Premier League

၉.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟဒ်ဆန် အိုဒွိုင်းနဲ့ တိုမိုရီတို့ဟာ ကိုရိုနာရောဂါဆိုင်ရာ လော့ခ်ဒေါင်းစည်းကမ်းကို ချိုးဖောက်ကာ စားသောက်ဆိုင်တခုမှာ ညစာထွက်စားခဲ့ကြောင်း Daily Star သတင်းက ဖော်ပြသွားခဲ့ပြီး ပြစ်ဒဏ်ကျခံရဖွယ် မရှိသော်လည်း သတိပေးခံရနိုင်ကြောင်းသိရ။

ချယ်လ်ဆီးအသင်းရဲ့ ညာတောင်ပံက ဟားကင်းမ် ဇီးယက်ရှ်နဲ့ ရီးစ်ဂျိမ်းစ်တို့ရဲ့ အတွဲဟာ ဖြတ်တင်ဘောပုံစံ မတူတဲ့အပြင် ပြိုင်ဘက်အသင်းက ထိန်းချုပ်လူကပ်ထားဖို့ အလွန်ခက်တာကြောင့် လီဗာပူးလ်ရဲ့ မိုဆာလားနဲ့ အလက်ဇန်းဒါး အာနိုးလ်တို့ရဲ့ ညာတောင်ပံနဲ့ ဆင်တူနေကြောင်း အက်ရှ်လေ ကိုးလ် ခိိုင်းနှိုင်းချီးကျူး။

ဇီးယက်ရှ်ကို ဝိုင်းချီးကျူးနေကြပေမယ့် ထိုက်သင့်သလောက် အသိအမှတ်ပြုမှုမရတဲ့ မေဆန် မောင့်ဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတိုင်းမှာ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး အသင်းဖော်တွေအတွက် နေရာလွတ်ရှာဖွေပေးနေသူဖြစ်ကြောင်း ဂရေမီ ဆောင်းနက်စ်ထောက်ခံပေးသွားခဲ့။

ချယ်လ်ဆီးကစားသမားဘဝရဲ့ ပထမဆုံးသွင်းဂိုးကို ရရှိခဲ့တဲ့ သီယာဂို ဆေးလ်ဗား ဘယ်လောက်ပျော်နေသလဲဆိုတာ မြင်တွေ့နေရပြီး သူဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ပွဲစဥ်တခုချင်းစီအတွက် လိမ္မာပါးနပ်မှုရှိရှိ အသေးစိတ် စီမံခန့်ခွဲနိုင်သူ ဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်​ချီးမွမ်း။

တီမို ဗာနာအတွက် ခင်းပေးလိုက်တဲ့ ဘောလုံးကိုကြည့်ပြီး ဒီကောင်လေးက ကိုက် ၆၀ အကွာက အမှိုက်ပုံးထဲတောင် တည့်တည်ဝင်အောင်ကန်ထည့်နိုင်လိမ့်လို့ တွေးမိကြောင်း ဂရေမီ ဆောင်းနက်စ်က ဇီးယက်ရှ်ရဲ့ စွမ်းဆောင်ပုံကို အထူးချီးကျူးသွားခဲ့။

မက်တီယို ကိုဗာချစ် ဘာလုပ်မလဲဆိုတာကို မိမိသိရှိထားလို့ သူခင်းပေးမယ့် ဘောလုံးလမ်းကြောင်း နေရာကနေ အသင့်စောင့်ဆိုင်းကာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သလို ဒါကို အထူးကျေနပ်မိကြောင်း တန်မီ အေဘရာဟမ်​က ကစားတွေအချင်းချင်းကြားက နားလည်ချိတ်ဆက်မှုကို ရှင်းပြသွားခဲ့။

