Premier League Transfer News

၁၁.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းက သူတို့အနေနဲ့ နောက်ခံလူ အဲရစ် ဂါစီယာကို ဇန်နဝါရီမှာ ခေါ်ယူလိုနေတဲ့ သဘောထားက မပြောင်းမလဲရှိနေကြောင်းနဲ့ မန်ချက်စတာစီးတီးဘက်က သဘောတစ်ခုပဲဖြစ်တယ်လို့ ပြောကြား။

– မန်ချက်စတာစီးတီးအသင်းနဲ့ နည်းပြ ဂွါဒီယိုလာတို့ရဲ့ သက်တမ်းတိုးဖို့ နှောင့်နှေးကြန့်ကြာနေတဲ့ အခြေအနေကြောင့် တကယ်လို့များ စာချုပ်ကုန်ဆုံးသွားခဲ့မယ်ဆိုရင် အစားထိုးခန့်အပ်မှုအဖြစ် RB လိုက်ပ်ဇစ်နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်း ရေပန်းစားနေ။

– အင်္ဂလန်အသင်းရဲ့ အိုက်စလန်က သိုးမည်းလေးဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ဖီးလ် ဖိုဒန်အနေနဲ့ နည်းပြ ဆောက်သ်ဂိတ်ရဲ့ အထူးညွှန်ကြားမှုကို ခံယူထားရပြီး စည်းကမ်းချိုးဖောက်တာမျိုး ထပ်မဖြစ်အောင် ဝုလ်ဗ်စ်နောက်ခံလူ ကွန်နာ ကိုဒီနဲ့ အတူပူးတွဲနေထိုင်ခိုင်းထား။

– အင်္ဂလန်နိုင်ငံတစ်နိုင်ငံတည်းမှာပဲ အသုံးပြုနေတဲ့ လူစား ၃ ယောက်ပဲလဲတဲ့ စည်းမျဉ်းကို ဆက်လက်အသုံးပြုသွားဖို့အတွက် အဲဗာတန်နည်းပြ အန်ဆယ်လော့တီ ထောက်ခံလိုက်ပြီး ၅ ယောက်လဲဖို့ ပြောနေတဲ့ ဂွါဒီယိုလာနဲ့ ကလော့ပ်တို့ကို ဆန့်ကျင်သွားခဲ့။

– နောက်နှစ်မှာ ဂွါဒီယိုလာရဲ့ နေရာကို အစားဝင်လာနိုင်တယ်လို့ အသံထွက်နေတဲ့ RB လိုက်ပ်ဇစ်နည်းပြ နာဂဲလ်စ်မန်းနဲ့အတူ နောက်ခံလူ အူပါမီကာနိုကို စာချုပ်လျော်ကြေးနဲ့ ခေါ်ယူပြီး ဘယ်နောက်ခံကစားသမား အန်ဟဲလီညိုပါ ပြန်ရောက်လာနိုင်တယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေ။

– ဘရာဇီးလ်အသင်းရဲ့ နာမည်ကြီး တိုက်စစ်မှူးနှစ်ဦးဖြစ်ကြတဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်နဲ့ ရောဘတ်တို ဖာမီနိုတို့ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျေဆူးစ်ကပဲ လက်ရွေးစင်အသင်းရဲ့ ကျောနံပါတ် ၉ ကို ဆက်ခံသင့်တယ်လို့ သုံးသပ်တောင်းဆိုမှုတွေ ရှိနေ။

