Premier League

အာဆင်နယ် နဲ့ အာတီတာရဲ့ ပျားရည်ဆမ်း ချို​မြိန်ကာလ ပြီးဆုံးသွားပြီလား

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ အိမ်ကွင်း အမ်းမရိတ်မြေပေါ် သုံးဂိုးပြတ်နဲ့ အရှက်တကွဲ ရှူံးနိမ့်ခဲ့ပြီး အက်စတွန်ဗီလာအသင်းကို မလွန်ဆန်နိုင်ခဲ့သလို ပရိသတ်တွေ စိတ်မချရတဲ့ တည်ငြိမ်မှုမရှိ ပျက်ယွင်းနေတဲ့ ကစားပုံကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။

အာဆင်နယ်ဟာ ဒီပွဲမှာသာ အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံး အဆင့် ၄ အတွင်း တက်လှမ်းနိုင်ခဲ့မှာ ဖြစ်ပေမယ့် ဆိုးရွားတဲ့ ကစားပုံနဲ့အတူ အဆင့် ၁၁ နေရာမှာ အဆုံးသတ်ပြီး ပရီးမီယားလိဂ် တပတ်နားသွားခဲ့ပါတယ်။

ဒန်ဒေါ့၊ မန်ချက်စတာယူနိုက်တက် နဲ့ မိုလ်ဒီ တို့ကို တောက်လျှောက်အနိုင်ယူပြီး ၃ ပွဲမှာ ၈ ဂိုးသွင်း၊ တဂိုးသာပေးထားခဲ့ရတဲ့ အာဆင်နယ်အပေါ် မျှော်လင့်မှုတွေ မြင့်မားခဲ့ပေမယ့် စိတ်ပျက်စရာတွေသာ ကျန်ခဲ့ရပြီး ဗီလာအသင်းကို ကစားပုံ၊ စွမ်းဆောင်ရည်နဲ့ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ အပြတ်အသတ် အရေးနိမ့်တာပါ။

ဒီပွဲအပြီးမှာတော့ အာဆင်နယ် နဲ့ နည်းပြ အာတီတာတို့ရဲ့ ပျားရည်ဆမ်းကာလ သက်တမ်း​ကုန်ဆုံးခဲ့ပြီလားလို့ ဝေဖန်မှုတွေနဲ့ အသံဆူလာခဲ့ပြီး ဒီရလဒ်အတွက် အပြည့်အဝတာဝန်ယူကြောင်း အာတီတာက ပြောသွားခဲ့ပေမယ့် ရလဒ်တွေ ဆက်တိုက်ဆိုးရွားလာခဲ့ရင်တော့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ အမြင်ကြည်လင်မှု မရှိနိုင်တော့မှာကိုလည်း သူ့အနေနဲ့ ထည့်တွက်ထားရမှာပါ။

” ကျွန်တော် အပြည့်အဝတာဝန်ယူပါတယ်။ ညံ့ညံ့ဖျင်းဖျင်းကို ကစားခဲ့တဲ့ ရလဒ်ပါ။ ဒီပွဲမှာ ပြိုင်ဘက်ထက် အစစရာရာ နောက်ကောက်ကျနေခဲဲ့တယ်။ စိတ်ပျက်စရာ သိပ်ကောင်းပါတယ်။ အရှိန်တခုရဖို့ အချိန်ယူ တည်ဆောက်ရပေမယ့် ဒီလို ပျက်စီးနေတဲ့ စွမ်းဆောင်ရည်မျိုးကို ရင်ဆိုင်ရခက်ပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မျိုးက ချိုမြိန်နေတဲ့ နိုင်ပွဲတွေထက် ပိုသင်ယူလို့ကောင်းတဲ့ အချိန်ဖြစ်ပါတယ် ” လို့ နည်းပြ အာတီတာက ပွဲအပြီးမှာ ပြောပြသွားခဲ့ပြီး အာဆင်နယ် နဲ့ အာတီတာတို့ရဲ့ ပျားရည်ဆမ်း ချိုမြိန်ကာလ ပြီးဆုံးသွားပြီလား၊ ဘယ်လို အချိုးအကွေ့တွေ ဖြစ်ပေါ်လာဦးမလဲဆိုတာက စိတ်ဝင်စားစရာ၊ စောင့်ကြည့်ချင်းစရာကောင်းပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အိမ္ကြင္း အမ္းမရိတ္ေျမေပၚ သုံးဂိုးျပတ္နဲ႕ အရွက္တကြဲ ရႉံးနိမ့္ခဲ့ၿပီး အက္စတြန္ဗီလာအသင္းကို မလြန္ဆန္နိုင္ခဲ့သလို ပရိသတ္ေတြ စိတ္မခ်ရတဲ့ တည္ၿငိမ္မႈမရွိ ပ်က္ယြင္းေနတဲ့ ကစားပုံကိုလည္း ျမင္ေတြ႕ခဲ့ၾကရပါတယ္။

