Premier League

မေဆန် ဂရင်းဝုဒ်အတွက် အထူးတလည် စိတ်ပူပန်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား မေဆန် ဂရင်းဝုဒ်အတွက် အထူးတလည် စိတ်ပူပန်နေကြောင်း သိရပြီး ငယ်ရွယ်တုန်း မိုက်မဲတဲ့ဆုံးဖြတ်ချက်၊ အကျိုးမရှိတဲ့ လုပ်ရပ်တွေကြောင့် သူ့ရဲ့ ဘောလုံးသမားဘဝ အထိအခိုက်ဖြစ်သွားမှာကို အပြင်းအထန် သတိပေးထားရတယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၁၉ နှစ်သားဟာ အရွယ်နဲ့မလိုက်အောင် ထူးချွန်ပြောင်မြောက်ပြီး ဘောလုံးပါရမီရှင်တဦးလို့ သတ်မှတ်ခံထားရသလို ယူနိုက်တက်ရဲ့ အနာဂတ်ကြယ်ပွင့်အနေနဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး၊ ထိပ်တန်းအဆင့် ဂိုးသွင်းမုဆိုးကြီး ဖြစ်လာဖို့ အသင်းက ရည်မှန်းချက်ထား ပျိုးထောင်ပေးခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။

ဆယ်ကျော်သက် အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်ပွဲမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ဖျားနာ​နေတဲ့ အကြောင်းပြချက်နဲ့ ချန်လှပ်ထားခံခဲ့ရတာလို့ ဆိုပေမယ့် ပွဲမတိုင်မီ လေ့ကျင့်ရေးအစီအစဥ်မှာ ပုံမှန်စွမ်းဆောင်ရည်အောက်ရောက်နေပြီး သူဟာ ကစားသမားတယောက်ရဲ့ ပုံမှန် အိပ်စက်ချိန်နဲ့ အနားယူချိန်တွေအတိုင်း ညီညွတ်အောင် နေထိုင်ခြင်း မရှိသလို ပြီးခဲ့တဲ့လကလည်း အသင်းရဲ့လေ့ကျင့်ရေးကို အမြဲနောက်ကျပြီးမှ ရောက်လာတတ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေတုန်းမှာ အသင်းရဲ့ ဟိုတယ်ကို မိန်းကလေးတွေ ခေါ်လာပြီး စည်းကမ်းချိုးဖောက်ခဲ့လို့ အိမ်ပြန်ပို့ခံခဲ့ရကာ အရှက်ရစရာ အခြေအ​နေဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်းဘက်က သူ့လုပ်ရပ်အတွက် စိတ်ပျက်မိကြောင်း ထုတ်ပြန်ခဲ့ရတာလည်း ပူပူနွေးနွေး ဖြစ်ရပ်တခုပါ။

သူဟာ ဒီရာသီမှာ အသင်းအတွက် ၄ ပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ဆိုးလ်ရှားနဲ့ ​ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် ဂရင်းဝုဒ်ကို အင်္ဂလန်လူစာရင်းကနေ ချန်လှပ်ထားခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဘောလုံးသမားဘဝ အနာဂတ်အတွက် ယူနိုက်တက်အနေနဲ့ ဂရုတစိုက် ထိန်းကျောင်းမှုတွေ ​ပေးသွားဖို့ ပရိသတ်တွေအနေနဲ့ မျှော်လင့်ထားကြတာ ဖြစ်သလို နည်းပြ ဆိုးလ်ရှားကလည်း သူ့ရဲ့ စဥ်းစားတွေးခေါ်ပုံ နဲ့ အိပ်စက်နေထိုင်စားသောက်ပုံကို အခုထက်ပိုပြီး တိုးတက်လာအောင် ပြုလုပ်ပေးသွားဖို့ ရှိနေတယ်လို့ သိထားရပါတယ်။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိမွာ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမား ေမဆန္ ဂရင္းဝုဒ္အတြက္ အထူးတလည္ စိတ္ပူပန္ေနေၾကာင္း သိရၿပီး ငယ္႐ြယ္တုန္း မိုက္မဲတဲ့ဆုံးျဖတ္ခ်က္၊ အက်ိဳးမရွိတဲ့ လုပ္ရပ္ေတြေၾကာင့္ သူ႕ရဲ႕ ေဘာလုံးသမားဘဝ အထိအခိုက္ျဖစ္သြားမွာကို အျပင္းအထန္ သတိေပးထားရတယ္လို႔ သတင္းေတြက ဆိုပါတယ္။

