Premier League

ဆိုးလ်ရှားကို ကြည့်နေလားလို့ မေးလိုက်ပြီး ပွဲထွက်ခွင့်တောင်းလိုက်တဲ့ ဗန်ဒဘိခ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ နီမန်ညာ မာတစ်ချ်၊ ဘရူနို ဖာနန်ဒက်စ်၊ ပေါလ်ပေါဂ်ဘာ၊ ဖရက်ဒ်၊ တော်မီနေးတို့နဲ့ နေရာလုတိုက်ပွဲဝင်နေရပြီး ယူနိုက်တက်အတွက် ပွဲထွက်ခွင့်တနေရာ ပျောက်ဆုံးနေတဲ့ နယ်သာလန်သား ဒွန်နီ ဗန်ဒဘိခ်ဟာ ပြီးခဲ့တဲ့ညက နယ်သာလန်နဲ့ စပိန်အသင်းတို့ပွဲစဥ်မှာ အထူးခြေစွမ်းပြ ကစားသွားခဲ့ပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်နဲ့ သူ့ရဲ့ခြေစွမ်းဟာ ထိုက်တန်ကြောင်း ပြသသွားခဲ့ပြီး နည်းပြ ဆိုးလ်ရှားကို ပွဲထွက်ခွင့်တောင်းဆိုသွားခဲ့ပါတယ်။ အိုင်းယက်စ်အသင်းကနေ ပေါင်သန်း ၄၀ ပြောင်းရွှေ့ကြေးနဲ့ ပရီးမီယားလိဂ်သရဲနီတွေဆီ ပူးပေါင်းခဲ့တဲ့ ၂၃ နှစ်သားဟာ အိုးထရက်ဖို့ဒ်မြေမှာ ခြေချခဲ့ပြီးတဲ့နောက် အရန်ခုံမှာ ကုန်ဆုံးခဲ့တဲ့အချိန်တွေအတွက် မချင့်မရဲဖြစ်နေခဲ့တာဖြစ်ပြီး ပစ်မှတ်ထားနေတဲ့ ပွဲထွက်ခွင့်တနေရာအတွက် အခုလို လေသံပစ်သွားခဲ့တာ ဖြစ်ပါတယ်။

စပိန်အသင်းနဲ့ တဂိုးစီသရေကျခဲ့တဲ့ ပွဲစဥ်မှာ ဗန်ဒဘိခ်က နယ်သာလန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး အသင်းကို ဦးဆောင်ကစားနေတဲ့ ကစားပုံကိုပြသသွားခဲ့သလို လူကပ်ခံထားရတဲ့အခြေအနေကနေလိမ္မာပါးနပ်စွာနဲ့ half-volley သွင်းဂိုးကို လှလှပပသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အထင်ကြီးလောက်စရာ ပွဲတွင်းခြေစွမ်းက နည်းပြ ဆိုးလ်ရှားရဲ့ အသိအမှတ်ပြုမှုကို ရဖို့ လုံလောက်ခဲ့ပြီး ဆိုးလ်ရှားအနေနဲ့လည်း ”ဗန်ဒဘိခ် ယူနိုက်တက်ကို ပြောင်းခဲ့တာ အကြီးကျယ်ဆုံး အမှားအယွင်းပဲ” ဆိုတဲ့ နယ်သာလန် ဂန္ထဝင်ကစားသမား မာကို ဗန်ဘက်စတန်ရဲ့ ဝေဖန်မှုကို ချေဖျက်နိုင်ဖို့ ဗန်ဒဘိခ်ကို အခွင့်အရေးတွေ ပေးဖို့ လိုနေတာ ဖြစ်ပါတယ်။

” ယူနိုက်တက်ကို ရောက်လာကတည်းက ဒီထက်ပိုပြီး ပွဲကစားခွင့် ရချင်ခဲ့တာပါ။ အသင်း​ကောင်းတသင်းကို ရောက်နေဖြစ်လို့ ပျော်ရွှင်ပါတယ်။ အသင်းဖော်တိုင်းကလည်း ကူညီပေးကြတယ်။ ကျွန်တော်က စိတ်ရှည်တတ်တဲ့သူဆိုပေမယ့် ကျွန်တော်ဘာလုပ်ပြနိုင်လဲဆိုတာ အသင်းကမြင်ခဲ့ပြီးပါပြီ။ အသင်းမှာလစ်ဟာနေတဲ့ တစုံတရာကို ကျွန်တော်က ဖြည့်စွက်ပေးနိုင်သူဆိုတာ နည်းပြကို သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ အခွင့်အရေး ရောက်လာရင်တော့ ကျွန်တော် အဆင်သင့်ဖြစ်နေပြီးသားပါ” လို့ ပွဲအပြီးမှာ ဗန်ဒဘိခ်က ပြောပြသွားခဲ့ပြီး သူဟာ လက်ရှိမှာ ပရီးမီးယားလိဂ်မှာ ၈ ပွဲအပြီး ပွဲကစားချိန် ၇၅ မိနစ်သာ ရရှိထားလို့ ပရိသတ်တွေကလည်း အားမလိုအားမရ ဖြစ်နေကြတာလည်း အသေအချာပဲဖြစ်ပါတယ်။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္မွာ နီမန္ညာ မာတစ္ခ်္၊ ဘ႐ူနို ဖာနန္ဒက္စ္၊ ေပါလ္ေပါဂ္ဘာ၊ ဖရက္ဒ္၊ ေတာ္မီေနးတို႔နဲ႕ ေနရာလုတိုက္ပြဲဝင္ေနရၿပီး ယူနိုက္တက္အတြက္ ပြဲထြက္ခြင့္တေနရာ ေပ်ာက္ဆုံးေနတဲ့ နယ္သာလန္သား ဒြန္နီ ဗန္ဒဘိခ္ဟာ ၿပီးခဲ့တဲ့ညက နယ္သာလန္နဲ႕ စပိန္အသင္းတို႔ပြဲစဥ္မွာ အထူးေျခစြမ္းျပ ကစားသြားခဲ့ပါတယ္။

