Premier League

၉.၁၁.၂၀၂၀- နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ပြီးခဲ့တဲ့ညက မန်စီးတီးအသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်းရဲ့ အဓိကကစားသမား ညာနောက်ခံလူ အလက်ဇန်းဒါး အားနိုးလ်ဒ် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပြီး အသင်းရဲ့ခံစစ်ပိုင်းအတွက် စိတ်ပျက်စရာ ထိုးနှက်ချက်အသစ်ဖြစ်လာ။

ဒိန်းမတ်ကိုသွားပြီး မစ်ဂျီလန်းအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမယ့် လီဗာပူးလ်အသင်းဟာ ဗြိတိန် အစိုးရရဲ့ ဗြိတိန် နိုင်ငံသားမဟုတ်သူတွေကို ဒိန်းမတ်မှ ပြန်အလာ ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းအသစ်ကြောင့် သွားရောက် ပွဲကစားနိုင်ဖို့ အခက်ကြုံနိုင်ဖွယ်ရှိ။

အလက်ဇန်းဒါး အာနိုးလ်ဒ် ဒဏ်ရာရရှိသွားခဲ့တဲ့ ဖြစ်ရပ်အပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေအနေနဲ့ ကစားသမား ၅ ဦး လူစားလဲခြင်းကို ခွင့်ပြုဖို့ တွန်းအားပေးသွားပြီး ဒါဟာ အင်္ဂလန်လက်ရွေးစစ်အသင်းအတွက်ပါ နစ်နာခြင်းဖြစ်ကြောင်း ထောက်ပြသွားခဲ့။

ဖာမီနို နဲ့ ဂျိုတာ ကို တပြိုင်နက်တည်း ပွဲထွက်စေခဲ့တဲ့ ကလော့ပ်ရဲ့လုပ်ရပ်က အံ့အားသင့်စရာဖြစ်စေခဲ့ပြီး ပြတ်သားတဲ့လူထုတ်ပုံနဲ့ ပတ်သတ်လို့ မိုဆာလား၊ မာနေး၊ ဖာမီနို၊ နဲ့ ဂျိုတာတို့ကို တွဲဖက်ကစားစေခဲ့တာဟာ အကူအညီဖြစ်ခဲ့ကြောင်း သူက ချီးကျူးခဲ့ပြီး နောက်လည်း လိုအပ်သလို အသုံးပြုသွားဖို့ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သလို အငြင်းပွားဖွယ်ရာ ပင်နယ်တီနဲ့ပတ်သက်လို့ တခုမှမပြောချင်ကြောင်း ငြင်းဆန်သွားခဲ့။

ဒီဘရိုင်းရဲ့ကန်ချက် ဂိုးမက်ဇ်ရဲ့လက်နဲ့ထိခဲ့လို့ မန်စီးတီးအသင်း အငြင်းပွားဖွယ်ရာ ပင်နယ်တီရခဲ့ပေမယ့် အလားတူဖြစ်ရပ်အနေနဲ့ ဂျိုတာရဲ့ကန်ချက်ဟာ မန်စီးတီးခံစစ်လူနဲ့ ထိခဲ့ပေမယ့် လီဗာပူးလ်အသင်း ပင်နယ်တီမရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး မိမိသာ ဂိုးမက်ဇ်ဖြစ်နေခဲ့ရင် ဒီနေ့ခေတ်မှာ ခံစစ်ဘယ်လိုကစားရမလဲဆိုတာတောင် သိနိုင်တော့မှာမဟုတ်ကြောင်း နဲ့ သူ့ရဲ့လက်နဲ့ခန္ဓာကိုယ်ဟာ သဘာဝကျကျသာ ရှိနေခဲ့ကြောင်း ကာရေဂါ ဝေဖန်။

မဖြစ်သင့်တဲ့ ပင်နယ်တီပေးခဲ့ရလို့ ဂိုးမက်ဇ် စိတ်ပျက်နေပြီး မိမိရဲ့လက်ဟာ သဘာဝအနေအထားအတိုင်း ရာနှုန်းပြည့်ရှိနေတာကို ဒိုင်လူကြီးတွေအနေနဲ့ သဘာဝကျကျကျ ဆုံးဖြတ်နိုင်ခဲ့ဖို့ လိုအပ်ကြောင်းနဲ့ ဘောလုံးကို လက်နဲ့ထိအောင် လုပ်ဆောင်ခဲ့ခြင်း လုံးဝမရှိကြောင်း တုံ့ပြန်သွားခဲ့တယ်လို့ သိရ။

