Premier League

၁၄.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လကြယ္၊ စေနေန႔။

၁၄.၁၁.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ သီတင္းကၽြတ္လကြယ္၊ စေနေန႔။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၅:၁၇ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ ၁၄ လုံးတြင္ သိဒၶိယုဂ္၊ ေအာင္ျမင္ၿပီးေျမာက္ျပည့္စုံေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၁၅ လုံးတြင္ မတယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၂၁:၀၈ အထိ သြာတိနကၡတ္။ ေက်ာ္လွ်င္ ဝိသာခါနကၡတ္။ နံနက္ ၈:၂၉ အထိ အယုသၼာန္ယုဂ္၊ အသက္ရွည္ျခင္း၊ က်န္းမာျခင္း၊ က်န္းမာေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ား၊ ေဆးဝါးမွီဝဲျခင္း၊ ေဆး႐ုံေဆးခန္း တက္ေရာက္၍ ခြဲစိတ္ျခင္း၊ ကုသမႈ ခံယူျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၄:၁၄ အထိ ေသာဘဂ်ယုဂ္၊ ကံေကာင္းမွဳ၊ ေပ်ာ္ရႊင္မွဳ၊ ကံစမ္းျခင္းႏွင့္ မိမိအတြက္ အခြင့္အေရးရယူလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေသာဘဏယုဂ္၊ လွပမွဳ၊ က်က္သေရတင့္တယ္ျခင္း၊ စိတ္ေပ်ာ္ေမြ႕ျခင္း၊ သက္ဆုိင္ရာ ေနရာမ်ားအား အလွဆင္ျခင္း၊ သန္႔ရွင္းစင္ၾကယ္ေအာင္လုပ္ျခင္းျဖင့္ ကံဖြင့္ လာဘ္ဖြင့္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၅:၁၇ အထိ သကုဏိက႐ိုဏ္း၊ အ႐ိုအေသေပးျခင္း၊ အႀကံေပးျခင္း၊ စိတ္တန္ခိုးရွိျခင္း၊ ကုစားႏိုင္ျခင္း၊ အတိုင္ပင္ခံ အႀကံေပးႏုိင္သည့္အခါ ျဖစ္ၿပီး မိမိ၏ ဉာဏ္ပညာအတို္င္း ေစတနာထား၍ အကူအညီေပးပါ။ နံနက္ ၁:၂၆ အထိ စတုပၸါဒက႐ိုဏ္း၊ အႀကီးအကဲ၊ ဘိုးဘြား၊ သူေတာ္စင္မ်ားႏွင့္ သက္ဆိုင္သည့္ တစ္လတြင္ တစ္ခါသာရွိသည့္ က႐ိုဏ္းျဖစ္သည္။ အေလးအျမတ္ျပဳ ပူေဇာ္ပါ။ အႀကံဉာဏ္၊ အဆုံးအမအား ခံယူပါ။ ေက်ာ္လွ်င္ နာဂဝက႐ိုဏ္း၊ ရက္စက္ၾကမ္းၾကဳတ္ေသာ အလိုဆႏၵရွိျခင္း၊ စိတ္ေကာင္းမရွိျခင္း၊ အႏၲရာယ္မ်ားျခင္း၊ မတည္ၿငိမ္ျခင္းစသည့္ ထိန္းခ်ဳပ္ထားသင့္သည့္ ဆႏၵမ်ား ေပၚထြက္လာတတ္၍ သူေတာ္ေကာင္းတရားႏွင့္ ဆင္ျခင္ပါေလ။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ညေန ၁၅:၁၇ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၄.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လကွယ်၊ စနေနေ့။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၅:၁၇ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ ၁၄ လုံးတွင် သိဒ္ဓိယုဂ်၊ အောင်မြင်ပြီးမြောက်ပြည့်စုံစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၁၅ လုံးတွင် မတယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၂၁:၀၈ အထိ သွာတိနက္ခတ်။ ကျော်လျှင် ဝိသာခါနက္ခတ်။ နံနက် ၈:၂၉ အထိ အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၄:၁၄ အထိ သောဘဂျယုဂ်၊ ကံကောင်းမှု၊ ပျော်ရွှင်မှု၊ ကံစမ်းခြင်းနှင့် မိမိအတွက် အခွင့်အရေးရယူလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၅:၁၇ အထိ သကုဏိကရိုဏ်း၊ အရိုအသေပေးခြင်း၊ အကြံပေးခြင်း၊ စိတ်တန်ခိုးရှိခြင်း၊ ကုစားနိုင်ခြင်း၊ အတိုင်ပင်ခံ အကြံပေးနိုင်သည့်အခါ ဖြစ်ပြီး မိမိ၏ ဉာဏ်ပညာအတိုင်း စေတနာထား၍ အကူအညီပေးပါ။ နံနက် ၁:၂၆ အထိ စတုပ္ပါဒကရိုဏ်း၊ အကြီးအကဲ၊ ဘိုးဘွား၊ သူတော်စင်များနှင့် သက်ဆိုင်သည့် တစ်လတွင် တစ်ခါသာရှိသည့် ကရိုဏ်းဖြစ်သည်။ အလေးအမြတ်ပြု ပူဇော်ပါ။ အကြံဉာဏ်၊ အဆုံးအမအား ခံယူပါ။ ကျော်လျှင် နာဂဝကရိုဏ်း၊ ရက်စက်ကြမ်းကြုတ်သော အလိုဆန္ဒရှိခြင်း၊ စိတ်ကောင်းမရှိခြင်း၊ အန္တရာယ်များခြင်း၊ မတည်ငြိမ်ခြင်းစသည့် ထိန်းချုပ်ထားသင့်သည့် ဆန္ဒများ ပေါ်ထွက်လာတတ်၍ သူတော်ကောင်းတရားနှင့် ဆင်ခြင်ပါလေ။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ညနေ ၁၅:၁၇ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)