Premier League

ဇာတ်ရှိန်မြှ​င့် ပရီးမီးယားလိဂ်ရဲ့ အထူးခြားဆုံးရာသီဇာတ်လမ်း

ထင်မှတ်မထားတဲ့ ကမောက်ကမ ရလဒ်တွေ၊ ပါးစပ်အဟောင်းသားပွင့်ခဲ့ရတဲ့ အံ့အားသင့်စရာဖြစ်ရပ်တွေအပြည့်နဲ့ လက်ရှိ ပရီးမီးယားလိဂ်ရာသီကို ပွဲစဥ် ၈ ပြီးဆုံးတဲ့အထိ မောင်းနှင်လာနိုင်ခဲ့တာဟာ တသင်းကို အများဆုံး ၈ ပွဲစီသာ ကစားထားရသေးပေမယ့် ရိုလာကိုစတာဖြစ်ရပ်တွေနဲ့ လျင်မြန်လွန်းလှတဲ့ ခပ်ကြမ်းကြမ်း အတက်အကျတွေက အရင်နှစ်တွေနဲ့ နည်းနည်းမှ မတူအောင်ကို ဆွဲဆောင်မှု ရှိနေခဲ့ပြီး အသင်းငယ်တွေက အသင်းကြီးတွေကို ပယ်ပယ်နယ်နယ် ပညာပေးနေတာတွေကိုလည်း ပရိသတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေကြရသလို အရသာရှိရှိ ခံစားနေကြရပါတယ်။

လက်စတာအသင်းဟာ ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အံ့အားသင့်ဖွယ် ကိုင်မြှောက်ခဲ့သလိုမျိုး ဂျေမီ ဗာဒီရဲ့ ဦးဆောင်မှုနဲ့အတူ ခံစစ်ကြောင်း လက်နက်အင်အား အပြည့်အစုံနဲ့ မြင်​နေရပြီး တကျော့ပြန်ချန်ပီယံဖြစ်ဖို့ တာစူနေသလို စပါးစ်အသင်းဟာလည်း ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့လို မုန်တိုင်းထန်တဲ့ တိုက်စစ်အတွဲနဲ့ အင်အားကြီး လီဗာပူးလ် မန်စီးတီးတို့​ကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကိုရယူဖို့ ပြင်ဆင်နေတဲ့ မော်ရင်ညိုရဲ့ ငယ်မူငယ်သွေး ခြေလှမ်းတွေကို ခံစားမိကြပါလိမ့်မယ်။

ဒန်နီ အင်းစ်၊ သီယို ဝေါလ်ကော့တို့ရဲ့ ရက်စက်လှတဲ့ စိန့််အသင်း၊ ဂရီးလစ်ရှ်၊ ဘာကလေ၊ ဝပ်ကင်းစ်တို့ရဲ့ လတ်ဆတ်လှတဲ့ ဗီလာအသင်းတို့ကလည်း အဆိပ်ရည်အပြည့်နဲ့ ဗုံးတွေလို့ သတ်မှတ်ရမှာဖြစ်ပြီး လီဗာပူးလ် နဲ့ အာဆင်နယ် နှစ်သင်းပေါင်းကို အဝေးကွင်းမှာ ၁၀ ဂိုးအထိ သွင်းယူပြခဲ့တဲ့ ဗီလာရဲ့ ကစားအားကလည်း မဖြစ်မနေ အသိအမှတ်ပြုစရာမို့ ချန်ပီယံလိဂ်ဝင်ခွင့် လေးနေရာမှာ သူ့ထက်ငါ အပြိုင်အဆိုင် တိုက်ပွဲဝင်သွားကြဦးမှာပါ။

ဒါ့အပြင် လူစားလဲမှု ၅ ဦးအထိ ခွင့်ပြုဖို့ အသင်းကြီးတွေက ဖိအားပေးမှုတွေ ပြုလုပ်နေတဲ့ ဒီရာသီရဲ့ အငြင်းပွားဖွယ်ရာ အရေးကိစ္စတခုရှိနေပြီး လူအင်အားတောင့်တင်းတဲ့ အသင်းတွေအတွက်တော့ အခွင့်ထူးခံဖြစ်စေကာ ဆန့်ကျင်ဘက်အနေနဲ့ အသင်းငယ်တွေအတွက် နစ်နာစေနိင်ပေမယ့် အသင်းငယ်တွေက အသင်းကြီးတွေကို ထိပ်ပုတ်ခေါင်းပုတ်လုပ်၊ အနိုင်ယူပြနေတာကို သဘောတွေ့နေသူတွေလည်း တဖက်မှာ ရပ်တည်နေကြလို့ လက်ရှိ လူစားလဲမှု ၃ ဦးအတိုင်း ဆက်လက်ထားရှိဖို့ တိုက်တွန်းနေကြပါတယ်။

