Premier League

၁၄.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဆာလားဟာ အီဂျစ်အသင်းအတွက် နိုင်ငံတကာပွဲ သွားရောက်ကစားပေးစဥ်မှာပဲ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ အီဂျစ် ဘောလုံးအဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ခဲ့ပြီး အီဂျစ်မှာ နေထိုင်ကုသသွားမှာဖြစ်ကြောင်း သိရ။

ဘရာဇီးလ်အသင်းဖော် မီနီနိုမှာ ကိုဗစ် Positive ဖြစ်ခဲ့တာကြောင့် ဖာမီနို နဲ့ အယ်လစ်ဆန် ဘက်ကာတို့ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာမှာ Negative အဖြေထွက်ခဲ့ပြီး ဗင်နီဇွဲလားနဲ့ ပွဲစဥ်မှာ ဖာမီနို ပါဝင်ကစားနိုင်ခဲ့ကြောင်း သိရကာ ဂိုးသွင်းနိိုင်ခဲ့။

တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ဖာဘင်ညိုဟာ ကလပ်အသင်းနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေနိုင်ပြီလို့ သိရပြီး လာမယ့် လက်စတာနဲ့ပွဲမှာ မိုဆာလားကို လက်လွှတ်ရဖွယ်ရှိနေတဲ့ နည်းပြ ကလော့ပ်အတွက် သတင်းကောင်းဖြစ်လာ။

ဘယ်ဘက် ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်အောင်မြင်ခဲ့တဲ့ ဂျိုးဂိုးမက်ဇ်ဟာ လက်ရှိမှာ ဒဏ်ရာသက်သာရေးအတွက် အာရုံတစိုက်လုပ်ဆောင်နေကြောင်း ပရိသတ်တွေထံ သတင်းပေးသွားခဲ့ပြီး အရင်ကထက် အသန်မာဆုံး ပြန်လာခဲ့မှာဖြစ်ကြောင်း ကြုံးဝါးခဲ့။

လီဗာပူးလ်အသင်းကို နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားရယူပေးခဲ့ပြီး စကော့တလန်အသင်းကိုလည်း ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ယူရိုပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ရော်ဘတ်ဆန်ကို အင်္ဂလန်အသင်းသားတွေဖြစ်တဲ့ အာနိုးလ်ဒ်၊ ဟန်ဒါဆန် နဲ့ ဂိုးမက်ဇ်တို့က အဦးဆုံး ဂုဏ်ပြုခဲ့ကြ။

လီဗာပူးလ် ဂန္ထဝင်ကစားသမား ဂျွန်အော့ဒရစ်ဂျ်က နည်းပြကလော့ပ်အနေနဲ့ အသင်းရဲ့ ဗဟိုခံစစ်မှူးနေရာမှာ ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်ကို ကစားစေသင့်ကြောင်း အကြံပြုခဲ့ပြီး ခံစစ်ကို ဦးဆောင်ဖို့ သူနဲ့သာ အသင့်တော်ဆုံးဖြစ်ကြောင်း တိုက်တွန်းသွားခဲ့။

မိုဆာလား မပါဝင်ဘဲ ပွဲထွက်လာမယ့် လီဗာပူးလ်အသင်းရဲ့ လူစာရင်းအတွက် လက်စတာနည်းပြ ရော့ဂျားစ် ခေါင်းခဲနေကြောင်း သိရပြီး ခန့်မှန်းရခက်ခဲမယ့် အခြေအနေအတွက် သူ့အသင်းရဲ့ လူရွေးချယ်မှုကို သတိထားနေရကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းရဲ႕ အဓိကတိုက္စစ္မႉး မိုဆာလားဟာ အီဂ်စ္အသင္းအတြက္ နိုင္ငံတကာပြဲ သြားေရာက္ကစားေပးစဥ္မွာပဲ ကိုဗစ္ေရာဂါပိုးကူးစက္ခံခဲ့ရတယ္လို႔ အီဂ်စ္ ေဘာလုံးအဖြဲ႕ခ်ဳပ္က တရားဝင္ထုတ္ျပန္ခဲ့ၿပီး အီဂ်စ္မွာ ေနထိုင္ကုသသြားမွာျဖစ္ေၾကာင္း သိရ။

