Premier League

အာဆင်နယ်အပါယ်ခံ အိုဇေးလ် သူ၏ကိုယ်ပိုင် အဝတ်အစားဘရန်းအသစ် ထွက်ရှိကြောင်း ကြေငြာမိတ်ဆက်

အာဆင်နယ်အသင်းမှာ တပတ်လုပ်ခငွေ ပေါင် ၃၅၀၀၀၀ အထိ ရရှိထားပေမယ့် ပွဲထွက်ကစားစရာမလိုဘဲ ကစားသမားဘဝမှာ အချိန်ဖြုန်းနေရတဲ့ အိုဇေးလ်ဟာ အားလပ်ချိန်မှာ စီစဥ်ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ကိုယ်ပိုင် အဝတ်အစားဘရန်းအသစ် ထွက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးမနက်က M10 Streetwear ဆိုတဲ့ အဝတ်အစားအမှတ်တံဆိပ်ကို ကြေငြာသွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ မတ်လကတည်းက မြက်ခင်းစိမ်းမှာ တရားဝင် ဘောလုံးကစားနိုင်ခြင်း မရှိတော့တဲ့ အိုဇေးလ်ဟာ ကိုယ်ပိုင်လုပ်ငန်း စီးပွားရေးဘက်ကို ခြေလှမ်းထားဖို့ ပြင်ဆင်နေတာပါ။

နည်းပြအာတီတာရဲ့ ဆုံးဖြတ်ချက်နဲ့ အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ထားခံရပြီး လာမယ့် ဇန်နဝါရီလအထိ အသင်းရဲ့ ပရီးမီးယားလိဂ်ရော ဥရောပ ယူရိုပါလိဂ်ပွဲစဥ်တွေကို ပါဝင်ကစားခွင့် မရှိတော့တဲ့ အိုဇေးလ်ဟာ ကွင်းတွင်း အခြေအနေကို စိတ်ပျက်ကာ စိတ်ပါဝင်စားမှု လျော့ကျသွားပြီး ကွင်းပြင်ပပိုင်း လှုပ်ရှားမှုမှာသာ ပိုမိုအာရုံစိုက်ဖြစ်သွားခဲ့တယ်လို့ ဆိုရမှာပါ။

အိုဇေးလ်ဟာ သူထုတ်ခဲ့တဲ့ M10 အဝတ်အစားတံဆိပ်ကို ဆိုရှယ်မီဒီယာကနေတဆင့် သူ့ရဲ့ဖော်လိုဝါတွေကို ကြေငြာမိတ်ဆက်ပေးသွားခဲ့တာဖြစ်ပြီး ထသွားထလာ ပေါ့ပေါ့ပါးပါးနဲ့ နေ့စဥ် ဝတ်ဆင်နိုင်မယ့် အဝတ်အစားမျိုးဖြစ်တယ်လို့ သိရှိရပါတယ်။

အိုဇေးလ်ရဲ့ လုပ်ငန်းအသစ်ဖြစ်တဲ့ M10 Streetwear အမှတ်တံဆိပ်ကနေ ရိုးရှင်းပေါ့ပါးပြီး ဖက်ရှင်ကျစေတဲ့ ခေါင်းစွပ်အကျီ ဟူဒီ၊ တီရှပ်၊ ဦးထုပ်၊ နဲ့ အခြားဖက်ရှင် အသုံးအဆောင်တွေဖြစ်တဲ့ ကျောပိုးအိတ်၊ ဖုန်း case နဲ့ ခါးသိုင်းအိတ်တွေပါ ထုတ်လုပ်ဖြန့်ချီသွားမှာဖြစ်ပြီး ဟူဒီတွေဆိုရင် ပေါင် ၄၀ ဝန်းကျင် နဲ့ တီရှပ်ဆိုရင်တော့ ဒီဇိုင်း အပေါ်မူတည်ပြီး ပေါင် ၂၀ ဝန်းကျင် ကျသင့်မှာဖြစ်တယ်လို့ သိရတာမို့ အာဆင်နယ်နဲ့ အိုဇေးလ်အမာခံပရိသတ်တွေက အမှတ်တရ ပစ္စည်းတွေအဖြစ် ဝယ်ယူစုဆောင်းဖို့အတွက် စတင်မေးမြန်းစုံစမ်းကြပြီလို့ သိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းမွာ တပတ္လုပ္ခေငြ ေပါင္ ၃၅၀၀၀၀ အထိ ရရွိထားေပမယ့္ ပြဲထြက္ကစားစရာမလိုဘဲ ကစားသမားဘဝမွာ အခ်ိန္ျဖဳန္းေနရတဲ့ အိုေဇးလ္ဟာ အားလပ္ခ်ိန္မွာ စီစဥ္ျပဳလုပ္ခဲ့တဲ့ သူ႕ရဲ႕ ကိုယ္ပိုင္ အဝတ္အစားဘရန္းအသစ္ ထြက္ရွိလာၿပီျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ၾကာသာပေတးမနက္က M10 Streetwear ဆိုတဲ့ အဝတ္အစားအမွတ္တံဆိပ္ကို ေၾကျငာသြားခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ မတ္လကတည္းက ျမက္ခင္းစိမ္းမွာ တရားဝင္ ေဘာလုံးကစားနိုင္ျခင္း မရွိေတာ့တဲ့ အိုေဇးလ္ဟာ ကိုယ္ပိုင္လုပ္ငန္း စီးပြားေရးဘက္ကို ေျခလွမ္းထားဖို႔ ျပင္ဆင္ေနတာပါ။

