Premier League Transfer News

16 Nov နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– တောင်ပံကစားသမားသစ် ဟာကင်းမ် ဇီးယက်ရှ်ရဲ့ ဘောလုံးအမြင်ဟာ အံ့သြဖွယ်ရာကောင်းလောက်အောင် ထူးချွန်ပြီး ဒီလိုလူမျိုးကမှ ချဲလ်ဆီးအသင်းကို ဆုဖလားတွေဆီ စိန်ခေါ်ရာလမ်းကြောင်းမှာ မောင်းနှင်ပေးနိုင်မယ့်သူလို့ ကွင်းလယ်လူဟောင်း ဖာဘရီဂက်စ် ချီးကျူး။

– ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားဟောင်း ရာဘီဆန်ဒရာတာနာက အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ မာကျောချင်တယ်ဆိုရင် ချဲလ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို အသေရရ အရှင်ရရ ခေါ်ယူဖို့ပဲ ရှိတယ်လို့ တိုက်တွန်း။

– ဘယ်လ်ဂျီယမ်နဲ့ ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်မှာ ပထမပိုင်းမပြီးခင် အာဆင်နယ်ကစားသမား ဆာကာနဲ့ လူစားလဲခဲ့ရတဲ့ ဘန် ချေးဝဲလ်ရဲ့ ဒဏ်ရာအတွက် စိုးရိမ်နေရပြီး ဒဏ်ရာဟောင်း မဟုတ်ခဲ့တာအတွက်တော့ အနည်းငယ် စိတ်သက်သာဖွယ်ရှိ။

– ဆာဒီယို မာနေးရဲ့ သွင်းဂိုးတစ်ဂိုးသာ ရရှိခဲ့တဲ့ ဆီနီဂေါအသင်းကို Clean Sheet နဲ့ အနိုင်ရရှိအောင် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား အေဒူယာ မန်ဒီဟာ တကယ့်အဖိုးတန်ရတနာတစ်ပါးပဲလို့ ချဲလ်ဆီးပရိသတ်တွေ ချီးကျူးနေကြ။

– ချဲလ်ဆီးအသင်းရဲ့ ပိုလျှံကစားသမားတွေဖြစ်ကြတဲ့ မားကို့စ် အလွန်ဆိုနဲ့ တီမူး ဘာကာယိုကိုတို့အတွက် ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ နာပိုလီအသင်းတို့က ကမ်းလှမ်းဖို့ အသီးသီးစိတ်ဝင်စားနေကြပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဂျရုမ်း ဘိုတန်းကိုတော့ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးစားသွားဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ CHO လို့ အတိုကောက် ချစ်စနိုးခေါ်ကြတဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ သူ့ရဲ့ ဖနောင့်ကြောဒဏ်ရာကနေ အပြည့်အဝ သက်သာဖို့ ကြိုးစားနေရဆဲဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် လုပ်ဆောင်နေကြောင်း ပရိသတ်တွေကို အသိပေး ပြောကြား။

– အသင်းကြီးတွေက စိတ်ဝင်စားနေခဲ့တဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို လက်လွှတ်ခဲ့ရမယ်ဆိုရင် အက်စတန်ဗီလာအသင်းအနေနဲ့ ချဲလ်ဆီးအသင်းကနေ အငှားခေါ်ယူထားခဲ့တဲ့ ရော့စ် ဘာကလီကို အပြီးသတ် ခေါ်ယူသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေတာင္ပံကစားသမားသစ္ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ ေဘာလုံးအျမင္ဟာ အံ့ၾသဖြယ္ရာေကာင္းေလာက္ေအာင္ ထူးခြၽန္ၿပီး ဒီလိုလူမ်ိဳးကမွ ခ်ဲလ္ဆီးအသင္းကို ဆုဖလားေတြဆီ စိန္ေခၚရာလမ္းေၾကာင္းမွာ ေမာင္းႏွင္ေပးႏိုင္မယ့္သူလို႔ ကြင္းလယ္လူေဟာင္း ဖာဘရီဂက္စ္ ခ်ီးက်ဴး။

– ပီအက္စ္ဂ်ီအသင္းရဲ႕ ကစားသမားေဟာင္း ရာဘီဆန္ဒရာတာနာက အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္မွာ မာေက်ာခ်င္တယ္ဆိုရင္ ခ်ဲလ္ဆီးအသင္းရဲ႕ ျပင္သစ္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို အေသရရ အရွင္ရရ ေခၚယူဖို႔ပဲ ရွိတယ္လို႔ တိုက္တြန္း။

– ဘယ္လ္ဂ်ီယမ္နဲ႔ ကစားခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ပြဲစဥ္မွာ ပထမပိုင္းမၿပီးခင္ အာဆင္နယ္ကစားသမား ဆာကာနဲ႔ လူစားလဲခဲ့ရတဲ့ ဘန္ ေခ်းဝဲလ္ရဲ႕ ဒဏ္ရာအတြက္ စိုးရိမ္ေနရၿပီး ဒဏ္ရာေဟာင္း မဟုတ္ခဲ့တာအတြက္ေတာ့ အနည္းငယ္ စိတ္သက္သာဖြယ္ရွိ။

– ဆာဒီယို မာေနးရဲ႕ သြင္းဂိုးတစ္ဂိုးသာ ရရွိခဲ့တဲ့ ဆီနီေဂါအသင္းကို Clean Sheet နဲ႔ အႏိုင္ရရွိေအာင္ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား ေအဒူယာ မန္ဒီဟာ တကယ့္အဖိုးတန္ရတနာတစ္ပါးပဲလို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– ခ်ဲလ္ဆီးအသင္းရဲ႕ ပိုလွ်ံကစားသမားေတြျဖစ္ၾကတဲ့ မားကို႔စ္ အလြန္ဆိုနဲ႔ တီမူး ဘာကာယိုကိုတို႔အတြက္ ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ နာပိုလီအသင္းတို႔က ကမ္းလွမ္းဖို႔ အသီးသီးစိတ္ဝင္စားေနၾကၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ ဂ်႐ုမ္း ဘိုတန္းကိုေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ ျပန္လည္ ေခၚေဆာင္ဖို႔ ႀကိဳးစားသြားဖြယ္ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ CHO လို႔ အတိုေကာက္ ခ်စ္စႏိုးေခၚၾကတဲ့ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းအေနနဲ႔ သူ႔ရဲ႕ ဖေနာင့္ေၾကာဒဏ္ရာကေန အျပည့္အဝ သက္သာဖို႔ ႀကိဳးစားေနရဆဲျဖစ္ၿပီး တစ္ေန႔ထက္တစ္ေန႔ ပိုေကာင္းေအာင္ လုပ္ေဆာင္ေနေၾကာင္း ပရိသတ္ေတြကို အသိေပး ေျပာၾကား။

– အသင္းႀကီးေတြက စိတ္ဝင္စားေနခဲ့တဲ့ သူတို႔ရဲ႕ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို လက္လႊတ္ခဲ့ရမယ္ဆိုရင္ အက္စတန္ဗီလာအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းကေန အငွားေခၚယူထားခဲ့တဲ့ ေရာ့စ္ ဘာကလီကို အၿပီးသတ္ ေခၚယူသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.