ဘရာဇီးလ္အသင္းေဖာ္ မီနီနိုမွာ ကိုဗစ္ Positive ျဖစ္ခဲ့တာေၾကာင့္ ဖာမီနို နဲ႕ အယ္လစ္ဆန္ ဘက္ကာတို႔ကို ကိုရိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးခဲ့ရာမွာ Negative အေျဖထြက္ခဲ့ၿပီး ဗင္နီဇြဲလားနဲ႕ ပြဲစဥ္မွာ ဖာမီနို ပါဝင္ကစားနိုင္ခဲ့ေၾကာင္း သိရကာ ဂိုးသြင္းနိိုင္ခဲ့။

တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့တဲ့ ဖာဘင္ညိုဟာ ကလပ္အသင္းနဲ႕အတူ ေလ့က်င့္ေရးျပန္ဆင္းေနနိုင္ၿပီလို႔ သိရၿပီး လာမယ့္ လက္စတာနဲ႕ပြဲမွာ မိုဆာလားကို လက္လႊတ္ရဖြယ္ရွိေနတဲ့ နည္းျပ ကေလာ့ပ္အတြက္ သတင္းေကာင္းျဖစ္လာ။

ဘယ္ဘက္ ဒူးအ႐ြတ္ဒဏ္ရာကို ခြဲစိတ္ေအာင္ျမင္ခဲ့တဲ့ ဂ်ိဳးဂိုးမက္ဇ္ဟာ လက္ရွိမွာ ဒဏ္ရာသက္သာေရးအတြက္ အာ႐ုံတစိုက္လုပ္ေဆာင္ေနေၾကာင္း ပရိသတ္ေတြထံ သတင္းေပးသြားခဲ့ၿပီး အရင္ကထက္ အသန္မာဆုံး ျပန္လာခဲ့မွာျဖစ္ေၾကာင္း ႀကဳံးဝါးခဲ့။

လီဗာပူးလ္အသင္းကို ႏွစ္ ၃၀ ၾကာ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားရယူေပးခဲ့ၿပီး စေကာ့တလန္အသင္းကိုလည္း ၂၂ ႏွစ္ၾကာ ေဝးကြာေနတဲ့ ယူရိုၿပိဳင္ပြဲဆီ ပို႔ေဆာင္ေပးနိုင္ခဲ့တဲ့ ေရာ္ဘတ္ဆန္ကို အဂၤလန္အသင္းသားေတြျဖစ္တဲ့ အာနိုးလ္ဒ္၊ ဟန္ဒါဆန္ နဲ႕ ဂိုးမက္ဇ္တို႔က အဦးဆုံး ဂုဏ္ျပဳခဲ့ၾက။

လီဗာပူးလ္ ဂႏၳဝင္ကစားသမား ဂြၽန္ေအာ့ဒရစ္ဂ်္က နည္းျပကေလာ့ပ္အေနနဲ႕ အသင္းရဲ႕ ဗဟိုခံစစ္မႉးေနရာမွာ ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ကစားေစသင့္ေၾကာင္း အႀကံျပဳခဲ့ၿပီး ခံစစ္ကို ဦးေဆာင္ဖို႔ သူနဲ႕သာ အသင့္ေတာ္ဆုံးျဖစ္ေၾကာင္း တိုက္တြန္းသြားခဲ့။

မိုဆာလား မပါဝင္ဘဲ ပြဲထြက္လာမယ့္ လီဗာပူးလ္အသင္းရဲ႕ လူစာရင္းအတြက္ လက္စတာနည္းျပ ေရာ့ဂ်ားစ္ ေခါင္းခဲေနေၾကာင္း သိရၿပီး ခန့္မွန္းရခက္ခဲမယ့္ အေျခအေနအတြက္ သူ႕အသင္းရဲ႕ လူေ႐ြးခ်ယ္မႈကို သတိထားေနရေၾကာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.