အာဆင္နယ္ဟာ ဒီပြဲမွာသာ အနိုင္ရမယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံး အဆင့္ ၄ အတြင္း တက္လွမ္းနိုင္ခဲ့မွာ ျဖစ္ေပမယ့္ ဆိုး႐ြားတဲ့ ကစားပုံနဲ႕အတူ အဆင့္ ၁၁ ေနရာမွာ အဆုံးသတ္ၿပီး ပရီးမီယားလိဂ္ တပတ္နားသြားခဲ့ပါတယ္။

ဒန္ေဒါ့၊ မန္ခ်က္စတာယူနိုက္တက္ နဲ႕ မိုလ္ဒီ တို႔ကို ေတာက္ေလွ်ာက္အနိုင္ယူၿပီး ၃ ပြဲမွာ ၈ ဂိုးသြင္း၊ တဂိုးသာေပးထားခဲ့ရတဲ့ အာဆင္နယ္အေပၚ ေမွ်ာ္လင့္မႈေတြ ျမင့္မားခဲ့ေပမယ့္ စိတ္ပ်က္စရာေတြသာ က်န္ခဲ့ရၿပီး ဗီလာအသင္းကို ကစားပုံ၊ စြမ္းေဆာင္ရည္နဲ႕ ေျခစြမ္းပိုင္းေရာ ရလဒ္ပိုင္းမွာပါ အျပတ္အသတ္ အေရးနိမ့္တာပါ။

ဒီပြဲအၿပီးမွာေတာ့ အာဆင္နယ္ နဲ႕ နည္းျပ အာတီတာတို႔ရဲ႕ ပ်ားရည္ဆမ္းကာလ သက္တမ္း​ကုန္ဆုံးခဲ့ၿပီလားလို႔ ေဝဖန္မႈေတြနဲ႕ အသံဆူလာခဲ့ၿပီး ဒီရလဒ္အတြက္ အျပည့္အဝတာဝန္ယူေၾကာင္း အာတီတာက ေျပာသြားခဲ့ေပမယ့္ ရလဒ္ေတြ ဆက္တိုက္ဆိုး႐ြားလာခဲ့ရင္ေတာ့ အာဆင္နယ္ပရိသတ္ေတြအေနနဲ႕ အျမင္ၾကည္လင္မႈ မရွိနိုင္ေတာ့မွာကိုလည္း သူ႕အေနနဲ႕ ထည့္တြက္ထားရမွာပါ။

” ကြၽန္ေတာ္ အျပည့္အဝတာဝန္ယူပါတယ္။ ညံ့ညံ့ဖ်င္းဖ်င္းကို ကစားခဲ့တဲ့ ရလဒ္ပါ။ ဒီပြဲမွာ ၿပိဳင္ဘက္ထက္ အစစရာရာ ေနာက္ေကာက္က်ေနခဲဲ့တယ္။ စိတ္ပ်က္စရာ သိပ္ေကာင္းပါတယ္။ အရွိန္တခုရဖို႔ အခ်ိန္ယူ တည္ေဆာက္ရေပမယ့္ ဒီလို ပ်က္စီးေနတဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ရင္ဆိုင္ရခက္ပါတယ္။ ဒါေပမယ့္ ဒီလိုအခ်ိန္မ်ိဳးက ခ်ိဳၿမိန္ေနတဲ့ နိုင္ပြဲေတြထက္ ပိုသင္ယူလို႔ေကာင္းတဲ့ အခ်ိန္ျဖစ္ပါတယ္ ” လို႔ နည္းျပ အာတီတာက ပြဲအၿပီးမွာ ေျပာျပသြားခဲ့ၿပီး အာဆင္နယ္ နဲ႕ အာတီတာတို႔ရဲ႕ ပ်ားရည္ဆမ္း ခ်ိဳၿမိန္ကာလ ၿပီးဆုံးသြားၿပီလား၊ ဘယ္လို အခ်ိဳးအေကြ႕ေတြ ျဖစ္ေပၚလာဦးမလဲဆိုတာက စိတ္ဝင္စားစရာ၊ ေစာင့္ၾကည့္ခ်င္းစရာေကာင္းပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.