Premier League

12 Nov -ယနေ့ နောက်ဆုံးရ လီဗာပူးလ် သတင်းမျာ

ကစားသမားငါးယောက်လဲဖို့ လိုမလိုဆိုတဲ့အတွက်တော့ တခြားကို မကြည့်ဘဲ ဂျိုးဂိုမက်ဇ်ကိုသာ ကြည့်စေချင်တယ်လို့ အင်္ဂလန်နည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်က ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့ ၆ ပတ်အတွင်းမှာ ၈ ပွဲ ကစားခဲ့ရတဲ့ နောက်ခံလူအနေနဲ့ ရာသီကုန်အထိ နားရနိုင်တဲ့ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထား။

ဆင်းရဲနွမ်းပါးကလေးငယ်တွေအတွက် စားနပ်ရိက္ခာရရှိရေး ဦးဆောင်ပေးနိုင်ခဲ့တဲ့ ပြိုင်ဘက်ယူနိုက်တက်ကစားသမား ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ရပ်ကို ရော်ဘတ်ဆန်က အပြည့်အဝလေးစားနေကြောင်းသိရပြီး အင်္ဂလန်အစိုးရက ဆောင်းရာသီအတွက် စားနပ်ရိက္ခာထောက်ပံ့ကြေး ပေါင်သန်း ၄၀၀ သုံးစွဲသွားမယ်လို့ ကတိပေးခဲ့ပြီဖြစ်။

လာမယ့်နှစ်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်တစား ချဥ်းကပ်ခြင်းခံနေရတဲ့ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်က လီဗာပူးလ်မှာ မိမိအနာဂတ်နဲ့ ပတ်သတ်လို့ ပြောစရာစကား မရှိဘူးလို့ ငြင်းဆန်သွားခဲ့။

နည်းပြကလော့ပ်ဟာ ပြိုင်ဘက်အသင်းတိုင်းကို အငိုက်ဖမ်းဖို့အတွက် ခန့်မှန်းခက်ရစေမယ့် နည်းဗျူဟာဆန်းသစ်မှုကို အမြဲတီထွင်နေလေ့ရှိသူလို့ လီဗာပူးလ် ညာနောက်ခံလူ ရော်ဘတ်ဆန်ကပြောကြားခဲ့ပြီး မန်စီးတီးနဲ့ပွဲက ၄-၂-၄ ကစားကွက်ဖန်တီးမှုကို ချီးကျူးသွား။

ကာရေဂါက ဂိုးသွင်းနိုင်တဲ့ ဂျိုတာကို ရဲရဲနေရာပေးကာ ဖာမီနိုကို အရန်ခုံပို့ဖို့ လီဗာပူးလ်နည်းပြ ကလော့ပ်ထံ အမှာပါးလိုက်ပြီး မိမိသာ လီဗာပူးလ်ကို နည်းပြနေရင် တိုက်စစ်သုံးဦးတွဲမှာ မိုဆာလား၊ မာနေးနဲ့ ဂျိုတာတို့ကိုသာ ပထမဦးစားပေး ပွဲထုတ်မှာ ဖြစ်ကြောင်း အကြံပေး။

Goal.com က ရွေးချယ်ခဲ့တဲ့ ၂၀၂၀ အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ၂၅ ဦးစာရင်းမှာ ၆ ဦးပါဝင်နေတဲ့ လီဗာပူးလ်အသင်းသားက အများဆုံးဖြစ်နေခဲ့ပြီး ဂျော်ဒန် ဟန်ဒါဆန်၊ မိုဆာလား၊ ထရန့် အလက်ဇန်းဒါး အာနိုးလ်ဒ် နဲ့ သီယာဂို အယ်လ်ကန်တာရာတို့က အဆင့် ၁၀ ပြင်ပမှာ အသီးသီး ပါဝင်လာခဲ့ကြကာ ဆာဒီယို မာနေး က အဆင့် ၁၀ နဲ့ ဗာဂျီးလ် ဗန်ဒိုက်က အဆင့် ၇ ချိတ်ခဲ့။

