Premier League

၁၃.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ယူ-၂၁ စကော့တလန်အသင်းအတွက် လူစားဝင် ကစားခွင့်ရရှိခဲ့တဲ့ ချယ်လ်ဆီး လူငယ်ကစားသမား ဘီလီ ဂီးလ်မိုးဟာ ခရိုအေးရှား အသင်းနဲ့ပွဲစဥ်၊ မိနစ် ၆၀ ကျော်မှာ လူစားဝင်လာခဲ့ပြီးနောက် ၇၁ မိနစ်မှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရ။

ဟာကင်းမ် ဇီးယက်ရှ်ရဲ့ ခြေစွမ်းဟာ ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ အီဒင် ဟာဇက်နဲ့ ဖာဘရီဂတ်စ်တို့နှစ်ဦးကို ပေါင်းစပ်ထားတဲ့ ခြေစွမ်းမျိုးဖြစ်တယ်လို့ ချယ်လ်ဆီး တောင်ပံ ကစားသမားဟောင်း ပတ်နီဗင် ချီးကျူးမှုပြုလုပ်ခဲ့။

ရီးယဲလ်မက်ဒရစ်အသင်းကို ငြင်းဆန်ခဲ့ပြီး
အင်္ဂလန်မှာ ​အခြေချခဲ့တာဟာ တကိုယ်ရည်တိုးတက်မှုအတွက် အရေးပါခဲ့ကြောင်းနဲ့ ချယ်လ်ဆီးအသင်းဟာ ဆုဖလားတွေနဲ့ ထိုက်တန်တဲ့အသင်းဖြစ်ပြီး ဆုဖလားတွေကို အရယူသွားမှာဖြစ်ကြောင်း ခိုင်ဟာဗတ်ဇ် ထုတ်ဖော်ခဲ့။

အင်္ဂလန်အသင်းမှာ ရွေးချယ် ခေါ်ယူခံခဲ့ရတဲ့ မေဆန် မောင့်အပေါ် ဝေဖန်ထိုးနှက်မှုတွေဟာ အခြေအမြစ်မရှိ၊ မမျှတတဲ့စွပ်စွဲမှုတွေသာ ဖြစ်ကြောင်း ဂန္ထဝင်ကစားသမားဟောင်းတွေဖြစ်တဲ့ အီယန် ရိုက်နဲ့ အက်ရှ်လေကိုးလ်တို့က ကာကွယ်ပေးသွားခဲ့။

ဘာစီလိုနာအသင်းရဲ့ အသက် ၁၇ နှစ်အရွယ် ဘယ်တောင်ပံ လူငယ်ကြယ်ပွင့်ကစားသမား Alejandro Balde နဲ့ ရာသီကုန်မှာ အလွတ်​ပြောင်းရွှေ့ကြေး ဖြစ်လာမယ့် ဘိုင်ယန်မြူးနစ် ဗဟိုခံစစ်မှူး ဂျေမီ ဘိုတန်တို့ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်း စိတ်ဝင်စားနေ။

ချယ်လ်ဆီးအသင်းရဲ့ လူငယ်​ခြေတက် အကယ်ဒမီကစားသမားဖြစ်တဲ့ အသက် ၁၈ နှစ်သား ကွင်းလယ်လူ လူးဝစ္စ ဘိတ်ဟာ မေဆန် မောင့် နဲ့ ဘီလီ ဂီးလ်မိုးတို့ရဲ့ ခြေရာကိုနင်းကာ ပထမလူစာရင်းမှာ ရွေးချယ်ခံရဖွယ်ရှိနေ။

အသက်ကိုးနှစ်သားတည်းက ခိုလှုံခဲ့တဲ့ ချယ်လ်ဆီးအသင်းကို စွန့်ခွာခံရတာဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ခဲ့ဘဲ မိမိဟာ ရည်မှန်းချက်ကြီးမားသူ ဖြစ်တာကြောင့် ကစားသမားဘဝ နောက်တဆင့် တက်လှမ်းလိုပြီး ဘရိုက်တန်က ပွဲထွက်ခွင့်ကမ်းလှမ်းလာချိန်မှာ မငြင်းဆန်နိုင်ခဲ့ဘူးလို့ ချယ်လ်ဆီးကစားသမားဟောင်း ဘရိုက်တန်ညာနောက်ခံလူ လမ့်ပ်တေးဝန်ခံ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.