အာနိုးလ်ရဲ့ ဒဏ်ရာအခြေအနေကို အတိအကျ သိရဖို့ စစ်ဆေးမှု ပြုလုပ်သွားဦးရမှာဖြစ်ပြီး ပြောနိုင်တာကတော့ မိမိကစားသမားအနေနဲ့ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနိုင်တော့မှာ မဟုတ်ဘဲ နိုင်ငံတကာပွဲစဉ်တွေကို သေချာပေါက် လွဲချော်မှာဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ် အတည်ပြုခဲ့။

လီဗာပူးလ်နောက်ခံလူဂိုးမက်ဇ် လက်နဲ့ထိခဲ့လို့ ပေးခဲ့တဲ့ ပင်နယ်တီမျိုးဟာ လုံးဝမပေးသင့်ကြောင်း နဲ့ လက်စတာနဲ့ ဝုဗ်ပွဲစဉ်မှာလည်း ဒီထက်ပိုဆိုးရွားတဲ့ဆုံးဖြတ်ချက်နဲ့ ပင်နယ်တီသတ်မှတ်ခဲ့တာကြောင့် လက်ထိဘောဥပဒေစည်းမျဉ်းဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ နဗီးလ် ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI :

ၿပီးခဲ့တဲ့ညက မန္စီးတီးအသင္းနဲ႔ပြဲမွာ လီဗာပူးလ္အသင္းရဲ႕ အဓိကကစားသမား ညာေနာက္ခံလူ အလက္ဇန္းဒါး အားႏိုးလ္ဒ္ ဒဏ္ရာရရွိသြားခဲ့တယ္လို႔ သိရၿပီး အသင္းရဲ႕ခံစစ္ပိုင္းအတြက္ စိတ္ပ်က္စရာ ထိုးႏွက္ခ်က္အသစ္ျဖစ္လာ။

ဒိန္းမတ္ကိုသြားၿပီး မစ္ဂ်ီလန္းအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားရမယ့္ လီဗာပူးလ္အသင္းဟာ ၿဗိတိန္ အစိုးရရဲ႕ ၿဗိတိန္ ႏိုင္ငံသားမဟုတ္သူေတြကို ဒိန္းမတ္မွ ျပန္အလာ ျပည္ဝင္ခြင့္ ပိတ္ပင္ထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းအသစ္ေၾကာင့္ သြားေရာက္ ပြဲကစားႏိုင္ဖို႔ အခက္ႀကဳံႏိုင္ဖြယ္ရွိ။

အလက္ဇန္းဒါး အာႏိုးလ္ဒ္ ဒဏ္ရာရရွိသြားခဲ့တဲ့ ျဖစ္ရပ္အၿပီးမွာ မန္စီးတီးနည္းျပ ဂြာဒီယိုလာက အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြအေနနဲ႔ ကစားသမား ၅ ဦး လူစားလဲျခင္းကို ခြင့္ျပဳဖို႔ တြန္းအားေပးသြားၿပီး ဒါဟာ အဂၤလန္လက္ေ႐ြးစစ္အသင္းအတြက္ပါ နစ္နာျခင္းျဖစ္ေၾကာင္း ေထာက္ျပသြားခဲ့။

ဖာမီႏို နဲ႔ ဂ်ိဳတာ ကို တၿပိဳင္နက္တည္း ပြဲထြက္ေစခဲ့တဲ့ ကေလာ့ပ္ရဲ႕လုပ္ရပ္က အံ့အားသင့္စရာျဖစ္ေစခဲ့ၿပီး ျပတ္သားတဲ့လူထုတ္ပုံနဲ႔ ပတ္သတ္လို႔ မိုဆာလား၊ မာေနး၊ ဖာမီႏို၊ နဲ႔ ဂ်ိဳတာတို႔ကို တြဲဖက္ကစားေစခဲ့တာဟာ အကူအညီျဖစ္ခဲ့ေၾကာင္း သူက ခ်ီးက်ဴးခဲ့ၿပီး ေနာက္လည္း လိုအပ္သလို အသုံးျပဳသြားဖို႔ရွိေၾကာင္း အရိပ္အႁမြက္ ေျပာၾကားခဲ့သလို အျငင္းပြားဖြယ္ရာ ပင္နယ္တီနဲ႔ပတ္သက္လို႔ တခုမွမေျပာခ်င္ေၾကာင္း ျငင္းဆန္သြားခဲ့။