ဒီရာသီ ခြေစွာတဲ့အသင်းတွေ အများအပြား ထွက်ပေါ်နေပေမယ့် ပရီးမီယားလိဂ်ချန်ပီယံဆုအတွက် ရေကုန်ရေခမ်း အားပြိုင်မှုမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့နှစ်သင်းသာ စီးချင်းထိုးသွားမှာဖြစ်ပြီး ဒီနှစ်သင်းထဲကသာ ချန်ပီယံဖြစ်လိမ့်မယ်လို့ အလန်ရှိီးယားရား ဟောကိန်းထုတ်။

မာဆေးဆိုက် ရန်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ အဲဗာတန်အသင်းတို့ဟာ မြိို့လုံးကျွတ် ကိုဗစ်ရောဂါစစ်ဆေးရေး အစီအစဥ်အတွက် ပူးပေါင်းလက်တွဲသွားမှာဖြစ်ပြီး အန်ဖီးလ်ကွင်းမှာ လာရောက် ရောဂါစစ်ဆေးခံကြဖို့ နည်းပြနှစ်ဦးစလုံးက လီဗာပူးလ်တမြို့လုံးကို တိုက်တွန်းထား။

လီဗာပူးလ်အသင်းရဲ့ ပွဲကြို လေ့ကျင့်ရေးအစီအစဥ်တွေကို The Athletic သတင်းက ဖော်ပြခဲ့ပြီး နည်းပြ ကလော့ပ်က ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အတွေးမများဘဲ စိတ်ရှင်းရှင်းထားဖို့သာ အဓိကလုပ်ဆောင်စေပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေနဲ့အတူ အသင်းသားတွေကို နည်းဗျူဟာအလိုက် သီးသန့်လမ်းညွှန်မှုတွေ ပြုလုပ်ပေးကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI :

ကစားသမားငါးေယာက္လဲဖို႔ လိုမလိုဆိုတဲ့အတြက္ေတာ့ တျခားကို မၾကည့္ဘဲ ဂ်ိဳးဂိုမက္ဇ္ကိုသာ ၾကည့္ေစခ်င္တယ္လို႔ အဂၤလန္နည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္က ေျပာၾကားလိုက္ၿပီး ၿပီးခဲ့တဲ့ ၆ ပတ္အတြင္းမွာ ၈ ပြဲ ကစားခဲ့ရတဲ့ ေနာက္ခံလူအေနနဲ႔ ရာသီကုန္အထိ နားရႏိုင္တဲ့ ဒူးဒဏ္ရာ ျပင္းျပင္းထန္ထန္ရရွိထား။

ဆင္းရဲႏြမ္းပါးကေလးငယ္ေတြအတြက္ စားနပ္ရိကၡာရရွိေရး ဦးေဆာင္ေပးႏိုင္ခဲ့တဲ့ ၿပိဳင္ဘက္ယူႏိုက္တက္ကစားသမား ရက္ရွ္ဖို႔ဒ္ရဲ႕ လုပ္ရပ္ကို ေရာ္ဘတ္ဆန္က အျပည့္အဝေလးစားေနေၾကာင္းသိရၿပီး အဂၤလန္အစိုးရက ေဆာင္းရာသီအတြက္ စားနပ္ရိကၡာေထာက္ပံ့ေၾကး ေပါင္သန္း ၄၀၀ သုံးစြဲသြားမယ္လို႔ ကတိေပးခဲ့ၿပီျဖစ္။

လာမယ့္ႏွစ္မွာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဘာစီလိုနာအသင္းရဲ႕ စိတ္ဝင္တစား ခ်ဥ္းကပ္ျခင္းခံေနရတဲ့ ကြင္းလယ္လူ ဝိုင္နယ္လ္ဒမ္က လီဗာပူးလ္မွာ မိမိအနာဂတ္နဲ႔ ပတ္သတ္လို႔ ေျပာစရာစကား မရွိဘူးလို႔ ျငင္းဆန္သြားခဲ့။

