Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာစီးတီး ညပိုင်းသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာတော့မယ့် အဲရစ် ဂါစီယာအနေနဲ့ ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်က ကြားဝင်လာခဲ့ပြီး အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ရဲ့ ရေရှည်စားထိုးမှုအဖြစ် ရည်ရွယ်ထား။

– ဆာဂျီယို အဂွေရိုရဲ့ စာချုပ်သစ် မသေချာသေးတဲ့ အနေအထားမှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ဇန်နဝါရီမှာ လီဗာပူးလ်အသင်းနဲ့ အပြိုင်လုဖွယ်ရှိပြီး စာချုပ်လျော်ကြေးပဲ ပေးချေသွားရဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က ပြိုင်ဘက်အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားကို ချီးကျူးလိုက်ပြီး သူကစားတာကို ကြည့်ရတာ အမြဲတမ်း ရင်သပ်ရှုမောဖြစ်စေတယ်လို့ လေးစားမှုပြသသွား။

– နာဂဲလ်စ်မန်းရဲ့ RB လိုက်ပ်ဇစ်အသင်းမှာ ခြေစွမ်းပြနေပြီး ဘွန်ဒက်စ်လီဂါသွင်းဂိုးသုံးဂိုးကို ဒီရာသီမှာ ရရှိထားခဲ့တဲ့ နောက်ခံလူ အန်ဟဲလီညိုအတွက် မန်စီးတီးရဲ့ အငှားချတဲ့ ဆုံးဖြတ်ချက် မှားယွင်းပြီလို့ ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့ကြပြီး ဂျာမန်ကလပ်အနေနဲ့ သူ့ကို ပေါင် ၁၆.၃ သန်းနဲ့ ခေါ်ယူနိုင်ခွင့်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ပစ်မှတ်ထဲမှာ မိုချန်ဂလာဘက်ချ်ရဲ့ ဇာကာရီးယားအပြင် အက်စတန်ဗီလာက သူတို့ရဲ့ ကစားသမားဟောင်း ဒေါက်ဂလပ်စ် လူးဝစ်ဇ်ပါ ပါဝင်နေပြီး ဒီရာသီမှာ ပြန်ခေါ်ရင် ပေါင် ၂၅ သန်းနဲ့ လာမယ့်ရာသီမှာ ပေါင်သန်း ၃၀ ကျသင့်နိုင်။

– ဘာစီလိုနာအသင်းကနေ လာမယ့်နွေရာသီမှာ ထွက်ခွာတော့မယ့် လီယွန်နယ် မက်ဆီရဲ့ အနာဂတ်အသင်းက ဘယ်အသင်းဖြစ်မယ်လို့ သေချာပေါက် မပြောနိုင်သေးပေမယ့် မန်ချက်စတာစီးတီးကတော့ နောက်ဆုံးသိရှိထားခဲ့ရတဲ့အတိုင်း ထိပ်ဆုံးက ဦးဆောင်နေ။

– တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို ပါးလ်မီးရပ်စ်က ထွက်ခွာမယ်ဆိုတုန်းက အင်တာမီလန်အသင်းကလည်း အသည်းအသန် အလိုရှိနေခဲ့ပေမယ့် ကစားသမားဆီကို တိုက်ရိုက်ဖုန်းခေါ်ခဲ့တဲ့ ဂွါဒီယိုလာက ကိုယ်စားလှယ်တွေနဲ့ လွှဲထားတဲ့ ရောဘတ်တို မန်စီနီထက် အသာရခဲ့တာဖြစ်ကြောင်း အေးဂျင့်ထုတ်ဖော်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

– မန္ခ်က္စတာစီးတီးအသင္းကေန ထြက္ခြာေတာ့မယ့္ အဲရစ္ ဂါစီယာအေနနဲ႔ ဘာစီလိုနာအသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိေနေပမယ့္ ရီးရဲလ္မက္ဒရစ္က ၾကားဝင္လာခဲ့ၿပီး အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ရဲ႕ ေရရွည္စားထိုးမႈအျဖစ္ ရည္႐ြယ္ထား။

– ဆာဂ်ီယို အေဂြ႐ိုရဲ႕ စာခ်ဳပ္သစ္ မေသခ်ာေသးတဲ့ အေနအထားမွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ဇန္နဝါရီမွာ လီဗာပူးလ္အသင္းနဲ႔ အၿပိဳင္လုဖြယ္ရွိၿပီး စာခ်ဳပ္ေလ်ာ္ေၾကးပဲ ေပးေခ်သြားရဖြယ္ရွိေန။

– လီဗာပူးလ္အသင္းနဲ႔ အဂၤလန္ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားကို ခ်ီးက်ဴးလိုက္ၿပီး သူကစားတာကို ၾကည့္ရတာ အၿမဲတမ္း ရင္သပ္ရႈေမာျဖစ္ေစတယ္လို႔ ေလးစားမႈျပသသြား။

– နာဂဲလ္စ္မန္းရဲ႕ RB လိုက္ပ္ဇစ္အသင္းမွာ ေျခစြမ္းျပေနၿပီး ဘြန္ဒက္စ္လီဂါသြင္းဂိုးသုံးဂိုးကို ဒီရာသီမွာ ရရွိထားခဲ့တဲ့ ေနာက္ခံလူ အန္ဟဲလီညိဳအတြက္ မန္စီးတီးရဲ႕ အငွားခ်တဲ့ ဆုံးျဖတ္ခ်က္ မွားယြင္းၿပီလို႔ ကြၽမ္းက်င္သူေတြ သုံးသပ္ခဲ့ၾကၿပီး ဂ်ာမန္ကလပ္အေနနဲ႔ သူ႔ကို ေပါင္ ၁၆.၃ သန္းနဲ႔ ေခၚယူႏိုင္ခြင့္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္ပစ္မွတ္ထဲမွာ မိုခ်န္ဂလာဘက္ခ်္ရဲ႕ ဇာကာရီးယားအျပင္ အက္စတန္ဗီလာက သူတို႔ရဲ႕ ကစားသမားေဟာင္း ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ပါ ပါဝင္ေနၿပီး ဒီရာသီမွာ ျပန္ေခၚရင္ ေပါင္ ၂၅ သန္းနဲ႔ လာမယ့္ရာသီမွာ ေပါင္သန္း ၃၀ က်သင့္ႏိုင္။

– ဘာစီလိုနာအသင္းကေန လာမယ့္ေႏြရာသီမွာ ထြက္ခြာေတာ့မယ့္ လီယြန္နယ္ မက္ဆီရဲ႕ အနာဂတ္အသင္းက ဘယ္အသင္းျဖစ္မယ္လို႔ ေသခ်ာေပါက္ မေျပာႏိုင္ေသးေပမယ့္ မန္ခ်က္စတာစီးတီးကေတာ့ ေနာက္ဆုံးသိရွိထားခဲ့ရတဲ့အတိုင္း ထိပ္ဆုံးက ဦးေဆာင္ေန။

– တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို ပါးလ္မီးရပ္စ္က ထြက္ခြာမယ္ဆိုတုန္းက အင္တာမီလန္အသင္းကလည္း အသည္းအသန္ အလိုရွိေနခဲ့ေပမယ့္ ကစားသမားဆီကို တိုက္႐ိုက္ဖုန္းေခၚခဲ့တဲ့ ဂြါဒီယိုလာက ကိုယ္စားလွယ္ေတြနဲ႔ လႊဲထားတဲ့ ေရာဘတ္တို မန္စီနီထက္ အသာရခဲ့တာျဖစ္ေၾကာင္း ေအးဂ်င့္ထုတ္ေဖာ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.