျပ ကေလာ့ပ္ရဲ႕ စကားကို မခံယူဝံ့ေၾကာင္း တပည့္ေဟာင္း လယ္လာနာ ေျပာၾကားခဲ့ၿပီး လီဗာပူးလ္အသင္းရဲ႕ ဂႏၴဝင္ျဖစ္ဖို႔ မိမိထက္ ပိုထိုက္တန္တဲ့ ကစားသမားေတြရွိေနေၾကာင္း ဖြင့္ဟခဲ့။

ႏွိမ့္ခ်တတ္တဲ့ မိုဆာလားဟာ လီဗာပူးလ္အသင္းရဲ႕ AXA ေလ့က်င့္ေရးကြင္းသစ္မွာ မေပ်ာ္႐ႊင္ႏိုင္မယ့္ အေၾကာင္းအရင္းတခုကို ခ်ိမ္ဘာလိန္က ထုတ္ေဖာ္ခဲ့ၿပီး သူ႔ရဲ႕ နာမည္ေရးထိုးထားတဲ့ ဂ်ာစီကို အကယ္ဒမီေဘာလုံးသမားေတြအတြက္ အဝတ္လဲခန္းထဲမွာ စီစဥ္ထားေပးထားလို႔ ျဖစ္ေၾကာင္း ေျပာျပသြားခဲ့။

ဝုဗ္တိုက္စစ္ကစားသမား စပိန္သား အက္ဒမာ ထရာအိုေရးဟာ လီဗာပူးလ္အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ၿပီး ဝုဗ္နည္းျပ ႏူႏိူက ဒီအတြက္ သဘာဝက်က် ျဖစ္သင့္တာေတြ ျဖစ္လာလိမ့္မယ္လို႔ ေျပာျပသြားခဲ့။

အန္ဒီ ေရာ္ဘတ္ဆန္ဟာ ႀကံ့ခိုင္မႈျပည့္ဝၿပီး ဒဏ္ရာကင္းစင္ေနတယ္လို႔ စေကာ့တလန္နည္းျပက အတည္ျပဳသြားခဲ့ၿပီး ဒီေန႔ည အစၥေရးနဲ႔ ကစားမယ့္ ပြဲစဥ္မွာ ပါဝင္ကစားလာဖြယ္ရွိ။

လီဗာပူးလ္အသင္းဟာ ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္ကို စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့တယ္လို႔ သိရၿပီး လစာကို ၄၀ ရာခိုင္ႏႈန္း တိုးျမႇင့္ခဲ့လို႔ တပတ္လုပ္ခလစာ ေပါင္ ၇၅၀၀၀ မွ ေပါင္ ၁၁၀၀၀၀ ကိုတိုးျမႇင့္ရရွိသြားမွာျဖစ္။

အယ္လ္ေဘးနီးယားနဲ႔ ကစားမယ့္ အဂၤလန္ ယူ-၂၁ လူစာရင္းမွာ ရီးစ္ ဝီလီယမ္းစ္ ခ်န္လွပ္ျခင္းခံခဲ့ရၿပီး အေသးစားဒဏ္ရာသာျဖစ္ၿပီး စိုးရိမ္စရာမရွိေၾကာင္း အဂၤလန္ ယူ-၂၁ နည္းျပက အတည္ျပဳခဲ့။

လီဗာပူးလ္ လူငယ္အကယ္ဒမီက နည္းျပနဲ႔ ဝန္ထမ္းေတြအပါအဝင္ ၁၀ ဦးထက္မနည္း ကိုဗစ္ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သိရၿပီး လူငယ္ေလ့က်င့္ေရး အစီအစဥ္တခ်ိဳ႕ကို ဖ်က္သိမ္းခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.