နည္းျပကေလာ့ပ္ဟာ ၿပိဳင္ဘက္အသင္းတိုင္းကို အငိုက္ဖမ္းဖို႔အတြက္ ခန္႔မွန္းခက္ရေစမယ့္ နည္းဗ်ဴဟာဆန္းသစ္မႈကို အၿမဲတီထြင္ေနေလ့ရွိသူလို႔ လီဗာပူးလ္ ညာေနာက္ခံလူ ေရာ္ဘတ္ဆန္ကေျပာၾကားခဲ့ၿပီး မန္စီးတီးနဲ႔ပြဲက ၄-၂-၄ ကစားကြက္ဖန္တီးမႈကို ခ်ီးက်ဴးသြား။

ကာေရဂါက ဂိုးသြင္းႏိုင္တဲ့ ဂ်ိဳတာကို ရဲရဲေနရာေပးကာ ဖာမီႏိုကို အရန္ခုံပို႔ဖို႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္ထံ အမွာပါးလိုက္ၿပီး မိမိသာ လီဗာပူးလ္ကို နည္းျပေနရင္ တိုက္စစ္သုံးဦးတြဲမွာ မိုဆာလား၊ မာေနးနဲ႔ ဂ်ိဳတာတို႔ကိုသာ ပထမဦးစားေပး ပြဲထုတ္မွာ ျဖစ္ေၾကာင္း အႀကံေပး။

Goal.com က ေ႐ြးခ်ယ္ခဲ့တဲ့ ၂၀၂၀ အတြက္ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမား ၂၅ ဦးစာရင္းမွာ ၆ ဦးပါဝင္ေနတဲ့ လီဗာပူးလ္အသင္းသားက အမ်ားဆုံးျဖစ္ေနခဲ့ၿပီး ေဂ်ာ္ဒန္ ဟန္ဒါဆန္၊ မိုဆာလား၊ ထရန္႔ အလက္ဇန္းဒါး အာႏိုးလ္ဒ္ နဲ႔ သီယာဂို အယ္လ္ကန္တာရာတို႔က အဆင့္ ၁၀ ျပင္ပမွာ အသီးသီး ပါဝင္လာခဲ့ၾကကာ ဆာဒီယို မာေနး က အဆင့္ ၁၀ နဲ႔ ဗာဂ်ီးလ္ ဗန္ဒိုက္က အဆင့္ ၇ ခ်ိတ္ခဲ့။

ဒီရာသီ ေျခစြာတဲ့အသင္းေတြ အမ်ားအျပား ထြက္ေပၚေနေပမယ့္ ပရီးမီယားလိဂ္ခ်န္ပီယံဆုအတြက္ ေရကုန္ေရခမ္း အားၿပိဳင္မႈမွာ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ႏွစ္သင္းသာ စီးခ်င္းထိုးသြားမွာျဖစ္ၿပီး ဒီႏွစ္သင္းထဲကသာ ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ အလန္ရွိီးယားရား ေဟာကိန္းထုတ္။

မာေဆးဆိုက္ ရန္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ အဲဗာတန္အသင္းတို႔ဟာ ၿမိို႔လုံးကြၽတ္ ကိုဗစ္ေရာဂါစစ္ေဆးေရး အစီအစဥ္အတြက္ ပူးေပါင္းလက္တြဲသြားမွာျဖစ္ၿပီး အန္ဖီးလ္ကြင္းမွာ လာေရာက္ ေရာဂါစစ္ေဆးခံၾကဖို႔ နည္းျပႏွစ္ဦးစလုံးက လီဗာပူးလ္တၿမိဳ႕လုံးကို တိုက္တြန္းထား။

လီဗာပူးလ္အသင္းရဲ႕ ပြဲႀကိဳ ေလ့က်င့္ေရးအစီအစဥ္ေတြကို The Athletic သတင္းက ေဖာ္ျပခဲ့ၿပီး နည္းျပ ကေလာ့ပ္က ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာမွာ အေတြးမမ်ားဘဲ စိတ္ရွင္းရွင္းထားဖို႔သာ အဓိကလုပ္ေဆာင္ေစၿပီး ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြနဲ႔အတူ အသင္းသားေတြကို နည္းဗ်ဴဟာအလိုက္ သီးသန္႔လမ္းၫႊန္မႈေတြ ျပဳလုပ္ေပးေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.