Premier League Transfer News

၁၀.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်သစ်တစ်ဦးအဖြစ် စွမ်းဆောင်ရည်တွေအရ လူကြိုက်များနေတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ထရိန်နင်ပျင်းနေတဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ဒေါသထွက်နေတယ်လို့ သိရပြီး ၁၉ နှစ်သားရဲ့ ပုံစံအတွက် ပရိသတ်တွေ စိုးရိမ်နေ။

– ယူနိုက်တက်ကွင်းလယ်မှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့လို ကမ္ဘာ့အဆင့်ကစားသမားတွေ၊ မာတစ်ချ်လို ဝါရင့်နဲ့ မက်တော်မီနေးလို နယ်ခံ ကစားသမားတွေ ရှိနေကြပေမယ့် ဒီထဲမှာ ဖရက်ဒ်ကတော့ တစ်မျိုးတစ်ဘာသာကွဲတဲ့ ပုံစံကို ပြသထားနိုင်ပြီး ဥရောပရဲ့ လုပ်အားနှုန်း အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရ။

– ပေးဂိုးများနေခဲ့ပြီး ကြံ့ခိုင်မှု အားနည်းတတ်တဲ့ နောက်တန်းအတွက် ဖီအိုရင်တီးနားရဲ့ ဆားဘီးယားနောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ကို လာမယ့် ဇန်နဝါရီမှာ မော်ရင်ညိုရဲ့ စပါးစ်အသင်းနဲ့အပြိုင် ယူနိုက်တက်တို့ ကြိုးစားဖို့ ရှိနေပြီး ပေါင် ၂၂.၅ သန်း (ယူရို ၂၅ သန်း) ကျသင့်နိုင်။

– အသင်းရဲ့ ၁၈ နှစ်အရွယ် တောင်ပံကစားသမားတွေကို ခေါ်ယူထားခဲ့တဲ့ အခြေအနေတွေမှာ ဒီကစားသမားတွေကို ချက်ချင်း သုံးစွဲနိုင်ဖို့ မရေမရာဖြစ်နေပြီး အတွေ့အကြုံရှိ ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူရဖို့ ရှိနေသလို လေဗာကူဆင်ရဲ့ မူဆာ ဒီယာဘီကို ယူနိုက်တက်တာဝန်ရှိသူတွေ စောင့်ကြည့်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘရူနို ဖာနန်ဒက်စ်နောက်ကို အခန်းကဏ္ဍ ကျဆင်းသွားခဲ့ပြီး အသင်းရဲ့ ခံစစ်ကို ပိုကာကွယ်နိုင်တဲ့ ကစားသမားတွေကို ဦးစားပေးအသုံးပြုနေမှုကြောင့် အရန်ခုံထိုင်နေရတဲ့ ပေါ့ဘာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မပျော်တော့ဘူးလို့ ပြင်သစ်လက်ရွေးစင်နည်းပြ ဒေးရွှမ့်စ် ထုတ်ဖော်။

– ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်ကို တစ်ပြိုင်တည်း အသုံးပြုနိုင်ပြီး ဖရက်ဒ်၊ မက်တော်မီနေးနဲ့ မာတစ်ချ်တို့ ကွင်းလယ်အဖျက် သုံးဦးထဲက တစ်ဦးကိုသာ အသုံးပြုဖို့ မီကာ ရစ်ချတ်က တောင်းဆိုလိုက်သလို ဖီးလ် နဗီးလ်က ပေါ့ဘာကို အရန်ခုံမှာ ထားတဲ့ ဆုံးဖြတ်ချက်က ကျက်သရေမရှိဘူးလို့ နည်းပြ ဆိုးလ်ရှားကို ဝေဖန်သွားခဲ့။

– လေ့ကျင့်ရေးကွင်းမှာ ကစားသမားသစ် အဲလက်စ် တဲလက်စ်ကြောင့် နောက်ခံလူ လုခ်ရှောအနေနဲ့ ပိုမိုကြိုးစားလာတာကို တွေ့နေရပြီး သူ့အနေနဲ့ နေရာပျောက်နိုင်တဲ့ အရေးကို ရှောင်လွှဲဖို့ လုပ်ဆောင်လိမ့်မယ်လို့ ကစားသမားဟောင်း လုခ် ချက်ဒ်ဝစ်ခ် သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အသင္းေခါင္းေဆာင္သစ္တစ္ဦးအျဖစ္ စြမ္းေဆာင္ရည္ေတြအရ လူႀကဳိက္မ်ားေနတဲ့ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ထရိန္နင္ပ်င္းေနတဲ့ လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ကို ေဒါသထြက္ေနတယ္လို႔ သိရၿပီး ၁၉ ႏွစ္သားရဲ႕ ပုံစံအတြက္ ပရိသတ္ေတြ စိုးရိမ္ေန။