တန်းတက်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်း၊ ဖူလ်ဟမ်းနဲ့ ဝက်စ်ဘရွမ်း အသင်းတို့ကို ကြည့်တဲ့အခါ နည်းပြ ဘီယယ်လ်ဆာရဲ့ လိဒ်အသင်းက လူအထင်ကြီးမှုတွေကို သိမ်းကျူံးရယူနေပြီး မဖြစ်နိုင်တာတွေကို လုပ်ပြနေခဲ့တဲ့အသင်းအဖြစ် ဒီရာသီ ပရီးမီးယားလိဂ်ဇာတ်ရှိန်က ပိုမြင့်တက်လာခဲ့ပြီး အဆမတန်လှုပ်ခတ်နေပါတယ်။ စိတ်ဝင်စားစရာ ကစားသမားသစ်တွေဖြစ်တဲ့ ဂျိုတာနဲ့ ဇီးယက်ရှ်တို့ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ပြိုင်ဘက်တွေကို ထိတ်လန့်စေခဲ့ပြီး နာမည်ကြီးယူနိုက်တက်ရဲ့ ကာဗာနီ နဲ့ ဗန်ဒီဘိခ်တို့ကတော့ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရဆဲဖြစ်လို့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဘယ်နှစ်တွေနဲ့မှ မတူညီတဲ့ ဒီရာသီ ပရီးမီယားလိဂ် ရဲ့ အခြားနားဆုံး အရသာတွေကို ပရိသတ်တွေက မြိန်​မြိန်ယှက်ယှက် စားသုံးခံစားခွင့် ရနေကြပါတယ်။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ထင္မွတ္မထားတဲ့ ကေမာက္ကမ ရလဒ္ေတြ၊ ပါးစပ္အေဟာင္းသားပြင့္ခဲ့ရတဲ့ အံ့အားသင့္စရာျဖစ္ရပ္ေတြအျပည့္နဲ႕ လက္ရွိ ပရီးမီးယားလိဂ္ရာသီကို ပြဲစဥ္ ၈ ၿပီးဆုံးတဲ့အထိ ေမာင္းႏွင္လာနိုင္ခဲ့တာဟာ တသင္းကို အမ်ားဆုံး ၈ ပြဲစီသာ ကစားထားရေသးေပမယ့္ ရိုလာကိုစတာျဖစ္ရပ္ေတြနဲ႕ လ်င္ျမန္လြန္းလွတဲ့ ခပ္ၾကမ္းၾကမ္း အတက္အက်ေတြက အရင္ႏွစ္ေတြနဲ႕ နည္းနည္းမွ မတူေအာင္ကို ဆြဲေဆာင္မႈ ရွိေနခဲ့ၿပီး အသင္းငယ္ေတြက အသင္းႀကီးေတြကို ပယ္ပယ္နယ္နယ္ ပညာေပးေနတာေတြကိုလည္း ပရိသတ္ေတြ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေနၾကရသလို အရသာရွိရွိ ခံစားေနၾကရပါတယ္။

လက္စတာအသင္းဟာ ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အံ့အားသင့္ဖြယ္ ကိုင္ျမႇောက္ခဲ့သလိုမ်ိဳး ေဂ်မီ ဗာဒီရဲ႕ ဦးေဆာင္မႈနဲ႕အတူ ခံစစ္ေၾကာင္း လက္နက္အင္အား အျပည့္အစုံနဲ႕ ျမင္​ေနရၿပီး တေက်ာ့ျပန္ခ်န္ပီယံျဖစ္ဖို႔ တာစူေနသလို စပါးစ္အသင္းဟာလည္း ဟာရီကိန္း၊ ဆြန္ေဟာင္မင္တို႔လို မုန္တိုင္းထန္တဲ့ တိုက္စစ္အတြဲနဲ႕ အင္အားႀကီး လီဗာပူးလ္ မန္စီးတီးတို႔​ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုကိုရယူဖို႔ ျပင္ဆင္ေနတဲ့ ေမာ္ရင္ညိုရဲ႕ ငယ္မူငယ္ေသြး ေျခလွမ္းေတြကို ခံစားမိၾကပါလိမ့္မယ္။

