Premier League

၉.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– အသင်းရဲ့ ခံစစ်မှာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့လို့ တံခါးလို့ အမည်ရခဲ့တဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်က သူ့ရဲ့ တွဲဖက်ခံစစ်မှူး ရူဘင် ဒီယက်စ်ကိုလည်း နာမည်ပြောင်ပေးလိုက်ပြီး သူက တံခါးဆိုရင် ဒီယက်စ်က သော့ဖြစ်တယ်လို့ တွစ်တာမှာ ပြောသွားခဲ့။

– တော့တင်ဟမ်၊ လက်စတာ၊ ချဲလ်ဆီးအသင်းတွေက ထိပ်ဆုံးကနေ ဦးဆောင်နေကြပေမယ့် တကယ်တမ်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့နှစ်သင်းထဲက တစ်သင်းပဲ ရသွားလိမ့်မယ်လို့ အလန် ရှီးရား ပြောကြား။

– တနင်္ဂနွေနေ့ညက ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ မန်စီးတီးအသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကနေ ပျောက်ဆုံးနေပြီး ဘောလုံးအပေးမှားခဲ့တာတွေလည်း မနည်းကြောင်း တွေ့ခဲ့ရလို့ ဆယ်မှတ်ပေးရင် တစ်မှတ်မှ မရသင့်ဘူးလို့ လေ့လာသူတွေ ဆိုနေကြ။

– စကိုင်းစပို့စ်ရဲ့ တင်ဆက်သူတစ်ဦးဖြစ်တဲ့ ရွိုင်းကီးန်က မန်စီးတီးနောက်ခံလူ ခိုင် ဝေါ်လ်ကာ ကစားပုံကောင်းနေတယ်လို့ ချီးကျူးနေကြတာကို လက်မခံနိုင်ကြောင်းနဲ့ အသက် ၃၀ အရွယ်မှာ မာနေးရဲ့ ပင်နယ်တီလိုမျိုးကို ကျူးလွန်လိုက်တာဟာ တုံးအလွန်းတယ်လို့ ဝေဖန်။

– ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဒီဘရိုင်းနားကို လီဗာပူးလ် ပရိသတ်တွေ လှောင်ပြောင်နေကြပြီး သူဟာ လက်ထိဘောစည်းမျဉ်းကို မကြိုက်တဲ့ ကစားသမားမို့လို့ တရားမျှတအောင် လွဲချော်ခဲ့တာဖြစ်တယ်လို့ တွစ်တာမှာ ရေးသားနေကြ။

– နည်းပြ ဂွါဒီယိုလာနဲ့ ယာဂန် ကလော့ပ်တို့ရဲ့ သူများနိုင်ငံတွေလိုပဲ လူစားငါးယောက် လဲလှယ်ဖို့ တောင်းဆိုမှုအပေါ် ပရော်ဖက်ရှင်နယ် ကစားသမားများ အစည်းအရုံး PFA ကလည်း ထောက်ခံလိုက်ပြီး ဒဏ်ရာတွေ မရရှိအောင် ကာကွယ်ဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြ။

– ဂျာအို ကန်ဆယ်လိုရဲ့ မိုဟာမက် ဆာလားကို ထိန်းချုပ်ကစားသွားနိုင်ခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲက ပုံစံကို နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပြီး ဘောလုံးနဲ့ရော ဘောလုံးမပါချိန်၊ ဆုံးရှုံးချိန်တွေမှာပါ အကောင်းဆုံးကစားနိုင်သူလို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ ခံစစ္မွာ မားမားမတ္မတ္ ရပ္တည္ႏုိင္ခဲ့လို႔ တံခါးလုိ႔ အမည္ရခဲ့တဲ့ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္က သူ႕ရဲ႕ တြဲဖက္ခံစစ္မွဴး ႐ူဘင္ ဒီယက္စ္ကိုလည္း နာမည္ေျပာင္ေပးလုိက္ၿပီး သူက တံခါးဆိုရင္ ဒီယက္စ္က ေသာ့ျဖစ္တယ္လုိ႔ တြစ္တာမွာ ေျပာသြားခဲ့။

