Article Match Report Premier League

ဇာတ်ရှိန်မြင့် ပရီးမီးယားလိဂ်ရဲ့ အထူးခြားဆုံးနဲ့ ခန့်မှန်းဖို့ မလွယ်တဲ့ ရာသီဇာတ်လမ်း

လက်စတာဗိုလ်စွဲဦးမလား

လက်စတာအသင်းကို မြင်နေရတာက ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အံ့ဖွယ် ကိုင်မြှောက်ခဲ့ပြသလိုမျိုး ဂျေမီ ဗာဒီရဲ့ ဦးဆောင်မှုနဲ့အတူ ခံစစ်ကြောင်း လက်နက်အင်အား အပြည့်အစုံနဲ့ မြင်နေရပြီး နည်းပြ ရော့ဂျားစ်ရဲ့ ဦးဆောင်မှုအောက်မှာ ရာနီယေးရီလက်ထက်ကလို တကျော့ပြန်ချန်ပီယံဖြစ်ဖို့ တာစူနေတာက စိတ်လှုပ်ရှားစရာကောင်းနေပြီး ကြည့်ရတာ အရသာရှိပါတယ်။ လက်စတာဗိုလ်စွဲဦးမယ်လို့ တချို့ပရိသတ်တွေက ဟောကိန်းထုတ်နေကြတာလည်း တွေ့နေရပါတယ်။

စိန့်နဲ့ ဗီလာတို့ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ဆက်ရှိမလား

ဒန်နီ အင်းစ်၊ သီယို ဝေါလ်ကော့တို့ရဲ့ ရက်စက်လှတဲ့ စိန့်အသင်းက နယူးကာဆယ်ကို စိတ်လှုပ်စားစရာခြေစွမ်းနဲ့ ဖြိုခွင်းခဲ့တာမျိုးက ပါးစပ်အဟောင်းသား စောင့်ကြည့်ခဲ့ရတဲ့ ခြေစွမ်းမျိုးပါ။ ဂရီးလစ်ရှ်၊ ဘာကလေ၊ ဝပ်ကင်းစ်တို့ရဲ့ လတ်ဆတ်လှတဲ့ ဗီလာအသင်းကလည်း အဆိပ်ရည်အပြည့်နဲ့ ဗုံးတွေလို့ သတ်မှတ်ရမှာဖြစ်ပြီး လီဗာပူးလ်နဲ့ အာဆင်နယ် နှစ်သင်းပေါင်းကို ၁၀ ဂိုးအထိ သွင်းယူပြခဲ့တဲ့ ဗီလာရဲ့ ကစားအားကလည်း လက်ဖျားခါစရာ၊ မဖြစ်မနေ အသိအမှတ်ပြုစရာပါ။ ဒီအသင်းတွေဟာ အမှတ်ပေးဇယားထိပ်ပိုင်း၊ ချန်ပီယံလိဂ်ဝင်ခွင့် လေးနေရာစာမှာ သူ့ထက်ငါ အပြိုင်အဆိုင် တိုက်ပွဲဝင်သွားကြဦးမှာဖြစ်ပါတယ်။

ငါးယောက်လဲမှာလား သုံးယောက်လဲမှာလား

လူစားလဲမှု ၅ ဦးအထိ ခွင့်ပြုဖို့က အသင်းကြီးတွေက ဖိအားပေးမှုတွေ ပြုလုပ်နေတဲ့ ဒီရာသီရဲ့ အငြင်းပွားဖွယ်ရာ အရေးကိစ္စတခုပါ။ ၅ ယောက်အထိ လူစားလဲခွင့်ရ ရင်တော့ ဘဏ္ဍာရေးနဲ့ လူအင်အားတောင့်တင်းတဲ့ အသင်းတွေအတွက်တော့ အခွင့်ထူးခံဖြစ်စေတယ်၊ ဆန့်ကျင်ဘက်အနေနဲ့ အသင်းငယ်တွေအတွက်တော့ နစ်နာစေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် ပေါ်လာခဲ့သလို အသင်းငယ်တွေက ပွဲပန်းနေတဲ့ အသင်းကြီးတွေကို အနိုင်ယူပြနေတာကို သဘောတွေ့နေပြီး ကြီးနိုင်ငယ်ညှင်းစနစ်ကို မုန်းသူတွေက တဖက်မှာ ရပ်တည်နေကြလို့ လက်ရှိ လူစားလဲမှု ၃ ဦးအတိုင်း ဆက်လက်ထားရှိဖို့ အရိပ်အယောင် ပြနေကြပါတယ်။

