Premier League

၁၃.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ဒူးဒဏ်ရာရရှိခဲ့တဲ့ ဂျိုးဂိုးမက်ဇ်ကို ဒူးအရွတ်ကြော ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီလို့ လီဗာပူးလ်အသင်းက တရားဝင်ထုတ်ပြန်ခဲ့ပြီး အသင်းဆေးအဖွဲ့ရဲ့ ကူညီနဲ့အတူ သူ့ရဲ့ ပြန်လည်ကြံ့ခိုင်ရေးအစီအစဥ်အတွက် အာရုံစိုက် လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်းသိရကာ ရာသီမကုန်မီ ပြန်လည်ကစားနိုင်ဖွယ်ရှိ။

ခံစစ်ပိုင်းစွမ်းဆောင်ရည်အရ ချယ်လ်ဆီးညာနောက်ခံလူ ရီးစ်ဂျိမ်းက ထရန့် အလက်ဇန်းဒါး အားနိုးလ်ထက် ပိုသာလွန်တဲ့ကစားသမားဖြစ်ကြောင်း လီဗာပူးလ်ကစားသမားဟောင်း ဂလန်း ဂျွန်ဆင်က နှိုင်းယှဥ်ခဲ့ပြီး ရီးစ်ဂျိမ်းဟာ အင်္ဂလန်အသင်းမှာ အာနိုးလ်ကို ဆက်ခံသူဖြစ်လာမယ်လို့ သုံးသပ်ခဲ့။

ဗန်ဒိုက်၊ အာနိုးလ် နဲ့ ဂိုးမက်ဇ်တို့ကို လက်လွှတ်ခဲ့ရတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်ကြောင်းကို အားဖြည့်ဖို့ နာမည်ကြီး ယူပါမီကာနို၊ ဒေးဗစ် အလာဘာ၊ အီဒါ မီလီတောင် တို့နဲ့အတူ ဘန်ဝှိုက် နဲ့ အိုဇန် ကာဘက်တို့ ၅ ဦးကို ပစ်မှတ်ထားပြီး ချိတ်ဆက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း ကောလဟလများ ထွက်ပေါ်နေ။

ဘရာဇီးလ်အသင်းနဲ့ ပူးပေါင်းနေတဲ့ အယ်လစ်ဆန် ဘက်ခါ နဲ့ ဖာမီနိုတို့ဟာ လက်ရွေးစင်အသင်းဖော် ဂါဘရီယယ်လ် မီနီနိုမှာ ကိုရိုနာဗိုင်းစ်ကူးစက်ခြင်းခံခဲ့ရတာကြောင့် ၁၄ ရက်ကြာ သီးသန့်ခွဲ နေထိုင်ရတော့မှာဖြစ်ပြီး လက်စတာနဲ့ပွဲကို လွဲချော်သွားဖွယ်ရှိ။

ညာနောက်ခံနေရာရော ဗဟိုခံစစ်နေရာပါ ကစားနိုင်တဲ့ ဒတ်ချ်ကစားသမား ယန်းမတ်ဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး နည်းပြ ကလော့ပ်ရဲ့ အရေးပေါ်အစီအစဥ်ထဲ ပါဝင်လာဖွယ်ရှိပြီး ခံစစ်ပိုင်း ရေတိုအားဖြည့်ဖို့ လက်ပူတိုက် ခေါ်ယူသွားဖွယ်ရှိနေ။

အသက် ၂၈ နှစ်အရွယ် ဂိုးသမား အယ်လစ်ဆန် ဘက်ကာဟာ ကစားသမားဘဝ နေဝင်ချိန်မှာ ဇာတိမြေဘရာဇီးလ်ကို ပြန်ပြီး ငယ်ဘဝအသင်းဖြစ်တဲ့ အင်တာနေရှယ်နယ်အတွက် ပြန်လည်ပေးဆပ်ပြီးမှ ကစားသမားဘဝကနေ အနားယူမှာဖြစ်ကြောင်း အနာဂတ်အကြောင်း ထုတ်ဖော်ခဲ့။

လီဗာပူးလ်ရဲ့ ဘယ်နောက်ခံအစွန်လူ အန်ဒီ ရော်ဘတ်ဆန်ဟာ နိုင်ငံအသင်း စကော့တလန်ကို ၂၂ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ယူရိုပြိုင်ပွဲသို့ ပို့ဆောင်ပေးခဲ့နိုင်ကြောင့်
ကစားသမားဘဝတလျှောက် အပျော်ရွှင်ရဆုံးခံစားမှုကို ရရှိနေကြောင်း ဖွင့်ဟခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒူးဒဏ္ရာရရွိခဲ့တဲ့ ဂ်ိဳးဂိုးမက္ဇ္ကို ဒူးအ႐ြတ္ေၾကာ ခြဲစိတ္ကုသမႈ ေအာင္ျမင္ခဲ့ၿပီလို႔ လီဗာပူးလ္အသင္းက တရားဝင္ထုတ္ျပန္ခဲ့ၿပီး အသင္းေဆးအဖြဲ႕ရဲ႕ ကူညီနဲ႕အတူ သူ႕ရဲ႕ ျပန္လည္ႀကံ့ခိုင္ေရးအစီအစဥ္အတြက္ အာ႐ုံစိုက္ လုပ္ေဆာင္သြားေတာ့မွာျဖစ္ေၾကာင္းသိရကာ ရာသီမကုန္မီ ျပန္လည္ကစားနိုင္ဖြယ္ရွိ။

