Premier League Transfer News

18 Nov နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ

– လာမယ့် ဝက်စ်ဘရွန်းအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီ ဦးဆောင်လာမယ့် တိုက်စစ်ကို မြင်ရမှာဖြစ်ပြီး မာစီယယ်က ဘယ်ခြမ်းနဲ့ ညာခြမ်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တစ်ဦးဦးကို တွေ့ရနိုင်။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်က အပယ်ခံကစားသမားသုံးဦးဖြစ်တဲ့ ဂိုးသမား ဆာဂျီယို ရိုမဲရိုး၊ နောက်ခံလူ မားကို့စ် ရိုဟိုနဲ့ ဖီးလ်ဂျုံးစ်တို့ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသုံးစရိတ်သက်သာဖို့နဲ့ ငွေကြေးပိုထွက်လာစေဖို့ ရှင်းထုတ်သွားမယ်လို့ နည်းပြ ဆိုးလ်ရှား ညွှန်ကြားထား။

– အသင်းရဲ့ အတူတကွ အောင်မြင်ခဲ့ကြဖူးတဲ့ မန်ချက်စတာယူနိုက်တက် Class of 92 ရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ နစ်ကီဘတ်အသင်းကနေ ထွက်ခွာသွားတာကို အလွန်စိတ်ပျက်ခဲ့ရဖူးတယ်လို့ ပေါလ် စခိုးလ် ထုတ်ဖော်ဝန်ခံသွားခဲ့။

– ယူနိုက်တက်ရဲ့ ပေါ်တူဂီကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ကွင်းလယ်မှာ ပြီးပြည့်စုံတဲ့ ကစားသမားမျိုးဖြစ်ပြီး ရှားရှားပါးပါး ထောက်ပြနိုင်တဲ့ အားနည်းချက်ဆိုလို့ ကိုယ်လုံးကိုယ်ထည် အနည်းငယ်သေးတာလေးတစ်ခုပဲ ရှိတယ်လို့ သူ့ကို ဘိုအာဗစ္စတာ အကယ်ဒမီကနေ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနဲ့ နိုဗာရာအသင်းကို ဆွဲထုတ်ခဲ့တဲ့ ကင်းထောက် မော်ရို ဘော်ဂက်တီသုံးသပ်။

– တောင်အမေရိကဇုန်ခြေစစ်ပွဲမှာ ဘရာဇီးလ်အသင်းသား ရစ်ချာလစ်ဆန်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မိခဲ့တဲ့ ယူနိုက်တက်ရဲ့ ဥရုဂွေးတိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အိမ်ရှင်တို့ ရှုံးပွဲကြုံခဲ့ရ။

– ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် ကိုဗစ်စစ်ဆေးမှု နောက်ဆုံးရလဒ်မှာ နက်ဂတစ် တစ်ဖန်ပြန်လည်ရရှိခဲ့တာကြောင့် ဥရုဂွေးနဲ့ပွဲလူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ဝက်စ်ဘရွန်းနဲ့ ကစားရမယ့် ယူနိုက်တက်အတွက် အဆင်သင့်ဖြစ်ဖွယ်ရှိနေ။

– ပေါ်တူဂီကလပ် စပို့တင်း ဘရာဂါနောက်ခံလူ ဒေးဗစ် ကာမိုကို မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံသင့်တဲ့ ကစားသမားအဖြစ် ရှုမြင်ထားပြီး အသင်းရဲ့ ဗဟိုခံစစ်ဘယ်ခြမ်းမှာ အသုံးပြုနိုင်ဖို့ ဇန်နဝါရီကစပြီး ကြိုးစားသွားဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဝါရင့္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီ ဦးေဆာင္လာမယ့္ တိုက္စစ္ကို ျမင္ရမွာျဖစ္ၿပီး မာစီယယ္က ဘယ္ျခမ္းနဲ႔ ညာျခမ္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တစ္ဦးဦးကို ေတြ႕ရႏိုင္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခံစစ္က အပယ္ခံကစားသမားသုံးဦးျဖစ္တဲ့ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုး၊ ေနာက္ခံလူ မားကို႔စ္ ႐ိုဟိုနဲ႔ ဖီးလ္ဂ်ဳံးစ္တို႔ကို လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အသုံးစရိတ္သက္သာဖို႔နဲ႔ ေငြေၾကးပိုထြက္လာေစဖို႔ ရွင္းထုတ္သြားမယ္လို႔ နည္းျပ ဆိုးလ္ရွား ၫႊန္ၾကားထား။

– အသင္းရဲ႕ အတူတကြ ေအာင္ျမင္ခဲ့ၾကဖူးတဲ့ မန္ခ်က္စတာယူႏိုက္တက္ Class of 92 ရဲ႕ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ နစ္ကီဘတ္အသင္းကေန ထြက္ခြာသြားတာကို အလြန္စိတ္ပ်က္ခဲ့ရဖူးတယ္လို႔ ေပါလ္ စခိုးလ္ ထုတ္ေဖာ္ဝန္ခံသြားခဲ့။

– ယူႏိုက္တက္ရဲ႕ ေပၚတူဂီကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ကြင္းလယ္မွာ ၿပီးျပည့္စုံတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး ရွားရွားပါးပါး ေထာက္ျပႏိုင္တဲ့ အားနည္းခ်က္ဆိုလို႔ ကိုယ္လုံးကိုယ္ထည္ အနည္းငယ္ေသးတာေလးတစ္ခုပဲ ရွိတယ္လို႔ သူ႔ကို ဘိုအာဗစၥတာ အကယ္ဒမီကေန ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝနဲ႔ ႏိုဗာရာအသင္းကို ဆြဲထုတ္ခဲ့တဲ့ ကင္းေထာက္ ေမာ္႐ို ေဘာ္ဂက္တီသုံးသပ္။

– ေတာင္အေမရိကဇုန္ေျခစစ္ပြဲမွာ ဘရာဇီးလ္အသင္းသား ရစ္ခ်ာလစ္ဆန္ကို ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္မိခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ဥ႐ုေဂြးတိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး အိမ္ရွင္တို႔ ရႈံးပြဲႀကဳံခဲ့ရ။

– ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ ကိုဗစ္စစ္ေဆးမႈ ေနာက္ဆုံးရလဒ္မွာ နက္ဂတစ္ တစ္ဖန္ျပန္လည္ရရွိခဲ့တာေၾကာင့္ ဥ႐ုေဂြးနဲ႔ပြဲလူစာရင္းမွာ ပါဝင္ခြင့္ရခဲ့ၿပီး ဝက္စ္ဘ႐ြန္းနဲ႔ ကစားရမယ့္ ယူႏိုက္တက္အတြက္ အဆင္သင့္ျဖစ္ဖြယ္ရွိေန။

– ေပၚတူဂီကလပ္ စပို႔တင္း ဘရာဂါေနာက္ခံလူ ေဒးဗစ္ ကာမိုကို မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ အနာဂတ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံသင့္တဲ့ ကစားသမားအျဖစ္ ရႈျမင္ထားၿပီး အသင္းရဲ႕ ဗဟိုခံစစ္ဘယ္ျခမ္းမွာ အသုံးျပဳႏိုင္ဖို႔ ဇန္နဝါရီကစၿပီး ႀကိဳးစားသြားဖြယ္ရွိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.