ချယ်လ်ဆီးကစားသမားဟောင်း ဆမ်မြူယယ်လ် အီတိုးဟာ ကင်မရွန်းနိုင်ငံမှာ မင်္ဂလာဆောင်တခုကအပြန် ဘတ်စ်တကားတစီးနဲ့ ကားချင်းတိုက်မှု ဖြစ်ပွားခဲ့ကာ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ဆေးရုံရောက်ရှိနေပြီး မစိုးရိမ်ရကြောင်း သိရှိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းရဲ႕ လူငယ္ကစားသမားေတြျဖစ္တဲ့ ဟဒ္ဆန္ အိုဒြိုင္းနဲ႕ တိုမိုရီတို႔ဟာ ကိုရိုနာေရာဂါဆိုင္ရာ ေလာ့ခ္ေဒါင္းစည္းကမ္းကို ခ်ိဳးေဖာက္ကာ စားေသာက္ဆိုင္တခုမွာ ညစာထြက္စားခဲ့ေၾကာင္း Daily Star သတင္းက ေဖာ္ျပသြားခဲ့ၿပီး ျပစ္ဒဏ္က်ခံရဖြယ္ မရွိေသာ္လည္း သတိေပးခံရနိုင္ေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ ညာေတာင္ပံက ဟားကင္းမ္ ဇီးယက္ရွ္နဲ႕ ရီးစ္ဂ်ိမ္းစ္တို႔ရဲ႕ အတြဲဟာ ျဖတ္တင္ေဘာပုံစံ မတူတဲ့အျပင္ ၿပိဳင္ဘက္အသင္းက ထိန္းခ်ဳပ္လူကပ္ထားဖို႔ အလြန္ခက္တာေၾကာင့္ လီဗာပူးလ္ရဲ႕ မိုဆာလားနဲ႕ အလက္ဇန္းဒါး အာနိုးလ္တို႔ရဲ႕ ညာေတာင္ပံနဲ႕ ဆင္တူေနေၾကာင္း အက္ရွ္ေလ ကိုးလ္ ခိိုင္းႏွိုင္းခ်ီးက်ဴး။

ဇီးယက္ရွ္ကို ဝိုင္းခ်ီးက်ဴးေနၾကေပမယ့္ ထိုက္သင့္သေလာက္ အသိအမွတ္ျပဳမႈမရတဲ့ ေမဆန္ ေမာင့္ဟာ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးတိုင္းမွာ ကစားနိုင္စြမ္းရွိသူျဖစ္ၿပီး အသင္းေဖာ္ေတြအတြက္ ေနရာလြတ္ရွာေဖြေပးေနသူျဖစ္ေၾကာင္း ဂေရမီ ေဆာင္းနက္စ္ေထာက္ခံေပးသြားခဲ့။

ခ်ယ္လ္ဆီးကစားသမားဘဝရဲ႕ ပထမဆုံးသြင္းဂိုးကို ရရွိခဲ့တဲ့ သီယာဂို ေဆးလ္ဗား ဘယ္ေလာက္ေပ်ာ္ေနသလဲဆိုတာ ျမင္ေတြ႕ေနရၿပီး သူဟာ ပရီးမီးယားလိဂ္ နဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္တခုခ်င္းစီအတြက္ လိမၼာပါးနပ္မႈရွိရွိ အေသးစိတ္ စီမံခန့္ခြဲနိုင္သူ ျဖစ္တယ္လို႔ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္​ခ်ီးမြမ္း။

တီမို ဗာနာအတြက္ ခင္းေပးလိုက္တဲ့ ေဘာလုံးကိုၾကည့္ၿပီး ဒီေကာင္ေလးက ကိုက္ ၆၀ အကြာက အမွိုက္ပုံးထဲေတာင္ တည့္တည္ဝင္ေအာင္ကန္ထည့္နိုင္လိမ့္လို႔ ေတြးမိေၾကာင္း ဂေရမီ ေဆာင္းနက္စ္က ဇီးယက္ရွ္ရဲ႕ စြမ္းေဆာင္ပုံကို အထူးခ်ီးက်ဴးသြားခဲ့။

မက္တီယို ကိုဗာခ်စ္ ဘာလုပ္မလဲဆိုတာကို မိမိသိရွိထားလို႔ သူခင္းေပးမယ့္ ေဘာလုံးလမ္းေၾကာင္း ေနရာကေန အသင့္ေစာင့္ဆိုင္းကာ ဂိုးသြင္းယူနိုင္ခဲ့ျခင္း ျဖစ္သလို ဒါကို အထူးေက်နပ္မိေၾကာင္း တန္မီ ေအဘရာဟမ္​က ကစားေတြအခ်င္းခ်င္းၾကားက နားလည္ခ်ိတ္ဆက္မႈကို ရွင္းျပသြားခဲ့။

ခ်ယ္လ္ဆီးကစားသမားေဟာင္း ဆမ္ျမဴယယ္လ္ အီတိုးဟာ ကင္မ႐ြန္းႏိုင္ငံမွာ မဂၤလာေဆာင္တခုကအျပန္ ဘတ္စ္တကားတစီးနဲ႔ ကားခ်င္းတိုက္မႈ ျဖစ္ပြားခဲ့ကာ ဦးေခါင္းထိခိုက္ဒဏ္ရာနဲ႔ ေဆး႐ုံေရာက္ရွိေနၿပီး မစိုးရိမ္ရေၾကာင္း သိရွိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.