ဖူလ်ဟမ်နဲ့ ဝက်စ်ဘရွန်းတို့ ကျဆုံးဦးမှာလား

ဖူလ်ဟမ်နည်းပြ စကော့ ပါကားက သူ့အသင်း တန်းဆင်းဇုန်တိုက်ပွဲ နွှဲဖို့ပဲလိုတော့တယ်ဆိုတာ အရှိအတိုင်း လက်ခံရုံပဲလို့ အလံဖြူပြခဲ့ဖူးပြီး ဖူလ်ဟမ်းနဲ့ တန်းတက်ဖော်အသင်း ဝက်စ်ဘရွန်းတို့လည်း ဒီရာသီမှာ ကျဆုံးဖို့ အရိပ်အယောင်တချို့လည်း မြင်နေရတယ်။ ပွဲစဉ်တဝက်မကျိုးသေးချိန် ပြောဖို့စောပေမယ့် ဖူလ်ဟမ်၊ ဝက်စ်ဘရွမ်း၊ ဘန်လေနဲ့ ရှက်ဖီးလ်တို့ ဆင်နွှဲမယ့် တန်းဆင်းဇုန်တိုက်ပွဲကို ပရိသတ်တွေကတော့ ကြိုတင် စောကြောမိထားပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီအသင်းတွေထဲက ဘယ်အသင်းတင်ကျန်ခဲ့မလဲဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

လန်ဒန်မှာ ချဲလ်ဆီးလား၊ စပါးစ်လား၊ အာဆင်နယ်လား

လန်ဒန်မှာ ချယ်လ်ဆီးနဲ့ စပါးတို့က အပြိုင်ကြဲလာဖို့ ရှိပြီး ရေရှည်မှာ ချန်ပီယံစိန်ခေါ်မှု လမ်းကြောင်းအထိ သွားဖို့ ပြင်ဆင်ထားတာ တွေ့ရတယ်။ အာတီတာရဲ့ လက်ထဲမှာ အာဆင်နယ်ကတော့ ဖြည်းဖြည်းမှန်မှန်နဲ့ ဆက်ရွေ့နေဆဲပါပဲ။ ချယ်လ်ဆီးရဲ့ မှော်ကဝေ ဇီးယက်ရှ်၊ ဗာနာ၊ ပူလီရှစ်ချ်၊ ဟာဗတ်ဇ်၊ ကိုဗာချစ်၊ ကွန်တေတို့ရဲ့ ပေါင်းစပ်မှုက ခိုင်မာတဲ့ အစုအဖွဲ့သာ ဖြစ်လာခဲ့ရင် ဥရောပအထိ စိန်ခေါ်လို့ရတဲ့ အင်အားမှာ နည်းပြရဲ့ မောင်းနှင်မှုက အဖြေဖြစ်လာမှာပါ။ စပါးစ်လို့ ဆိုလိုက်ရင်လည်း ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့လို မုန်တိုင်းထန်တဲ့ တိုက်စစ်အတွဲနဲ့ အင်အားကြီးတွေကို ကျော်ဖြတ်ပြီး ချန်ပီယံဆုအတွက် ပြင်ဆင်နေတဲ့ မော်ရင်ညိုရဲ့ ငယ်မူငယ်သွေး ခြေလှမ်းတွေကို ခံစားမိကြပါလိမ့်မယ်။

ဘယ်သူက လက်ရှိအချိန်ထိ ဒီရာသီအကောင်းဆုံး ခေါ်ယူမှုလဲ

စိတ်ဝင်စားစရာ ကစားသမားသစ်တွေဖြစ်တဲ့ ဂျိုတာနဲ့ ဇီးယက်ရှ်တို့ကတော့ ရောက်ရောက်ချင်းမှာပဲ ပြိုင်ဘက်တွေကို ထိတ်လန့်စေခဲ့ပြီး အာဆင်နယ်ရဲ့ ပါတေး၊ ဂါဘရီယယ်လ်တို့ကလည်း အဆိပ်ပြင်းလှတဲ့ ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါပြီ။ သီယာဂို ဆေးလ်ဗားနဲ့ မန်ဒီတို့ရဲ့ ပူးပေါင်းမှုက ချယ်လ်ဆီးရဲ့ အဝေဖန်ခံနေရဆုံး ခံစစ်ကို မာကျောစေခဲ့တာလည်း ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ပါတယ်။ ဘယ်သူက လက်ရှိအချိန်ထိ ဒီရာသီ အကောင်းဆုံး ခေါ်ယူမှုလဲဆိုတာကို ရွေးရခက်ခဲစေတဲ့အထဲ ချယ်လ်ဆီး ဂျမ်းဖြစ်နေတာကို ကုသပေးခဲ့တဲ့ ဆီနီဂေါဂိုးသမား မန်ဒီကို ရွေးချယ်မိသူတွေလည်း ရှိနေပါတယ်။