– ေတာ့တင္ဟမ္၊ လက္စတာ၊ ခ်ဲလ္ဆီးအသင္းေတြက ထိပ္ဆုံးကေန ဦးေဆာင္ေနၾကေပမယ့္ တကယ္တမ္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တုိ႔ႏွစ္သင္းထဲက တစ္သင္းပဲ ရသြားလိမ့္မယ္လုိ႔ အလန္ ရွီးရား ေျပာၾကား။

– တနဂၤေႏြေန႔ညက ပြဲစဥ္မွာ ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ မန္စီးတီးအသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားဟာ သူ႕ရဲ႕ အေကာင္းဆုံးပုံစံကေန ေပ်ာက္ဆုံးေနၿပီး ေဘာလုံးအေပးမွားခဲ့တာေတြလည္း မနည္းေၾကာင္း ေတြ႕ခဲ့ရလုိ႔ ဆယ္မွတ္ေပးရင္ တစ္မွတ္မွ မရသင့္ဘူးလုိ႔ ေလ့လာသူေတြ ဆုိေနၾက။

– စကိုင္းစပုိ႔စ္ရဲ႕ တင္ဆက္သူတစ္ဦးျဖစ္တဲ့ ရြဳိင္းကီးန္က မန္စီးတီးေနာက္ခံလူ ခိုင္ ေဝၚလ္ကာ ကစားပုံေကာင္းေနတယ္လုိ႔ ခ်ီးက်ဴးေနၾကတာကို လက္မခံႏုိင္ေၾကာင္းနဲ႔ အသက္ ၃၀ အရြယ္မွာ မာေနးရဲ႕ ပင္နယ္တီလိုမ်ဳိးကို က်ဴးလြန္လုိက္တာဟာ တုံးအလြန္းတယ္လုိ႔ ေဝဖန္။

– ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ ဒီဘ႐ိုင္းနားကို လီဗာပူးလ္ ပရိသတ္ေတြ ေလွာင္ေျပာင္ေနၾကၿပီး သူဟာ လက္ထိေဘာစည္းမ်ဥ္းကို မႀကဳိက္တဲ့ ကစားသမားမုိ႔လို႔ တရားမွ်တေအာင္ လြဲေခ်ာ္ခဲ့တာျဖစ္တယ္လို႔ တြစ္တာမွာ ေရးသားေနၾက။

– နည္းျပ ဂြါဒီယိုလာနဲ႔ ယာဂန္ ကေလာ့ပ္တုိ႔ရဲ႕ သူမ်ားႏုိင္ငံေတြလိုပဲ လူစားငါးေယာက္ လဲလွယ္ဖို႔ ေတာင္းဆုိမွဳအေပၚ ပေရာ္ဖက္ရွင္နယ္ ကစားသမားမ်ား အစည္းအ႐ုံး PFA ကလည္း ေထာက္ခံလုိက္ၿပီး ဒဏ္ရာေတြ မရရွိေအာင္ ကာကြယ္ဖို႔ ဝိုင္းဝန္းတုိက္တြန္းေနၾက။

– ဂ်ာအုိ ကန္ဆယ္လိုရဲ႕ မိုဟာမက္ ဆာလားကို ထိန္းခ်ဳပ္ကစားသြားႏုိင္ခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲက ပုံစံကို နည္းျပ ဂြါဒီယိုလာက ခ်ီးက်ဴးလိုက္ၿပီး ေဘာလုံးနဲ႔ေရာ ေဘာလုံးမပါခ်ိန္၊ ဆုံးရွဳံးခ်ိန္ေတြမွာပါ အေကာင္းဆုံးကစားႏုိင္သူလို႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.