Premier League Transfer News

14 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ရဲ့ ခြေစွမ်းနဲ့ အနာဂတ်ကတော့ အမ်းမရိတ်မှာ စိုးရိမ်စရာဖြစ်နေပြီး အခွင့်အရေး များစွာကို ဖြုန်းတီးပစ်ခဲ့တဲ့အပြင် ဒီပုံစံက ထိပ်တန်းတိုက်စစ်မှူးရဲ့ အဆင့်မျိုး မဟုတ်ကြောင်း Goal ဂျာနယ်လစ် ချားလ်စ်ဝပ် ဝေဖန်။

– လက်ရွေးစင်အသင်းဖော်ဟောင်း တိုနီ ခရူးစ်နဲ့ အာဆင်နယ်အသင်းဖော် ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ဖြစ်ပွားနေခဲ့တဲ့ ပြဿနာမှာ သူ့တိုက်စစ်မှူးရဲ့ အောင်ပွဲခံပုံဘက်ကပဲ အိုဇေးလ်ရပ်တည်သွားခဲ့ပြီး အသင်းစိတ်ဓာတ်ကို ပြသွားခဲ့တဲ့အပြင် ပရိသတ်တွေရဲ့ စိတ်နှလုံးကိုပါ သိမ်းကျုံးရယူနိုင်ခဲ့။

– ပြင်သစ်ယူ-၂၁ အသင်းက လစ်ချင်စတိန်းအသင်းကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟာသာဘာလင်အသင်းဆီကို အငှားချထားတဲ့ အာဆင်နယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီက ထောင့်ကန်ဘောကနေ နှစ်ကြိမ်ပါဝင်ဖန်တီးပေးနိုင်ခဲ့။

– အာဆင်နယ်အသင်းရဲ့ အားဖြည့်မှုအသစ်အဖြစ် ရှုမြင်ထားတဲ့ ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို ခေါ်ယူဖို့အတွက်ကတော့ ခက်ခဲဖွယ်ရှိလာပြီး ညီအစ်မအသင်း လိုက်ပ်ဇစ်အပြင် ရီးရဲလ်မက်ဒရစ်ရဲ့ ရန်ကိုပါ ရင်ဆိုင်လာရဖွယ်ရှိနေ။

– ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း အာဆင်နယ်တောင်ပံကစားသမား နီကိုလာ ပေပေဟာ အရည်အသွေးမြင့်မားသူတစ်ဦးဖြစ်ပြီး ကွင်းထဲမှာ တစ်ဖက်အသင်းကို ဟန်ချက်ပျက်အောင် လုပ်နိုင်သူဖြစ်သလို ဘောလုံးကျွမ်းကျင်မှုကောင်းမွန်သူလို့ လိုင်လီမှာ ဆုံတွေ့ခဲ့ဖူးတဲ့ လိဒ်စ်ယူနိုက်တက် နည်းပြ ဘီယယ်လ်ဆာချီးကျူး။

– ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရှိမှာတော့ နေရာပျောက်ဆုံးဆဲဖြစ်တဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီက စိန်ခေါ်မှုသစ်တွေအတွက် အမ်းမရိတ်ကွင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားခဲ့ပြီးဖြစ်ကြောင်းနဲ့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စီစဉ်ထားကြောင်းဆို။

– ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ဂါနာစီနီယာကွင်းလယ်လူ မိုက်ကယ် အက်ဆီယန် အောင်မြင်ခဲ့သလိုမျိုးပဲ အာဆင်နယ်အသင်းမှာ သူလုပ်ပြနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ကွင်းလယ်လူ သောမတ်စ် ပါတေးက သူ့ရဲ့ ရည်ရွယ်ချက်ကို ပြသ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.