ဆိုးလ်ရှားတစ်ယောက် ခရစ္စမတ်အထိ ခံပါ့မလား

အဲဗာတန်ကို နိုင်တဲ့ပွဲက ဆိုးလ်ရှားအတွက် အချိုးအကွေ့တခု ဖြစ်သွားတယ်။ ဒီပွဲမတိုင်မီ အာဆင်နယ်နဲ့ အစ္စတန်ဘူလ်ကို ရှက်စရာခြေစွမ်းနဲ့ တောက်လျှောက်ရှုံးနိမ့်လာခဲ့လို့ အရှက်မရှိတဲ့အသင်းလို့ လူရင်းတွေကပါ ဝိုင်းထိုးနှက်ခဲ့ကြတယ်။ ပိုချက်တီနိုနဲ့သတင်းတွေက သူ့နောက်ကို အချိန်ပြည့် ကပ်လိုက်လာတယ်။ အဲဗာတန်ကို နိုင်အပြီး ဆိုးလ်ရှား အထုတ်ခံရတော့မယ့် အသံတွေ နည်းပါးသွားပေမယ့် အသင်းက အဆင့် ၁၄ မှာပဲ ရှိသေးလို့ မလုံလောက်သေးတဲ့ အခြေအနေဖြစ်နေဆဲမှာ ဆိုးလ်ရှားအတွက် ခရစ္စမတ်အထိ ထိုင်ခုံမြဲနေမလားကတော့ ယတိပြတ်မပြောနိုင်သေးတာဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာဗိုလ္စြဲဦးမလား

လက္စတာအသင္းကို ျမင္ေနရတာက ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အံ့ဖြယ္ ကိုင္ေျမႇာက္ခဲ့ျပသလိုမ်ိဳး ေဂ်မီ ဗာဒီရဲ႕ ဦးေဆာင္မႈနဲ႔အတူ ခံစစ္ေၾကာင္း လက္နက္အင္အား အျပည့္အစုံနဲ႔ ျမင္​ေနရၿပီး နည္းျပ ေရာ့ဂ်ားစ္ရဲ႕ ဦးေဆာင္မႈေအာက္မွာ ရာနီေယးရီလက္ထက္ကလို တေက်ာ့ျပန္ခ်န္ပီယံျဖစ္ဖို႔ တာစူေနတာက စိတ္လႈပ္ရွားစရာေကာင္းေနၿပိီး ၾကည့္ရတာ အရသာရွိပါတယ္။ လက္စတာဗိုလ္စြဲဦးမယ္လို႔ တခ်ိဳ႕ပရိသတ္ေတြက ေဟာကိန္းထုတ္ေနၾကတာ​လည္း ေတြ႕ေနရပါတယ္။

စိန႔္နဲ႔ ဗီလာတို႔ အမွတ္ေပးဇယားထိပ္ပိုင္းမွာ ဆက္ရွိမလား

ဒန္နီ အင္းစ္၊ သီယို ေဝါလ္ေကာ့တို႔ရဲ႕ ရက္စက္လွတဲ့ စိန္႔္အသင္းက နယူးကာဆယ္ကို စိတ္လႈပ္စားစရာေျခစြမ္းနဲ႔ ၿဖိဳခြင္းခဲ့တာမ်ိဳးက ပါးစပ္အေဟာင္းသား ေစာင့္ၾကည့္ခဲ့ရတဲ့ ေျခစြမ္းမ်ိဳးပါ။ ဂရီးလစ္ရွ္၊ ဘာကေလ၊ ဝပ္ကင္းစ္တို႔ရဲ႕ လတ္ဆတ္လွတဲ့ ဗီလာအသင္းကလည္း အဆိပ္ရည္အျပည့္နဲ႔ ဗုံးေတြလို႔ သတ္မွတ္ရမွာျဖစ္ၿပီး လီဗာပူးလ္နဲ႔ အာဆင္နယ္ ႏွစ္သင္းေပါင္းကို ၁၀ ဂိုးအထိ သြင္းယူျပခဲ့တဲ့ ဗီလာရဲ႕ ကစားအားကလည္း လက္ဖ်ားခါစရာ၊ မျဖစ္မေန အသိအမွတ္ျပဳစရာပါ။ ဒီအသင္းေတြဟာ အမွတ္ေပးဇယားထိပ္ပိုင္း၊ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေလးေနရာစာမွာ သူ႔ထက္ငါ အၿပိဳင္အဆိုင္ တိုက္ပြဲဝင္သြားၾကဦးမွာျဖစ္ပါတယ္။