ပြဲအၿပီးမွာ ယူနိုက္တက္နဲ႕ သူ႕ရဲ႕ေျခစြမ္းဟာ ထိုက္တန္ေၾကာင္း ျပသသြားခဲ့ၿပီး နည္းျပ ဆိုးလ္ရွားကို ပြဲထြက္ခြင့္ေတာင္းဆိုသြားခဲ့ပါတယ္။ အိုင္းယက္စ္အသင္းကေန ေပါင္သန္း ၄၀ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ပရီးမီယားလိဂ္သရဲနီေတြဆီ ပူးေပါင္းခဲ့တဲ့ ၂၃ ႏွစ္သားဟာ အိုးထရက္ဖို႔ဒ္ေျမမွာ ေျခခ်ခဲ့ၿပီးတဲ့ေနာက္ အရန္ခုံမွာ ကုန္ဆုံးခဲ့တဲ့အခ်ိန္ေတြအတြက္ မခ်င့္မရဲျဖစ္ေနခဲ့တာျဖစ္ၿပီး ပစ္မွတ္ထားေနတဲ့ ပြဲထြက္ခြင့္တေနရာအတြက္ အခုလို ေလသံပစ္သြားခဲ့တာ ျဖစ္ပါတယ္။

စပိန္အသင္းနဲ႕ တဂိုးစီသေရက်ခဲ့တဲ့ ပြဲစဥ္မွာ ဗန္ဒဘိခ္က နယ္သာလန္အသင္းအတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး အသင္းကို ဦးေဆာင္ကစားေနတဲ့ ကစားပုံကိုျပသသြားခဲ့သလို လူကပ္ခံထားရတဲ့အေျခအေနကေနလိမၼာပါးနပ္စြာနဲ႕ half-volley သြင္းဂိုးကို လွလွပပသြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

အထင္ႀကီးေလာက္စရာ ပြဲတြင္းေျခစြမ္းက နည္းျပ ဆိုးလ္ရွားရဲ႕ အသိအမွတ္ျပဳမႈကို ရဖို႔ လုံေလာက္ခဲ့ၿပီး ဆိုးလ္ရွားအေနနဲ႕လည္း ”ဗန္ဒဘိခ္ ယူနိုက္တက္ကို ေျပာင္းခဲ့တာ အႀကီးက်ယ္ဆုံး အမွားအယြင္းပဲ” ဆိုတဲ့ နယ္သာလန္ ဂႏၳဝင္ကစားသမား မာကို ဗန္ဘက္စတန္ရဲ႕ ေဝဖန္မႈကို ေခ်ဖ်က္နိုင္ဖို႔ ဗန္ဒဘိခ္ကို အခြင့္အေရးေတြ ေပးဖို႔ လိုေနတာ ျဖစ္ပါတယ္။

” ယူနိုက္တက္ကို ေရာက္လာကတည္းက ဒီထက္ပိုၿပီး ပြဲကစားခြင့္ ရခ်င္ခဲ့တာပါ။ အသင္း​ေကာင္းတသင္းကို ေရာက္ေနျဖစ္လို႔ ေပ်ာ္႐ႊင္ပါတယ္။ အသင္းေဖာ္တိုင္းကလည္း ကူညီေပးၾကတယ္။ ကြၽန္ေတာ္က စိတ္ရွည္တတ္တဲ့သူဆိုေပမယ့္ ကြၽန္ေတာ္ဘာလုပ္ျပနိုင္လဲဆိုတာ အသင္းကျမင္ခဲ့ၿပီးပါၿပီ။ အသင္းမွာလစ္ဟာေနတဲ့ တစုံတရာကို ကြၽန္ေတာ္က ျဖည့္စြက္ေပးနိုင္သူဆိုတာ နည္းျပကို သက္ေသျပခဲ့ၿပီး ျဖစ္ပါတယ္။ အခြင့္အေရး ေရာက္လာရင္ေတာ့ ကြၽန္ေတာ္ အဆင္သင့္ျဖစ္ေနၿပီးသားပါ” လို႔ ပြဲအၿပီးမွာ ဗန္ဒဘိခ္က ေျပာျပသြားခဲ့ၿပီး သူဟာ လက္ရွိမွာ ပရီးမီးယားလိဂ္မွာ ၈ ပြဲအၿပီး ပြဲကစားခ်ိန္ ၇၅ မိနစ္သာ ရရွိထားလို႔ ပရိသတ္ေတြကလည္း အားမလိုအားမရ ျဖစ္ေနၾကတာလည္း အေသအခ်ာပဲျဖစ္ပါတယ္။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.