Premier League

” မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ပါတယ်”လို့ ဖာနန်ဒက်စ်ပြော

ကျွန်တော်တို့ ယူနိုက်တက်အသင်းအနေနဲ့ ရာသီအစကို ခက်ခဲစွာ စတင်ခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းမှာ ဒီဘောလုံးရာသီမှာ ပရီးမီယားလိဂ်ဖလားကို ရယူနိုင်တဲ့ အခွင့်အရေးနဲ့ စိတ်အားထက်သန်မှု ရှိနေတုန်းပါလို့ ဖာနန်ဒက်စ်က ပြောခဲ့ပါတယ်။

ယခုအခါ ယူနိုက်တက်အသင်းအနေနဲ့ ၇ ပွဲကစားအပြီး ၃ ပွဲနိုင် ၊ ၃ ပွဲရှုံး ၊ ၁ ပွဲသရေ ရလဒ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရှိနေပေမယ့် ဖာနန်ဒက်စ်ကတော့ ” သရဲနီတွေဟာ သူတို့ အထက်က အသင်းတွေနဲ့ လိုက်နှိုင်းယှဉ်ပြီး စိတ်မပျက်စေသင့်ဘူး ”

” ကျွန်တော့်အတွက်တော့ အခြားအသင်းတွေနဲ့ ပတ်သတ်ပြီး (လက်ရှိရလဒ်တွေနဲ့ ) ဘာမှ မဖြစ်ပါဘူး။
သူတို့တွေက ကျွန်တော်တို့ထက် ပိုကောင်းတယ်။ သူတို့ ပွဲထွက် ၁၁ ယောက်က ကျွန်တော်တို့ထက် ပိုကောင်းသလို အရန်ခုံက ကစားသမားတွေကလည်း ပိုကောင်းပါတယ်ဆိုပြီး လူတွေက ပြောကြတယ်။
လူတိုင်းဟာ သူတို့ ထင်ရာကို ပြောခွင့်ရှိကြပါတယ်။ ဒီလိုပြောနေတာတွေကို ကျွန်တော့်အနေနဲ့ကတော့
ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ” လို့ UTD Podcast ကို ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဲလက်စ်ဖာဂူဆန်နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၂၀၁၂-၁၃ မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို နောက်ဆုံးရရှိပြီးနောက်ပိုင်း ပရီးမီယားလိဂ်ဆုဖလားနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဖာနန်ဒက်စ်ကတော့ ယခုလက်ရှိအသင်းအစုအဖွဲ့အနေနဲ့ တကယ်မဆုတ်မနစ် ကြိုးစားရင် ဖလားလက်မဲ့ကာလကို ရပ်တန့်နိုင်လိမ့်မယ်လို့လည်း အခိုင်အမာပြောခဲ့ပါတယ်။

” ယူနိုက်တက်လို ပရီးမီယားလိဂ်ဖလားကို ခဏခဏရရှိနေတဲ့ အကြိမ်ရေအများဆုံးရရှိခဲ့တဲ့အသင်းအနေနဲ့ ခုလို ဆုဖလားတွေ မရရှိတဲ့အချိန်ကာလတခုမှာ တခြားအသင်းတွေထက် ပိုမိုကြာညောင်းတယ်လို့ ထင်ကြတတ်ပါတယ်။ ယူနိုက်တက် ကစားသမားတွေအားလဲုံးကော ဝန်ထမ်းတွေအားလုံးရဲ့ စိတ်ထဲမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မကြာမြင့်မီ ပြန်ရရှိမယ်လို့ ခိုင်မာစွာ ယုံကြည်ထားကြပါတယ် ” လို့ ဖာနန်ဒက်စ်က ထပ်မံပြောသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အသင်းဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဝက်စ်ဘရွန်းအသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်လို့ အနိုင် ၃ မှတ် ရယူနိုင်ဖို့ သေချာနေပြီး ပရီးမီယားလိဂ် အမှတ်ပေးဇယား၏ ထိပ်ပိုင်းနားကို ပြန်လည် တက်လှမ်းလာဖို့ အခွင့်အရေးရှိနေပါတယ်။

Ref : utd podcast , thescore
Photos Credit to onwers
SPORTS A2Z

ZAWGYI:

ကြၽန္ေတာ္တို႔ ယူႏိုက္တက္အသင္းအေနနဲ႔ ရာသီအစကို ခက္ခဲစြာ စတင္ခဲ့ရပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္အသင္းမွာ ဒီေဘာလုံးရာသီမွာ ပရီးမီယားလိဂ္ဖလားကို ရယူႏိုင္တဲ့ အခြင့္အေရးနဲ႔ စိတ္အားထက္သန္မႈ ရွိေနတုန္းပါလို႔ ဖာနန္ဒက္စ္က ေျပာခဲ့ပါတယ္။