ဒီဘ႐ိုင္းရဲ႕ကန္ခ်က္ ဂိုးမက္ဇ္ရဲ႕လက္နဲ႔ထိခဲ့လို႔ မန္စီးတီးအသင္း အျငင္းပြားဖြယ္ရာ ပင္နယ္တီရခဲ့ေပမယ့္ အလားတူျဖစ္ရပ္အေနနဲ႔ ဂ်ိဳတာရဲ႕ကန္ခ်က္ဟာ မန္စီးတီးခံစစ္လူနဲ႔ ထိခဲ့ေပမယ့္ လီဗာပူးလ္အသင္း ပင္နယ္တီမရရွိခဲ့တဲ့ ျဖစ္ရပ္နဲ႔ပတ္သတ္ၿပီး မိမိသာ ဂိုးမက္ဇ္ျဖစ္ေနခဲ့ရင္ ဒီေန႔ေခတ္မွာ ခံစစ္ဘယ္လိုကစားရမလဲဆိုတာေတာင္ သိႏိုင္ေတာ့မွာမဟုတ္ေၾကာင္း နဲ႔ သူ႔ရဲ႕လက္နဲ႔ခႏၶာကိုယ္ဟာ သဘာဝက်က်သာ ရွိေနခဲ့ေၾကာင္း ကာေရဂါ ေဝဖန္။

မျဖစ္သင့္တဲ့ ပင္နယ္တီေပးခဲ့ရလို႔ ဂိုးမက္ဇ္ စိတ္ပ်က္ေနၿပီး မိမိရဲ႕လက္ဟာ သဘာဝအေနအထားအတိုင္း ရာႏႈန္းျပည့္ရွိေနတာကို ဒိုင္လူႀကီးေတြအေနနဲ႔ သဘာဝက်က်က် ဆုံးျဖတ္ႏိုင္ခဲ့ဖို႔ လိုအပ္ေၾကာင္းနဲ႔ ေဘာလုံးကို လက္နဲ႔ထိေအာင္ လုပ္ေဆာင္ခဲ့ျခင္း လုံးဝမရွိေၾကာင္း တုံ႔ျပန္သြားခဲ့တယ္လို႔ သိရ။

အာႏိုးလ္ရဲ႕ ဒဏ္ရာအေျခအေနကို အတိအက် သိရဖို႔ စစ္ေဆးမႈ ျပဳလုပ္သြားဦးရမွာျဖစ္ၿပီး ေျပာႏိုင္တာကေတာ့ မိမိကစားသမားအေနနဲ႔ အဂၤလန္အသင္းနဲ႔ ပူးေပါင္းႏိုင္ေတာ့မွာ မဟုတ္ဘဲ ႏိုင္ငံတကာပြဲစဥ္ေတြကို ေသခ်ာေပါက္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္ အတည္ျပဳခဲ့။

လီဗာပူးလ္ေနာက္ခံလူဂိုးမက္ဇ္ လက္နဲ႔ထိခဲ့လို႔ ေပးခဲ့တဲ့ ပင္နယ္တီမ်ိဳးဟာ လုံးဝမေပးသင့္ေၾကာင္း နဲ႔ လက္စတာနဲ႔ ဝုဗ္ပြဲစဥ္မွာလည္း ဒီထက္ပိုဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္နဲ႔ ပင္နယ္တီသတ္မွတ္ခဲ့တာေၾကာင့္ လက္ထိေဘာဥပေဒစည္းမ်ဥ္းဟာ လုံးဝအဓိပၸါယ္မရွိဘူးလို႔ နဗီးလ္ ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.