Premier League

ချိမ်ဘာလိန်နဲ့ လက်ထပ်ချင်ပြီလို့ စကားကမ်းလှမ်းလိုက်တဲ့ Little Mix အဆိုတော်

ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကတည်းက ဒူးဒဏ်ရာကနေ အနားယူထားရပြီး မြက်ခင်းစိမ်းပေါ်ကနေ ပျောက်ကွယ်နေတဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား အဲလက်စ် အောက်ဇလိတ်-ချိမ်ဘာလိန်ဟာ ချစ်သူဖြစ်တဲ့ Little Mix ဂီတဝိုင်းက အဆိုတော်မလေး ပယ်ရီ အက်ဒ်ဝဒ်နဲ့ လက်ထပ်ဖြစ်ဖို့ အလားအလာကောင်းနေပြီလို့ သိရပါတယ်။.

၂၀၁၆ ခုနှစ်တည်းက လက်တွဲလာခဲ့ကြတဲ့ အဆိုပါစုံတွဲဟာ လက်ထပ်ဖြစ်တော့မလား ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပယ်ရီ အက်ဒ်ဝဒ်က သဲလွန်စပေးသွားခဲ့သလို ချိမ်ဘာလိန်ကသာ လက်ထပ်ခွင့်တောင်းလာခဲ့ရင် အချိန်မရွေး ခေါင်းငြိမ့်လိုက်ဖို့ အဆင်သင့်ရှိနေကြောင်း ဝန်ခံသွားခဲ့ပြီး စကားကမ်းလှမ်းလိုက်တာပါ။

လေးနှစ်ကြာ ငြိတွယ်ခဲ့ကြတဲ့ သံယောဇဉ်အပြီးမှာ အဆိုတော် အက်ဒ်ဝဒ်က နောက်တဆင့် တက်လှမ်းလိုနေတာဖြစ်ပြီး လက်ထပ်ဖြစ်ဖို့အတွက် ချစ်သူက ကမ်းလှမ်းလာတာကို စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ယူကေရဲ့ ပထမအကြိမ် လော့ဒေါင်းကာလကတည်းကနေ လက်ရှိအချိန်ထိ ချိမ်ဘာလိန်ရဲ့ လန်ဒန်က အိမ်မှာ တစ်အိမ်ထဲ အတူတူနေထိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ ချစ်သူသက်တမ်း ၄ နှစ်ပြည့်လာခဲ့ပြီဖြစ်လို့ လက်ရှိ ဒုတိယအကြိမ် လေ့ာဒေါင်းကာလအတွင်းမှာတော့ ချိမ်ဘာလိန်နဲ့ စေ့စပ်ထားချင်ကြောင်း ဆိုထားတာပါ။ ”

” ကျွန်မပြောရရင် သူ့ကို အရမ်းနှစ်ခြိုက်ပါတယ်။ ကျွန်မတို့နှစ်ယောက်က လက်ထပ်ဖို့တော့ အရမ်းမလောချင်ကြပါဘူး။ စဉ်းစဉ်းစားစားပဲ လုပ်သွားကြမှာပါ။ ဒီလိုဆိုပေမယ့် သူ့ဘက်က လက်ထပ်ခွင့်တောင်းလာခဲ့ရင် ကျွန်မဘက်ကတော့ ခေါင်းငြိမ့်လိုက်ဖို့ အမြဲအဆင်သင့်ပါပဲ ” လို့ အက်ဒ်ဝဒ်က ပြောပြသွားခဲ့ပါတယ်။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ၾသဂုတ္လေႏွာင္းပိုင္းကတည္းက ဒူးဒဏ္ရာကေန အနားယူထားရၿပီး ျမက္ခင္းစိမ္းေပၚကေန ေပ်ာက္ကြယ္ေနတဲ့ လီဗာပူးလ္တိုက္စစ္ကစားသမား အဲလက္စ္ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္ဟာ ခ်စ္သူျဖစ္တဲ့ Little Mix ဂီတဝိုင္းက အဆိုေတာ္မေလး ပယ္ရီ အက္ဒဝဒ္နဲ႕ လက္ထပ္ျဖစ္ဖို႔ အလားအလာေကာင္းေနၿပီလို႔ သိရပါတယ္။.

၂၀၁၆ ခုႏွစ္တည္းက လက္တြဲလာခဲ့ၾကတဲ့ အဆိုပါစုံတြဲဟာ လက္ထပ္ျဖစ္ေတာ့မလား ဆိုတဲ့ ေမးခြန္းနဲ႕ပတ္သက္ၿပီး ပယ္ရီ အက္ဒ္ဝဒ္က သဲလြန္စေပးသြားခဲ့သလို ခ်ိိိမ္ဘာလိန္ကသာ လက္ထပ္ခြင့္ေတာင္းလာခဲ့ရင္ အခ်ိန္မေ႐ြး ေခါင္းၿငိမ့္လိုက္ဖို႔ အဆင္သင့္ရွိေနေၾကာင္း ဝန္ခံသြားခဲ့ၿပီး စကားကမ္းလွမ္းလိုက္တာပါ။

ေလးႏွစ္ၾကာ ၿငိတြယ္ခဲ့ၾကတဲ့ သံေယာဇဥ္အၿပီးမွာ အဆိုေတာ္ အက္ဒ္ဝဒ္က ေနာက္တဆင့္ တက္လွမ္းလိုေနတာျဖစ္ၿပီး လက္ထပ္ျဖစ္ဖို႔အတြက္ ခ်စ္သူက ကမ္းလွမ္းလာတာကို ေစာင့္ဆိုင္းေနၿပီျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ ယူေကရဲ႕ ပထမအႀကိမ္ ေလာ့ေဒါင္းကာလကတည္းကေန လက္ရွိအခ်ိန္ထိ ခ်ိမ္ဘာလိန္ရဲ႕ လန္ဒန္က အိမ္မွာ တစ္အိမ္ထဲ အတူတူေနထိုင္ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။ သူမဟာ ခ်စ္သူသက္တမ္း ၄ ႏွစ္ျပည့္လာခဲ့ၿပီ​ျဖစ္လို႔ လက္ရွိ ဒုတိယအႀကိမ္ ေလ့ာေဒါင္းကာလအတြင္းမွာေတာ့ ခ်ိမ္ဘာလိန္နဲ႕ ေစ့စပ္ထားခ်င္ေၾကာင္း ဆိုထားတာပါ။ ”

” ကြၽန္မေျပာရရင္ သူ႕ကို အရမ္းႏွစ္ၿခိဳက္ပါတယ္။ ကြၽန္မတို႔ႏွစ္ေယာက္က လက္ထပ္ဖို႔ေတာ့ အရမ္းမေလာခ်င္ၾကပါဘူး။ စဥ္းစဥ္းစားစားပဲ လုပ္သြားၾကမွာပါ။ ဒီလိုဆိုေပမယ့္ သူ႕ဘက္က လက္ထပ္ခြင့္ေတာင္းလာခဲ့ရင္ ကြၽန္မဘက္ကေတာ့ ေခါင္းၿငိမ့္လိုက္ဖို႔ အၿမဲအဆင္သင့္ပါပဲ ” လို႔ အက္ဒ္ဝဒ္က ေျပာျပသြားခဲ့ပါတယ္။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.