Premier League Transfer News

14 Nov နံနက်ခင်း မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ကောလဟာလ သက်သက်သာ ဖြစ်ကြောင်းနဲ့ ဘာချိတ်ဆက်မှုမှ မရှိသေးဘူးလို့ သက်ဆိုင်သူတွေ ရှင်းလင်း။

– ဖင်လန်နဲ့ပွဲမှာ ဆိုးရွားတဲ့ ခြေစွမ်းကို ပြသခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာရဲ့ ပုံစံကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ စိတ်ပျက်နေပြီး သူ့ရဲ့ အမူအရာနဲ့ ဘောလုံးဆုံးရှုံးတဲ့ ပုံစံက ဘေးဆိုးတစ်ခုလိုပဲလို့ ဝေဖန်ခံထားရ။

– ပြီးခဲ့တဲ့ စပိန်နဲ့ နယ်သာလန်တို့ရဲ့ ခြေစမ်းပွဲစဉ်မှာ ယူနိုက်တက်ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်နဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားတို့ အင်္ကျီချင်း အသီးသီးလဲလှယ်သွားခဲ့ကြ။

– ခြေစွမ်းကျဆင်းတတ်တာ၊ ပုံစံကောင်းမရတာက ကစားသမားတိုင်း ကြုံတွေ့ရမယ့် ပြဿနာတစ်ခုသာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းအတွက် မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုက ဘာမှ မဆိုင်ခဲ့ကြောင်း ဆန်ချိုရှင်းလင်း။

– ဘင်ဖီကာအသင်းရဲ့ နောက်ခံလူ ဒေးဗစ် ကာမိုကို မန်ချက်စတာယူနိုက်တက်အသင်းစိတ်ဝင်စားနေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဘယ်သန်ဗဟိုနောက်ခံလူအဖြစ် ခေါ်ယူပေးနိုင်ဖို့ ချိတ်ဆက်စုံစမ်းထား။

– ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာယူနိုက်တက်ကို ရောက်ဖို့ တော်တော်ကြီးကို နီးစပ်ခဲ့ပြီး အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် သဘောမတူညီနိုင်ခဲ့ကြလို့သာ ဝုလ်ဗ်စ်မှာ ဆက်ရှိနေတာလို့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်ဆို။

– နောက်နှစ် နွေရာသီမှာ အလွတ်နဲ့ ရရှိနိုင်မယ့် အေစီမီလန်ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးကို ယူနိုက်တက်ဘက်က စိတ်ဝင်စားမှုမှန်ကန်ကြောင်း အေးဂျင့် အတည်ပြုသွားခဲ့ပေမယ့် ကမ်းလှမ်းမှုတစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်း ထုတ်ဖော်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္လည္း ေကာလဟာလ သက္သက္သာ ျဖစ္ေၾကာင္းနဲ႔ ဘာခ်ိတ္ဆက္မွဳမွ မရွိေသးဘူးလို႔ သက္ဆုိင္သူေတြ ရွင္းလင္း။

– ဖင္လန္နဲ႔ပြဲမွာ ဆုိးရြားတဲ့ ေျခစြမ္းကို ျပသခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာရဲ႕ ပုံစံကို မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ စိတ္ပ်က္ေနၿပီး သူ႕ရဲ႕ အမူအရာနဲ႔ ေဘာလုံးဆုံးရွဳံးတဲ့ ပုံစံက ေဘးဆုိးတစ္ခုလိုပဲလို႔ ေဝဖန္ခံထားရ။

– ၿပီးခဲ့တဲ့ စပိန္နဲ႔ နယ္သာလန္တုိ႔ရဲ႕ ေျခစမ္းပြဲစဥ္မွာ ယူႏုိက္တက္ကစားသမားေတြျဖစ္ၾကတဲ့ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္နဲ႔ ဂိုးသမား ေဒးဗစ္ ဒေဟးယားတုိ႔ အက်ႌခ်င္း အသီးသီးလဲလွယ္သြားခဲ့ၾက။

– ေျခစြမ္းက်ဆင္းတတ္တာ၊ ပုံစံေကာင္းမရတာက ကစားသမားတုိင္း ႀကဳံေတြ႕ရမယ့္ ျပႆနာတစ္ခုသာျဖစ္ၿပီး သူ႕ရဲ႕ ေျခစြမ္းအတြက္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ စိတ္ဝင္စားမွဳက ဘာမွ မဆုိင္ခဲ့ေၾကာင္း ဆန္ခ်ဳိရွင္းလင္း။

– ဘင္ဖီကာအသင္းရဲ႕ ေနာက္ခံလူ ေဒးဗစ္ ကာမိုကို မန္ခ်က္စတာယူႏိုက္တက္အသင္းစိတ္ဝင္စားေနၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားရဲ႕ လိုအပ္ခ်က္ျဖစ္တဲ့ ဘယ္သန္ဗဟိုေနာက္ခံလူအျဖစ္ ေခၚယူေပးႏုိင္ဖို႔ ခ်ိတ္ဆက္စုံစမ္းထား။

– ၿပီးခဲ့တဲ့ ေႏြရာသီက မန္ခ်က္စတာယူႏုိက္တက္ကို ေရာက္ဖို႔ ေတာ္ေတာ္ႀကီးကို နီးစပ္ခဲ့ၿပီး အသင္းႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးအတြက္ သေဘာမတူညီႏုိင္ခဲ့ၾကလုိ႔သာ ဝုလ္ဗ္စ္မွာ ဆက္ရွိေနတာလို႔ တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္ဆို။

– ေနာက္ႏွစ္ ေႏြရာသီမွာ အလြတ္နဲ႔ ရရွိႏုိင္မယ့္ ေအစီမီလန္ကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးကို ယူႏုိက္တက္ဘက္က စိတ္ဝင္စားမွဳမွန္ကန္ေၾကာင္း ေအးဂ်င့္ အတည္ျပဳသြားခဲ့ေပမယ့္ ကမ္းလွမ္းမွဳတစ္စုံတစ္ရာ မျပဳလုပ္ရေသးေၾကာင္း ထုတ္ေဖာ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.