Premier League

17 Nov – နေ့လည်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေစဥ် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ မိုဆာလားဟာ ရောဂါလက္ခဏာသက်သာလာခဲ့ပြီဖြစ်လို့ လာမယ့် ကြာသာပတေးနေ့၊ ဒုတိယအကြိမ် ရောဂါစစ်ဆေးမှုမှာ Negative ဖြစ်ခဲ့ရင် လီဗာပူးလ်အသင်းထံ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်။

မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် နစ်နာစေတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ဖူးပြီး စုံစမ်းစစ်ဆေးခံခဲ့ရကာ တာဝန်က ရပ်ဆိုင်းခံထားရတဲ့ ဒေးဗစ် ကူတီဟာ လာမယ့် လက်စတာနဲ့ပွဲမှာ VAR ဒိုင်အဖြစ် ပြန်လည်ကိုင်တွယ်သွားမှာဖြစ်လို့ လီဗာပူးလ်ပရိသတ်တွေ အံ့အားသင့်ခဲ့ရ။

ဒေါင်ဒေါင်မြည် ဗဟိုခံစစ်မှူးအဖြစ် မာတစ်ပ်တဦးသာ ကျန်ရှိနေတဲ့ အနေအထားမှာ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဗဟိုခံစစ်မှူး အလာဘာကို လာမယ့်ဇန်နဝါရီအတွင်း အရခေါ်ယူသွားဖို့ လှုပ်ရှားနေပြီဖြစ်ကြောင်း သိရ။

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အမှန်တကယ် အနိုင်ရသူက မိမိဖြစ်တယ်လို့ တွစ်တာမှာ ရေးတင်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ၂၀၁၇ ခုနှစ်က မိမိတို့လည်း လီဗာပူးလ်အသင်းကို ၇ ဂိုး ဂိုးမရှိ နိုင်ခဲ့ဖူးကြောင်း ရုရှားကလပ် စပါးတပ်မော်စကိုအသင်းက လှောင်ပြောင်သွားခဲ့ပြီး လီဗာပူးလ်အသင်းကသာ ၇ ဂိုးပြတ်နဲ့ ထိုစဥ်က အနိုင်ယူသွားခဲ့ခြင်းဖြစ်။

လာမယ့် ၂၂ ရက်နေ့မှာ ကစားရမယ့် လက်စတာအသင်းနဲ့ပွဲစဥ်ကို လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်နဲ့ တိုက်စစ်မှူး မိုဆာလားတို့က သေချာပေါက်လွဲချော်သွားမည်ဖြစ်ပြီး အန်ဒီ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေကိုလည်း စောင့်ကြည့်နေရဆဲဖြစ်ကာ ဖာဘင်ညို နဲ့ သီယာဂိုအယ်လ်ကန်တာရာတို့ ပွဲထွက်လာနိုင်ဖွယ်ရှိ။

စပိန်ကလပ် ရီးယဲလ်ဆိုစီဒက် (B) အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဇာဘီ အလွန်ဆိုဟာ နာမည်ကောင်းတွေ ထွက်ပေါ်နေပြီး လီဗာပူးလ် ဂန္ထဝင်ကစားသမား စတီဗင် ဂျရတ်ရဲ့နောက်မှာ အထင်ကြီးလောက်စရာ နည်းပြဘဝ စွမ်းဆောင်ရည်ကိုပြသထားနိူင်ကြောင်းသိရ။

လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ သရေကျခဲ့ပွဲစဥ်မှာ တိုက်စစ်မှူး မာနေးရခဲ့တဲ့ ပင်နယ်တီဟာ ခိုင်လ်ဝေါ်လ်ကာရဲ့ တုံးအမှုကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း Sky Sports အစီအစဥ်တင်ဆက်မှုအတွင်း မှတ်ချက်ပေးခဲ့တဲ့ ရွိုင်ကိန်းဟာ မန်စီးတီးအသင်းရဲ့ တိုင်ကြားသတိပေးခြင်းကို ခံထားရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီဂ်စ္လက္ေ႐ြးစင္အသင္းနဲ႕ ပူးေပါင္းေနစဥ္ ကိုဗစ္ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့တဲ့ မိုဆာလားဟာ ေရာဂါလကၡဏာသက္သာလာခဲ့ၿပီျဖစ္လို႔ လာမယ့္ ၾကာသာပေတးေန႕၊ ဒုတိယအႀကိမ္ ေရာဂါစစ္ေဆးမႈမွာ Negative ျဖစ္ခဲ့ရင္ လီဗာပူးလ္အသင္းထံ ျပန္လည္ေရာက္ရွိလာေတာ့မည္ျဖစ္။

မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် နစ်နာစေတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ဖူးပြီး စုံစမ်းစစ်ဆေးခံခဲ့ရကာ တာဝန်က ရပ်ဆိုင်းခံထားရတဲ့ ဒေးဗစ် ကူတီဟာ လာမယ့် လက်စတာနဲ့ပွဲမှာ VAR ဒိုင်အဖြစ် ပြန်လည်ကိုင်တွယ်သွားမှာဖြစ်လို့ လီဗာပူးလ်ပရိသတ်တွေ အံ့အားသင့်ခဲ့ရ။

ေဒါင္ေဒါင္ျမည္ ဗဟိုခံစစ္မႉးအျဖစ္ မာတစ္ပ္တဦးသာ က်န္ရွိေနတဲ့ အေနအထားမွာ လီဗာပူးလ္အသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ဗဟိုခံစစ္မႉး အလာဘာကို လာမယ့္ဇန္နဝါရီအတြင္း အရေခၚယူသြားဖို႔ လႈပ္ရွားေနၿပီျဖစ္ေၾကာင္း သိရ။

အေမရိကန္ သမၼတေ႐ြးေကာက္ပြဲမွာ အမွန္တကယ္ အနိုင္ရသူက မိမိျဖစ္တယ္လို႔ တြစ္တာမွာ ေရးတင္ခဲ့တဲ့ သမၼတ ေဒၚနယ္ထရမ့္ပ္ကို ၂၀၁၇ ခုႏွစ္က မိမိတို႔လည္း လီဗာပူးလ္အသင္းကို ၇ ဂိုး ဂိုးမရွိ နိုင္ခဲ့ဖူးေၾကာင္း ႐ုရွားကလပ္ စပါးတပ္ေမာ္စကိုအသင္းက ေလွာင္ေျပာင္သြားခဲ့ၿပီး လီဗာပူးလ္အသင္းကသာ ၇ ဂိုးျပတ္နဲ႕ ထိုစဥ္က အနိုင္ယူသြားခဲ့ျခင္းျဖစ္။

လာမယ့္ ၂၂ ရက္ေန႕မွာ ကစားရမယ့္ လက္စတာအသင္းနဲ႕ပြဲစဥ္ကို လီဗာပူးလ္ကြင္းလယ္လူ ဟန္ဒါဆန္နဲ႕ တိုက္စစ္မႉး မိုဆာလားတို႔က ေသခ်ာေပါက္လြဲေခ်ာ္သြားမည္ျဖစ္ၿပီး အန္ဒီ ေရာ္ဘတ္ဆန္ရဲ႕ ဒဏ္ရာအေျခအေနကိုလည္း ေစာင့္ၾကည့္ေနရဆဲျဖစ္ကာ ဖာဘင္ညို နဲ႕ သီယာဂိုအယ္လ္ကန္တာရာတို႔ ပြဲထြက္လာနိုင္ဖြယ္ရွိ။

စပိန္ကလပ္ ရီးယဲလ္ဆိုစီဒက္ (B) အသင္းကို နည္းျပအျဖစ္ ကိုင္တြယ္ေနတဲ့ ဇာဘီ အလြန္ဆိုဟာ နာမည္ေကာင္းေတြ ထြက္ေပၚေနၿပီး လီဗာပူးလ္ ဂႏၳဝင္ကစားသမား စတီဗင္ ဂ်ရတ္ရဲ႕ေနာက္မွာ အထင္ႀကီးေလာက္စရာ နည္းျပဘဝ စြမ္းေဆာင္ရည္ကိုျပသထားနိူင္ေၾကာင္းသိရ။

လီဗာပူးလ္အသင္းနဲ႕ မန္စီးတီးအသင္းတို႔ သေရက်ခဲ့ပြဲစဥ္မွာ တိုက္စစ္မႉး မာေနးရခဲ့တဲ့ ပင္နယ္တီဟာ ခိုင္လ္ေဝၚလ္ကာရဲ႕ တုံးအမႈေၾကာင့္ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း Sky Sports အစီအစဥ္တင္ဆက္မႈအတြင္း မွတ္ခ်က္ေပးခဲ့တဲ့ ႐ြိုင္ကိန္းဟာ မန္စီးတီးအသင္းရဲ႕ တိုင္ၾကားသတိေပးျခင္းကို ခံထားရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.