အသက္ ၁၉ ႏွစ္သားဟာ အ႐ြယ္နဲ႕မလိုက္ေအာင္ ထူးခြၽန္ေျပာင္ေျမာက္ၿပီး ေဘာလုံးပါရမီရွင္တဦးလို႔ သတ္မွတ္ခံထားရသလို ယူနိုက္တက္ရဲ႕ အနာဂတ္ၾကယ္ပြင့္အေနနဲ႕ ကမၻာ့အဆင့္ တိုက္စစ္မႉး၊ ထိပ္တန္းအဆင့္ ဂိုးသြင္းမုဆိုးႀကီး ျဖစ္လာဖို႔ အသင္းက ရည္မွန္းခ်က္ထား ပ်ိဳးေထာင္ေပးျခင္း ခံေနရသူလည္း ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ အဂၤလန္သားဟာ ၿပီးခဲ့တဲ့ စေနေန႕က အဲဗာတန္ပြဲမွာလည္း ပါဝင္နိုင္ခဲ့ျခင္းမရွိဘဲ ဖ်ားနာ​ေနတဲ့ အေၾကာင္းျပခ်က္နဲ႕ ခ်န္လွပ္ထားခံခဲ့ရတာလို႔ ဆိုေပမယ့္ ပြဲမတိုင္မီ ေလ့က်င့္ေရးအစီအစဥ္မွာ ပုံမွန္စြမ္းေဆာင္ရည္ေအာက္ေရာက္ေနၿပီး သူဟာ ကစားသမားတေယာက္ရဲ႕ ပုံမွန္ အိပ္စက္ခ်ိန္နဲ႕ အနားယူခ်ိန္ေတြအတိုင္း ညီၫြတ္ေအာင္ ေနထိုင္ျခင္း မရွိသလို ၿပီးခဲ့တဲ့လကလည္း အသင္းရဲ႕ေလ့က်င့္ေရးကို အၿမဲေနာက္က်ၿပီးမွ ေရာက္လာတတ္တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာတုန္းကလည္း ဂရင္းဝုဒ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႕ ပူးေပါင္းေနတုန္းမွာ အသင္းရဲ႕ ဟိုတယ္ကို မိန္းကေလးေတြ ေခၚလာၿပီး စည္းကမ္းခ်ိဳးေဖာက္ခဲ့လို႔ အိမ္ျပန္ပို႔ခံခဲ့ရကာ အရွက္ရစရာ အေျခအ​ေနျဖစ္ခဲ့ၿပီး ယူနိုက္တက္အသင္းဘက္က သူ႕လုပ္ရပ္အတြက္ စိတ္ပ်က္မိေၾကာင္း ထုတ္ျပန္ခဲ့ရတာလည္း ပူပူႏြေးႏြေး ျဖစ္ရပ္တခုပါ။

သူဟာ ဒီရာသီမွာ အသင္းအတြက္ ၄ ပြဲသာ ပြဲထြက္ခြင့္ ရရွိထားၿပီး အဂၤလန္နည္းျပ ေဆာက္ဂိတ္ကလည္း ဆိုးလ္ရွားနဲ႕ ​ေျပာဆိုေဆြးႏြေးမႈေတြ ျပဳလုပ္ခဲ့တဲ့ေနာက္ ဂရင္းဝုဒ္ကို အဂၤလန္လူစာရင္းကေန ခ်န္လွပ္ထားခဲ့တယ္လို႔ သိရပါတယ္။ သူ႕ရဲ႕ ေဘာလုံးသမားဘဝ အနာဂတ္အတြက္ ယူနိုက္တက္အေနနဲ႕ ဂ႐ုတစိုက္ ထိန္းေက်ာင္းမႈေတြ ​ေပးသြားဖို႔ ပရိသတ္ေတြအေနနဲ႕ ေမွ်ာ္လင့္ထားၾကတာ ျဖစ္သလို နည္းျပ ဆိုးလ္ရွားကလည္း သူ႕ရဲ႕ စဥ္းစားေတြးေခၚပုံ နဲ႕ အိပ္စက္ေနထိုင္စားေသာက္ပုံကို အခုထက္ပိုၿပီး တိုးတက္လာေအာင္ ျပဳလုပ္ေပးသြားဖို႔ ရွိေနတယ္လို႔ သိထားရပါတယ္။

REF: DAILYMAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.