ခံစစ္ပိုင္းစြမ္းေဆာင္ရည္အရ ခ်ယ္လ္ဆီးညာေနာက္ခံလူ ရီးစ္ဂ်ိမ္းက ထရန့္ အလက္ဇန္းဒါး အားနိုးလ္ထက္ ပိုသာလြန္တဲ့ကစားသမားျဖစ္ေၾကာင္း လီဗာပူးလ္ကစားသမားေဟာင္း ဂလန္း ဂြၽန္ဆင္က ႏွိုင္းယွဥ္ခဲ့ၿပီး ရီးစ္ဂ်ိမ္းဟာ အဂၤလန္အသင္းမွာ အာနိုးလ္ကို ဆက္ခံသူျဖစ္လာမယ္လို႔ သုံးသပ္ခဲ့။

ဗန္ဒိုက္၊ အာနိုးလ္ နဲ႕ ဂိုးမက္ဇ္တို႔ကို လက္လႊတ္ခဲ့ရတဲ့ လီဗာပူးလ္အသင္းအေနနဲ႕ ခံစစ္ေၾကာင္းကို အားျဖည့္ဖို႔ နာမည္ႀကီး ယူပါမီကာနို၊ ေဒးဗစ္ အလာဘာ၊ အီဒါ မီလီေတာင္ တို႔နဲ႕အတူ ဘန္ဝွိုက္ နဲ႕ အိုဇန္ ကာဘက္တို႔ ၅ ဦးကို ပစ္မွတ္ထားၿပီး ခ်ိတ္ဆက္မႈေတြ ဆက္တိုက္ျပဳလုပ္ေနေၾကာင္း ေကာလဟလမ်ား ထြက္ေပၚေန။

ဘရာဇီးလ္အသင္းနဲ႕ ပူးေပါင္းေနတဲ့ အယ္လစ္ဆန္ ဘက္ခါ နဲ႕ ဖာမီနိုတို႔ဟာ လက္ေ႐ြးစင္အသင္းေဖာ္ ဂါဘရီယယ္လ္ မီနီနိုမွာ ကိုရိုနာဗိုင္းစ္ကူးစက္ျခင္းခံခဲ့ရတာေၾကာင့္ ၁၄ ရက္ၾကာ သီးသန့္ခြဲ ေနထိုင္ရေတာ့မွာျဖစ္ၿပီး လက္စတာနဲ႕ပြဲကို လြဲေခ်ာ္သြားဖြယ္ရွိ။

ညာေနာက္ခံေနရာေရာ ဗဟိုခံစစ္ေနရာပါ ကစားနိုင္တဲ့ ဒတ္ခ်္ကစားသမား ယန္းမတ္ဟာ လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနၿပီး နည္းျပ ကေလာ့ပ္ရဲ႕ အေရးေပၚအစီအစဥ္ထဲ ပါဝင္လာဖြယ္ရွိၿပီး ခံစစ္ပိုင္း ေရတိုအားျဖည့္ဖို႔ လက္ပူတိုက္ ေခၚယူသြားဖြယ္ရွိေန။

အသက္ ၂၈ ႏွစ္အ႐ြယ္ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာဟာ ကစားသမားဘဝ ေနဝင္ခ်ိန္မွာ ဇာတိေျမဘရာဇီးလ္ကို ျပန္ၿပီး ငယ္ဘဝအသင္းျဖစ္တဲ့ အင္တာေနရွယ္နယ္အတြက္ ျပန္လည္ေပးဆပ္ၿပီးမွ ကစားသမားဘဝကေန အနားယူမွာျဖစ္ေၾကာင္း အနာဂတ္အေၾကာင္း ထုတ္ေဖာ္ခဲ့။

လီဗာပူးလ္ရဲ႕ ဘယ္ေနာက္ခံအစြန္လူ အန္ဒီ ေရာ္ဘတ္ဆန္ဟာ နိုင္ငံအသင္း စေကာ့တလန္ကို ၂၂ ႏွစ္ၾကာ ေဝးကြာေနခဲ့တဲ့ ယူရိုၿပိဳင္ပြဲသို႔ ပို႔ေဆာင္ေပးခဲ့နိုင္ေၾကာင့္
ကစားသမားဘဝတေလွ်ာက္ အေပ်ာ္႐ႊင္ရဆုံးခံစားမႈကို ရရွိေနေၾကာင္း ဖြင့္ဟခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.