ငါးေယာက္လဲမွာလား သုံးေယာက္လဲမွာလား

လူစားလဲမႈ ၅ ဦးအထိ ခြင့္ျပဳဖို႔က အသင္းႀကီးေတြက ဖိအားေပးမႈေတြ ျပဳလုပ္ေနတဲ့ ဒီရာသီရဲ႕ အျငင္းပြားဖြယ္ရာ အေရးကိစၥတခုပါ။ ၅ ေယာက္အထိ လူစားလဲခြင့္ရ ရင္ေတာ့ ဘ႑ာေရးနဲ႔ လူအင္အားေတာင့္တင္းတဲ့ အသင္းေတြအတြက္ေတာ့ အခြင့္ထူးခံျဖစ္ေစတယ္၊ ဆန္႔က်င္ဘက္အေနနဲ႔ အသင္းငယ္ေတြအတြက္ေတာ့ နစ္နာေစႏိုင္တယ္ဆိုတဲ့ သုံးသပ္ခ်က္ ေပၚလာခဲ့သလို အသင္းငယ္ေတြက ပြဲပန္းေနတဲ့ အသင္းႀကီးေတြကို အႏိုင္ယူျပေနတာကို သေဘာေတြ႕ေနၿပီး ႀကီးႏိုင္ငယ္ညႇင္းစနစ္ကို မုန္းသူေတြက တဖက္မွာ ရပ္တည္ေနၾကလို႔ လက္ရွိ လူစားလဲမႈ ၃ ဦးအတိုင္း ဆက္လက္ထားရွိဖို႔ အရိပ္အေယာင္ ျပေနၾကပါတယ္။

ဖူလ္ဟမ္နဲ႔ ဝက္စ္ဘ႐ြန္းတို႔ က်ဆုံးဦးမွာလား

ဖူလ္ဟမ္နည္းျပ စေကာ့ ပါကားက သူ႔အသင္း တန္းဆင္းဇုန္တိုက္ပြဲ ႏႊဲဖို႔ပဲလိုေတာ့တယ္ဆိုတာ အရွိအတိုင္း လက္ခံ႐ုံပဲလို႔ အလံျဖဴျပခဲ့ဖူးၿပီး ဖူလ္ဟမ္းနဲ႔ တန္းတက္ေဖာ္အသင္း ဝက္စ္ဘ႐ြန္းတို႔လည္း ဒီရာသီမွာ က်ဆုံးဖို႔ အရိပ္အေယာင္တခ်ိဳ႕လည္း ျမင္ေနရတယ္။ ပြဲစဥ္တဝက္မက်ိဳးေသးခ်ိန္ ေျပာဖို႔ေစာေပမယ့္ ဖူလ္ဟမ္၊ ဝက္စ္ဘ႐ြမ္း၊ ဘန္ေလနဲ႔ ရွက္ဖီးလ္တို႔ ဆင္ႏႊဲမယ့္ တန္းဆင္းဇုန္တိုက္ပြဲကို ပရိသတ္ေတြကေတာ့ ႀကိဳတင္ ေစာေၾကာမိထားပါတယ္။ ပရီးမီးယားလိဂ္မွာ ဒီအသင္းေတြထဲက ဘယ္အသင္းတင္က်န္ခဲ့မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။