နည္းျပအာတီတာရဲ႕ ဆုံးျဖတ္ခ်က္နဲ႕ အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန ခ်န္လွပ္ထားခံရၿပီး လာမယ့္ ဇန္နဝါရီလအထိ အသင္းရဲ႕ ပရီးမီးယားလိဂ္ေရာ ဥေရာပ ယူရိုပါလိဂ္ပြဲစဥ္ေတြကို ပါဝင္ကစားခြင့္ မရွိေတာ့တဲ့ အိုေဇးလ္ဟာ ကြင္းတြင္း အေျခအေနကို စိတ္ပ်က္ကာ စိတ္ပါဝင္စားမႈ ေလ်ာ့က်သြားၿပီး ကြင္းျပင္ပပိုင္း လႈပ္ရွားမႈမွာသာ ပိုမိုအာ႐ုံစိုက္ျဖစ္သြားခဲ့တယ္လို႔ ဆိုရမွာပါ။

အိုေဇးလ္ဟာ သူထုတ္ခဲ့တဲ့ M10 အဝတ္အစားတံဆိပ္ကို ဆိုရွယ္မီဒီယာကေနတဆင့္ သူ႕ရဲ႕ေဖာ္လိုဝါေတြကို ေၾကျငာမိတ္ဆက္ေပးသြားခဲ့တာျဖစ္ၿပီး ထသြားထလာ ေပါ့ေပါ့ပါးပါးနဲ႕ ေန႕စဥ္ ဝတ္ဆင္နိုင္မယ့္ အဝတ္အစားမ်ိဳးျဖစ္တယ္လို႔ သိရွိရပါတယ္။

အိုေဇးလ္ရဲ႕ လုပ္ငန္းအသစ္ျဖစ္တဲ့ M10 Streetwear အမွတ္တံဆိပ္ကေန ရိုးရွင္းေပါ့ပါးၿပီး ဖက္ရွင္က်ေစတဲ့ ေခါင္းစြပ္အက်ီ ဟူဒီ၊ တီရွပ္၊ ဦးထုပ္၊ နဲ႕ အျခားဖက္ရွင္ အသုံးအေဆာင္ေတြျဖစ္တဲ့ ေက်ာပိုးအိတ္၊ ဖုန္း case နဲ႕ ခါးသိုင္းအိတ္ေတြပါ ထုတ္လုပ္ျဖန့္ခ်ီသြားမွာျဖစ္ၿပီး ဟူဒီေတြဆိုရင္ ေပါင္ ၄၀ ဝန္းက်င္ နဲ႕ တီရွပ္ဆိုရင္ေတာ့ ဒီဇိုင္း အေပၚမူတည္ၿပီး ေပါင္ ၂၀ ဝန္းက်င္ က်သင့္မွာျဖစ္တယ္လို႔ သိရတာမို႔ အာဆင္နယ္နဲ႕ အိုေဇးလ္အမာခံပရိသတ္ေတြက အမွတ္တရ ပစၥည္းေတြအျဖစ္ ဝယ္ယူစုေဆာင္းဖို႔အတြက္ စတင္ေမးျမန္းစုံစမ္းၾကၿပီလို႔ သိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.