– ကွင်းလယ်မှာ ဖန်တီးမှုအား ကောင်းမွန်တဲ့ ကစားသမားတစ်ဦးကို ရှာဖွေနေရာမှာ အေစီမီလန်ရဲ့ အစ္စမေးလ် ဘင်နာဆာကို မန်စီးတီးတို့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတယ်လို့ သတ်မှတ်ထားပေမယ့် အေစီမီလန်ဘက်က ယူရိုသန်း ၅၀ မရရင် ရောင်းချမှာ မဟုတ်ဘူးလို့ သတိပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘာစီလိုနာနည္းျပ ေရာ္နယ္လ္ ကိုးမန္းက သူတုိ႔အေနနဲ႔ ေနာက္ခံလူ အဲရစ္ ဂါစီယာကို ဇန္နဝါရီမွာ ေခၚယူလိုေနတဲ့ သေဘာထားက မေျပာင္းမလဲရွိေနေၾကာင္းနဲ႔ မန္ခ်က္စတာစီးတီးဘက္က သေဘာတစ္ခုပဲျဖစ္တယ္လို႔ ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ နည္းျပ ဂြါဒီယိုလာတုိ႔ရဲ႕ သက္တမ္းတုိးဖုိ႔ ေႏွာင့္ေႏွးၾကန္႔ၾကာေနတဲ့ အေျခအေနေၾကာင့္ တကယ္လို႔မ်ား စာခ်ဳပ္ကုန္ဆုံးသြားခဲ့မယ္ဆုိရင္ အစားထိုးခန္႔အပ္မွဳအျဖစ္ RB လုိက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္း ေရပန္းစားေန။

– အဂၤလန္အသင္းရဲ႕ အုိက္စလန္က သိုးမည္းေလးျဖစ္ခဲ့တဲ့ ကြင္းလယ္လူ ဖီးလ္ ဖိုဒန္အေနနဲ႔ နည္းျပ ေဆာက္သ္ဂိတ္ရဲ႕ အထူးညႊန္ၾကားမွဳကို ခံယူထားရၿပီး စည္းကမ္းခ်ဳိးေဖာက္တာမ်ဳိး ထပ္မျဖစ္ေအာင္ ဝုလ္ဗ္စ္ေနာက္ခံလူ ကြန္နာ ကိုဒီနဲ႔ အတူပူးတြဲေနထုိင္ခိုင္းထား။

– အဂၤလန္ႏုိင္ငံတစ္ႏုိင္ငံတည္းမွာပဲ အသုံးျပဳေနတဲ့ လူစား ၃ ေယာက္ပဲလဲတဲ့ စည္းမ်ဥ္းကို ဆက္လက္အသုံးျပဳသြားဖို႔အတြက္ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီ ေထာက္ခံလုိက္ၿပီး ၅ ေယာက္လဲဖို႔ ေျပာေနတဲ့ ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔ကို ဆန္႔က်င္သြားခဲ့။

– ေနာက္ႏွစ္မွာ ဂြါဒီယိုလာရဲ႕ ေနရာကို အစားဝင္လာႏုိင္တယ္လို႔ အသံထြက္ေနတဲ့ RB လုိက္ပ္ဇစ္နည္းျပ နာဂဲလ္စ္မန္းနဲ႔အတူ ေနာက္ခံလူ အူပါမီကာႏုိကို စာခ်ဳပ္ေလ်ာ္ေၾကးနဲ႔ ေခၚယူၿပီး ဘယ္ေနာက္ခံကစားသမား အန္ဟဲလီညဳိပါ ျပန္ေရာက္လာႏုိင္တယ္လုိ႔ ေကာလဟာလေတြ ထြက္ေပၚေန။

– ဘရာဇီးလ္အသင္းရဲ႕ နာမည္ႀကီး တုိက္စစ္မွဴးႏွစ္ဦးျဖစ္ၾကတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္နဲ႔ ေရာဘတ္တုိ ဖာမီႏိုတုိ႔ ေနာက္ဆုံးအႀကိမ္ ထိပ္တုိက္ေတြ႕ဆုံခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့တဲ့ ေဂ်ဆူးစ္ကပဲ လက္ေရြးစင္အသင္းရဲ႕ ေက်ာနံပါတ္ ၉ ကို ဆက္ခံသင့္တယ္လုိ႔ သုံးသပ္ေတာင္းဆုိမွဳေတြ ရွိေန။

– ကြင္းလယ္မွာ ဖန္တီးမွဳအား ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးကို ရွာေဖြေနရာမွာ ေအစီမီလန္ရဲ႕ အစၥေမးလ္ ဘင္နာဆာကို မန္စီးတီးတို႔ စံခ်ိန္စံညႊန္းနဲ႔ ကိုက္ညီတယ္လို႔ သတ္မွတ္ထားေပမယ့္ ေအစီမီလန္ဘက္က ယူ႐ိုသန္း ၅၀ မရရင္ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ သတိေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.