လန္ဒန္မွာ ခ်ဲလ္ဆီးလား၊ စပါးစ္လား၊ အာဆင္နယ္လား

လန္ဒန္မွာ ခ်ယ္လ္ဆီးနဲ႔ စပါးတို႔က အၿပိဳင္ႀကဲလာဖို႔ ရွိၿပီး ေရရွည္မွာ ခ်န္ပီယံစိန္ေခၚမႈ လမ္းေၾကာင္းအထိ သြားဖို႔ ျပင္ဆင္ထားတာ ေတြ႕ရတယ္။ အာတီတာရဲ႕ လက္ထဲမွာ အာဆင္နယ္ကေတာ့ ျဖည္းျဖည္းမွန္မွန္နဲ႔ ဆက္ေ႐ြ႕ေနဆဲပါပဲ။ ခ်ယ္လ္ဆီးရဲ႕ ေမွာ္ကေဝ ဇီးယက္ရွ္၊ ဗာနာ၊ ပူလီရွစ္ခ်္၊ ဟာဗတ္ဇ္၊ ကိုဗာခ်စ္၊ ကြန္ေတတို႔ရဲ႕ ေပါင္းစပ္မႈက ခိုင္မာတဲ့ အစုအဖြဲ႕သာ ျဖစ္လာခဲ့ရင္ ဥေရာပအထိ စိန္ေခၚလို႔ရတဲ့ အင္အားမွာ နည္းျပရဲ႕ ေမာင္းႏွင္မႈက အေျဖျဖစ္လာမွာပါ။ စပါးစ္လို႔ ဆုိလိုက္ရင္လည္း ဟာရီကိန္း၊ ဆြန္ေဟာင္မင္တို႔လို မုန္တိုင္းထန္တဲ့ တိုက္စစ္အတြဲနဲ႔ အင္အားႀကီးေတြကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုအတြက္ ျပင္ဆင္ေနတဲ့ ေမာ္ရင္ညိဳရဲ႕ ငယ္မူငယ္ေသြး ေျခလွမ္းေတြကို ခံစားမိၾကပါလိမ့္မယ္။

ဘယ္သူက လက္ရွိအခ်ိန္ထိ ဒီရာသီအေကာင္းဆုံး ေခၚယူမႈလဲ

စိတ္ဝင္စားစရာ ကစားသမားသစ္ေတြျဖစ္တဲ့ ဂ်ိဳတာနဲ႔ ဇီးယက္ရွ္တို႔ကေတာ့ ေရာက္ေရာက္ခ်င္းမွာပဲ ၿပိဳင္ဘက္ေတြကို ထိတ္လန္႔ေစခဲ့ၿပီး အာဆင္နယ္ရဲ႕ ပါေတး၊ ဂါဘရီယယ္လ္တို႔ကလည္း အဆိပ္ျပင္းလွတဲ့ ကစားသမားေတြအျဖစ္ သတ္မွတ္ခံထားရပါၿပီ။ သီယာဂို ေဆးလ္ဗားနဲ႔ မန္ဒီတို႔ရဲ႕ ပူးေပါင္းမႈက ခ်ယ္လ္ဆီးရဲ႕ အေဝဖန္ခံေနရဆုံး ခံစစ္ကို မာေက်ာေစခဲ့တာလည္း ပရိသတ္ေတြအတြက္ ေက်နပ္စရာျဖစ္ပါတယ္။ ဘယ္သူက လက္ရွိအခ်ိန္ထိ ဒီရာသီ အေကာင္းဆုံး ေခၚယူမႈလဲဆိုတာကို ေ႐ြးရခက္ခဲေစတဲ့အထဲ ခ်ယ္လ္ဆီး ဂ်မ္းျဖစ္ေနတာကို ကုသေပးခဲ့တဲ့ ဆီနီေဂါဂိုးသမား မန္ဒီကို ေ႐ြးခ်ယ္မိသူေတြလည္း ရွိေနပါတယ္။

ဆိုးလ္ရွားတစ္ေယာက္ ခရစၥမတ္အထိ ခံပါ့မလား

အဲဗာတန္ကို ႏိုင္တဲ့ပြဲက ဆိုးလ္ရွားအတြက္ အခ်ိဳးအေကြ႕တခု ျဖစ္သြားတယ္။ ဒီပြဲမတိုင္မီ အာဆင္နယ္နဲ႔ အစၥတန္ဘူလ္ကို ရွက္စရာေျခစြမ္းနဲ႔ ေတာက္ေလွ်ာက္ရႈံးနိမ့္လာခဲ့လို႔ အရွက္မရွိတဲ့အသင္းလို႔ လူရင္းေတြကပါ ဝိုင္းထိုးႏွက္ခဲ့ၾကတယ္။ ပိုခ်က္တီႏိုနဲ႔သတင္းေတြက သူ႔ေနာက္ကို အခ်ိန္ျပည့္ ကပ္လိုက္လာတယ္။ အဲဗာတန္ကို ႏိုင္အၿပီး ဆိုးလ္ရွား အထုတ္ခံရေတာ့မယ့္ အသံေတြ နည္းပါးသြားေပမယ့္ အသင္းက အဆင့္ ၁၄ မွာပဲ ရွိေသးလို႔ မလုံေလာက္ေသးတဲ့ အေျခအေနျဖစ္ေနဆဲမွာ ဆိုးလ္ရွားအတြက္ ခရစၥမတ္အထိ ထိုင္ခုံၿမဲေနမလားကေတာ့ ယတိျပတ္မေျပာႏုိင္ေသးတာျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.