– ယူႏုိက္တက္ကြင္းလယ္မွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္တုိ႔လို ကမာၻ႕အဆင့္ကစားသမားေတြ၊ မာတစ္ခ်္လုိ ဝါရင့္နဲဲ႔ မက္ေတာ္မီေနးလို နယ္ခံ ကစားသမားေတြ ရွိေနၾကေပမယ့္ ဒီထဲမွာ ဖရက္ဒ္ကေတာ့ တစ္မ်ဳိးတစ္ဘာသာကြဲတဲ့ ပုံစံကို ျပသထားႏုိင္ၿပီး ဥေရာပရဲ႕ လုပ္အားႏွဳန္း အေကာင္းဆုံး ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရ။

– ေပးဂိုးမ်ားေနခဲ့ၿပီး ႀကံ့ခိုင္မွဳ အားနည္းတတ္တဲ့ ေနာက္တန္းအတြက္ ဖီအုိရင္တီးနားရဲ႕ ဆားဘီးယားေနာက္ခံလူ နီကိုလာ မီလင္ကိုဗစ္ကို လာမယ့္ ဇန္နဝါရီမွာ ေမာ္ရင္ညဳိရဲ႕ စပါးစ္အသင္းနဲ႔အၿပဳိင္ ယူႏုိက္တက္တုိ႔ ႀကဳိးစားဖို႔ ရွိေနၿပီး ေပါင္ ၂၂.၅ သန္း (ယူ႐ို ၂၅ သန္း) က်သင့္ႏုိင္။

– အသင္းရဲ႕ ၁၈ ႏွစ္အရြယ္ ေတာင္ပံကစားသမားေတြကို ေခၚယူထားခဲ့တဲ့ အေျခအေနေတြမွာ ဒီကစားသမားေတြကို ခ်က္ခ်င္း သုံးစြဲႏုိင္ဖို႔ မေရမရာျဖစ္ေနၿပီး အေတြ႕အႀကဳံရွိ ကစားသမားတစ္ဦးကို ထပ္မံေခၚယူရဖို႔ ရွိေနသလို ေလဗာကူဆင္ရဲ႕ မူဆာ ဒီယာဘီကို ယူႏုိက္တက္တာဝန္ရွိသူေတြ ေစာင့္ၾကည့္ေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ဘ႐ူႏို ဖာနန္ဒက္စ္ေနာက္ကို အခန္းက႑ က်ဆင္းသြားခဲ့ၿပီး အသင္းရဲ႕ ခံစစ္ကို ပုိကာကြယ္ႏုိင္တဲ့ ကစားသမားေတြကို ဦးစားေပးအသုံးျပဳေနမွဳေၾကာင့္ အရန္ခုံထိုင္ေနရတဲ့ ေပါ့ဘာအေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္မွာ မေပ်ာ္ေတာ့ဘူးလို႔ ျပင္သစ္လက္ေရြးစင္နည္းျပ ေဒးရႊမ့္စ္ ထုတ္ေဖာ္။

– ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ကို တစ္ၿပဳိင္တည္း အသုံးျပဳႏုိင္ၿပီး ဖရက္ဒ္၊ မက္ေတာ္မီေနးနဲ႔ မာတစ္ခ်္တုိ႔ ကြင္းလယ္အဖ်က္ သုံးဦးထဲက တစ္ဦးကိုသာ အသုံးျပဳဖို႔ မီကာ ရစ္ခ်တ္က ေတာင္းဆုိလိုက္သလို ဖီးလ္ နဗီးလ္က ေပါ့ဘာကို အရန္ခုံမွာ ထားတဲ့ ဆုံးျဖတ္ခ်က္က က်က္သေရမရွိဘူးလို႔ နည္းျပ ဆုိးလ္ရွားကို ေဝဖန္သြားခဲ့။

– ေလ့က်င့္ေရးကြင္းမွာ ကစားသမားသစ္ အဲလက္စ္ တဲလက္စ္ေၾကာင့္ ေနာက္ခံလူ လုခ္ေရွာအေနနဲ႔ ပိုမိုႀကဳိးစားလာတာကို ေတြ႕ေနရၿပီး သူ႕အေနနဲ႔ ေနရာေပ်ာက္ႏုိင္တဲ့ အေရးကို ေရွာင္လႊဲဖို႔ လုပ္ေဆာင္လိမ့္မယ္လို႔ ကစားသမားေဟာင္း လုခ္ ခ်က္ဒ္ဝစ္ခ္ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.