ဒန္နီ အင္းစ္၊ သီယို ေဝါလ္ေကာ့တို႔ရဲ႕ ရက္စက္လွတဲ့ စိန့္္အသင္း၊ ဂရီးလစ္ရွ္၊ ဘာကေလ၊ ဝပ္ကင္းစ္တို႔ရဲ႕ လတ္ဆတ္လွတဲ့ ဗီလာအသင္းတို႔ကလည္း အဆိပ္ရည္အျပည့္နဲ႕ ဗုံးေတြလို႔ သတ္မွတ္ရမွာျဖစ္ၿပီး လီဗာပူးလ္ နဲ႕ အာဆင္နယ္ ႏွစ္သင္းေပါင္းကို အေဝးကြင္းမွာ ၁၀ ဂိုးအထိ သြင္းယူျပခဲ့တဲ့ ဗီလာရဲ႕ ကစားအားကလည္း မျဖစ္မေန အသိအမွတ္ျပဳစရာမို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေလးေနရာမွာ သူ႕ထက္ငါ အၿပိဳင္အဆိုင္ တိုက္ပြဲဝင္သြားၾကဦးမွာပါ။

ဒါ့အျပင္ လူစားလဲမႈ ၅ ဦးအထိ ခြင့္ျပဳဖို႔ အသင္းႀကီးေတြက ဖိအားေပးမႈေတြ ျပဳလုပ္ေနတဲ့ ဒီရာသီရဲ႕ အျငင္းပြားဖြယ္ရာ အေရးကိစၥတခုရွိေနၿပီး လူအင္အားေတာင့္တင္းတဲ့ အသင္းေတြအတြက္ေတာ့ အခြင့္ထူးခံျဖစ္ေစကာ ဆန့္က်င္ဘက္အေနနဲ႕ အသင္းငယ္ေတြအတြက္ နစ္နာေစနိင္ေပမယ့္ အသင္းငယ္ေတြက အသင္းႀကီးေတြကို ထိပ္ပုတ္ေခါင္းပုတ္လုပ္၊ အနိုင္ယူျပေနတာကို သေဘာေတြ႕ေနသူေတြလည္း တဖက္မွာ ရပ္တည္ေနၾကလို႔ လက္ရွိ လူစားလဲမႈ ၃ ဦးအတိုင္း ဆက္လက္ထားရွိဖို႔ တိုက္တြန္းေနၾကပါတယ္။

တန္းတက္လာခဲ့တဲ့ လိဒ္စ္ယူနိုက္တက္အသင္း၊ ဖူလ္ဟမ္းနဲ႕ ဝက္စ္ဘ႐ြမ္း အသင္းတို႔ကို ၾကည့္တဲ့အခါ နည္းျပ ဘီယယ္လ္ဆာရဲ႕ လိဒ္အသင္းက လူအထင္ႀကီးမႈေတြကို သိမ္းက်ဴံးရယူေနၿပီး မျဖစ္နိုင္တာေတြကို လုပ္ျပေနခဲ့တဲ့အသင္းအျဖစ္ ဒီရာသီ ပရီးမီးယားလိဂ္ဇာတ္ရွိန္က ပိုျမင့္တက္လာခဲ့ၿပီး အဆမတန္လႈပ္ခတ္ေနပါတယ္။ စိတ္ဝင္စားစရာ ကစားသမားသစ္ေတြျဖစ္တဲ့ ဂ်ိဳတာနဲ႕ ဇီးယက္ရွ္တို႔ကေတာ့ ေရာက္ေရာက္ခ်င္း ေဆာက္နဲ႕ထြင္းဆိုသလို ၿပိဳင္ဘက္ေတြကို ထိတ္လန့္ေစခဲ့ၿပီး နာမည္ႀကီးယူနိုက္တက္ရဲ႕ ကာဗာနီ နဲ႕ ဗန္ဒီဘိခ္တို႔ကေတာ့ ပြဲထြက္ခြင့္အတြက္ ႐ုန္းကန္ေနရဆဲျဖစ္လို႔ ဆက္လက္ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ ဘယ္ႏွစ္ေတြနဲ႕မွ မတူညီတဲ့ ဒီရာသီ ပရီးမီယားလိဂ္ ရဲ႕ အျခားနားဆုံး အရသာေတြကို ပရိသတ္ေတြက ၿမိန္​ၿမိန္ယွက္ယွက္ စားသုံးခံစားခြင့္ ရေနၾကပါတယ္။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.