ယခုအခါ ယူႏိုက္တက္အသင္းအေနနဲ႔ ၇ ပြဲကစားအၿပီး ၃ ပြဲႏိုင္ ၊ ၃ ပြဲရႈံး ၊ ၁ ပြဲသေရ ရလဒ္ျဖင့္ အမွတ္ေပးဇယား အဆင့္ ၁၄ မွာ ရွိေနေပမယ့္ ဖာနန္ဒက္စ္ကေတာ့ ” သရဲနီေတြဟာ သူတို႔ အထက္က အသင္းေတြနဲ႔ လိုက္ႏႈိင္းယွဥ္ၿပီး စိတ္မပ်က္ေစသင့္ဘူး ”

” ကြၽန္ေတာ့္အတြက္ေတာ့ အျခားအသင္းေတြနဲ႔ ပတ္သတ္ၿပီး (လက္ရွိရလဒ္ေတြနဲ႔ ) ဘာမွ မျဖစ္ပါဘူး။
သူတို႔ေတြက ကြၽန္ေတာ္တို႔ထက္ ပိုေကာင္းတယ္။ သူတို႔ ပြဲထြက္ ၁၁ ေယာက္က ကြၽန္ေတာ္တို႔ထက္ ပိုေကာင္းသလို အရန္ခုံက ကစားသမားေတြကလည္း ပိုေကာင္းပါတယ္ဆိုၿပီး လူေတြက ေျပာၾကတယ္။
လူတိုင္းဟာ သူတို႔ ထင္ရာကို ေျပာခြင့္ရွိၾကပါတယ္။ ဒီလိုေျပာေနတာေတြကို ကြၽန္ေတာ့္အေနနဲ႔ကေတာ့
ဂ႐ုစိုက္ေနမွာ မဟုတ္ပါဘူး။ ” လို႔ UTD Podcast ကို ေျပာခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အဲလက္စ္ဖာဂူဆန္ေနာက္ဆုံးကိုင္တြယ္ခဲ့တဲ့ ၂၀၁၂-၁၃ မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဖလားကို ေနာက္ဆုံးရရွိၿပီးေနာက္ပိုင္း ပရီးမီယားလိဂ္ဆုဖလားနဲ႔ ေဝးကြာေနခဲ့တာျဖစ္ပါတယ္။
သို႔ေသာ္လည္း ဖာနန္ဒက္စ္ကေတာ့ ယခုလက္ရွိအသင္းအစုအဖြဲ႕အေနနဲ႔ တကယ္မဆုတ္မနစ္ ႀကိဳးစားရင္ ဖလားလက္မဲ့ကာလကို ရပ္တန႔္ႏိုင္လိမ့္မယ္လို႔လည္း အခိုင္အမာေျပာခဲ့ပါတယ္။

” ယူႏိုက္တက္လို ပရီးမီယားလိဂ္ဖလားကို ခဏခဏရရွိေနတဲ့ အႀကိမ္ေရအမ်ားဆုံးရရွိခဲ့တဲ့အသင္းအေနနဲ႔ ခုလို ဆုဖလားေတြ မရရွိတဲ့အခ်ိန္ကာလတခုမွာ တျခားအသင္းေတြထက္ ပိုမိုၾကာေညာင္းတယ္လို႔ ထင္ၾကတတ္ပါတယ္။ ယူႏိုက္တက္ ကစားသမားေတြအားလဲုံးေကာ ဝန္ထမ္းေတြအားလုံးရဲ႕ စိတ္ထဲမွာ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို မၾကာျမင့္မီ ျပန္ရရွိမယ္လို႔ ခိုင္မာစြာ ယုံၾကည္ထားၾကပါတယ္ ” လို႔ ဖာနန္ဒက္စ္က ထပ္မံေျပာသြားခဲ့ပါတယ္။

ဖာနန္ဒက္စ္ရဲ႕ ယူႏိုက္တက္အသင္းဟာ ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ကစားရမွာ ျဖစ္လို႔ အႏိုင္ ၃ မွတ္ ရယူႏိုင္ဖို႔ ေသခ်ာေနၿပီး ပရီးမီယားလိဂ္ အမွတ္ေပးဇယား၏ ထိပ္ပိုင္းနားကို ျပန္လည္ တက္လွမ္းလာဖို႔ အခြင့္အေရးရွိေနပါတယ္။