Match Report Other Leagues Premier League Serie A

တနင်္ဂနွေနေ့က ဘောလုံးလောကရဲ့ မှတ်မှတ်ထင်ထင် သတင်းများ စုစည်းမှု

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဘောလုံးလောကမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို အက်သလက်တစ်က စုစည်းဖော်ပြလိုက်ပြီး ပရီးမီးယားလိဂ်ရဲ့ မြင်ကွင်းတချို့ကတော့ ကွက်ကွက်ကွင်းကွင်းရှိခဲ့သလို မထင်မှတ်တာတွေနဲ့ စံချိန်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

– ပျက်စီးနေတဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်… ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒီပွဲက ဘာပဲဖြစ်ဖြစ် နှစ်သင်းစလုံး ဖွင့်တိုက်ပြီး စွန့်စွန့်စားစား ကစားကြမယ့် ပွဲပါ။ ဒါပေမယ့် မနေ့ညကတော့ စိတ်ပျက်စရာ ပွဲကို ချဉ်းကပ်ပုံတွေနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ဒီဘရိုင်းနားရဲ့ ပင်နယ်တီလွဲတာနဲ့ ဂျေဆူးစ်ရဲ့ ချေပဂိုးလှတာကိုပဲ ပြောစရာရှိခဲ့ပါတယ်။

– အမ်းမရိတ်မှာ မျက်နှာပျက်တဲ့ အာဆင်နယ်… ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်၊ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး အသင်းခေါင်းဆောင် အူဘာမီယန်းတစ်ယောက် ကိုယ်ပျောက်ခဲ့တဲ့ပွဲပါ။ အာတီတာရဲ့ နည်းစနစ်တွေအတွက် မေးခွန်းထုတ်ရမှာဖြစ်သလို အာဆင်နယ်ပရိသတ်လို့ ဝန်ခံခဲ့တဲ့ အိုလီ ဝပ်ကင်းစ်ကတော့ သူအားပေးတဲ့ အသင်းကို ဂိုးသွင်းယူခဲ့ပြီး အင်္ဂလန်လက်ရွေးစင် တံခါးပေါက်ကနေ ဝင်ခွင့်ရဖို့ အမ်းမရိတ်ကနေ နှစ်ကြိမ်လှမ်းခေါက်လိုက်ပါတယ်။

– ပရီးမီးယားလိဂ်မှာ ဂိုး ၁၅၀ ပြည့်တဲ့ ကိန်း… အင်္ဂလန်အသင်းခေါင်းဆောင်အတွက် အမှတ်တရဖြစ်မယ့်ပွဲပါပဲ။ ပွဲပြီးခါနီးမှာမှ တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့သလို ဂိုး ၁၅၀ ပြည့်တာမှာလည်း တတိယအမြန်ဆုံးအဖြစ် ရှီးရားနဲ့ အဂွေရိုတို့ နောက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

– ပင်နယ်တီတွေချည်း ကန်ပြီး တစ်လုံးလွဲခဲ့တဲ့ ဗာဒီ… ဒီရာသီမှာ လက်စတာတိုက်စစ်မှူး ဂျေမီ ဗာဒီဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးနဲ့ ပူးတွဲထိပ်ဆုံးမှာ ကဲလ်ဗတ်-လူဝင်၊ ဆာလား၊ ဆွန်ဟောင်မင်တို့နဲ့ အတူ ရပ်တည်နေပေမယ့် ပင်နယ်တီသွင်းဂိုးက ၅ ဂိုးအထိ ရှိနေခဲ့ပါတယ်။ မနေ့ညက ပင်နယ်တီနှစ်လုံးရတာ တစ်လုံးသာဝင်ပြီး တစ်လုံးပုတ်ထုတ်ခံခဲ့ရလို့ ပယ်နယ်တီ ၆ ဂိုး၊ သွင်းဂိုး ၉ ဂိုးနဲ့ ဦးမဆောင်နိုင်ခဲ့တာပါ။

– ဂျူဗင်တပ်စ်ရဲ့ သရေပွဲမှာ ထိခိုက်မိခဲ့တဲ့ ရော်နယ်လ်ဒို… အသင်းကနေ ထွက်ခွာတော့ဖို့ သတင်းပြေးနေတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ လာဇီယိုနဲ့ သရေကျတဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ကို ထိခိုက်မိပြီး လူစားလဲခဲ့ရပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ သူ့ရဲ့ ဂိုးကလည်း နာကျင်အချိန်ပိုမှာ ကိုင်စီဒိုရဲ့ ချေပမှုကို ခံခဲ့ရတာပါ။

– အစိုးရရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲတာကို ကြိုဆိုတဲ့ ရက်ရှ်ဖို့ဒ်… ဆင်းရဲတဲ့ ကလေးတွေကို ကျောင်းမှာ အစားအစာတွေ ကျွေးမွေးဖို့ အစီအစဉ်က အစိုးရရဲ့ ပေါင်သန်း ၁၇၀ ဘတ်ဂျက်နဲ့အတူ ဖြစ်မြောက်လာခဲ့ပါပြီ။ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆန်က ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူးကတော့ ဝမ်းသာစကား ထုတ်ပြန်ခဲ့ပါတယ်။

– FAWSL မှာ ထိပ်ဆုံးကို ရောက်လာတဲ့ မန်ချက်စတာယူနိုက်တက်… အာဆင်နယ်၊ မန်စီးတီးနဲ့ ချဲလ်ဆီးအမျိုးသမီးအသင်းတွေ ကြီးစိုးထားတဲ့ ဒီပြိုင်ပွဲမှာ နှစ်ရာသီသာ ကစားရသေးတဲ့ ယူနိုက်တက်အမျိုးသမီးအသင်းက အားဖြည့်မှုတွေနဲ့အတူ ရှုံးပွဲမရှိသေးတဲ့ ပြိုင်ဘက် အာဆင်နယ်ကို အနိုင်ယူပြီး ထိပ်ဆုံးကို ရောက်လာခဲ့တာ ဒီတစ်ပတ်ရဲ့ ထူးခြားမှုတစ်ခုပါ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ ေဘာလုံးေလာကမွာ ဘာေတြ ျဖစ္ပ်က္ခဲ့သလဲဆုိတာကို အက္သလက္တစ္က စုစည္းေဖာ္ျပလုိက္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ျမင္ကြင္းတခ်ဳိ႕ကေတာ့ ကြက္ကြက္ကြင္းကြင္းရွိခဲ့သလို မထင္မွတ္တာေတြနဲ႔ စံခ်ိန္ေတြကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

– ပ်က္စီးေနတဲ့ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္… ၿပီးခဲ့တဲ့ႏွစ္ကဆုိရင္ ဒီပြဲက ဘာပဲျဖစ္ျဖစ္ ႏွစ္သင္းစလုံး ဖြင့္တုိက္ၿပီး စြန္႔စြန္႔စားစား ကစားၾကမယ့္ ပြဲပါ။ ဒါေပမယ့္ မေန႔ညကေတာ့ စိတ္ပ်က္စရာ ပြဲကို ခ်ဥ္းကပ္ပုံေတြနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ၿပီး ဒီဘ႐ိုင္းနားရဲ႕ ပင္နယ္တီလြဲတာနဲ႔ ေဂ်ဆူးစ္ရဲ႕ ေခ်ပဂိုးလွတာကိုပဲ ေျပာစရာရွိခဲ့ပါတယ္။

– အမ္းမရိတ္မွာ မ်က္ႏွာပ်က္တဲ့ အာဆင္နယ္… ဂိုးကန္သြင္းခြင့္ ၁၃ ႀကိမ္၊ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး အသင္းေခါင္းေဆာင္ အူဘာမီယန္းတစ္ေယာက္ ကိုယ္ေပ်ာက္ခဲ့တဲ့ပြဲပါ။ အာတီတာရဲ႕ နည္းစနစ္ေတြအတြက္ ေမးခြန္းထုတ္ရမွာျဖစ္သလို အာဆင္နယ္ပရိသတ္လုိ႔ ဝန္ခံခဲ့တဲ့ အိုလီ ဝပ္ကင္းစ္ကေတာ့ သူအားေပးတဲ့ အသင္းကို ဂိုးသြင္းယူခဲ့ၿပီး အဂၤလန္လက္ေရြးစင္ တံခါးေပါက္ကေန ဝင္ခြင့္ရဖို႔ အမ္းမရိတ္ကေန ႏွစ္ႀကိမ္လွမ္းေခါက္လုိက္ပါတယ္။

– ပရီးမီးယားလိဂ္မွာ ဂိုး ၁၅၀ ျပည့္တဲ့ ကိန္း… အဂၤလန္အသင္းေခါင္းေဆာင္အတြက္ အမွတ္တရျဖစ္မယ့္ပြဲပါပဲ။ ပြဲၿပီးခါနီးမွာမွ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ေခါင္းတုိက္သြင္းယူႏုိင္ခဲ့သလို ဂိုး ၁၅၀ ျပည့္တာမွာလည္း တတိယအျမန္ဆုံးအျဖစ္ ရွီးရားနဲ႔ အေဂြ႐ိုတုိ႔ ေနာက္မွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။

– ပင္နယ္တီေတြခ်ည္း ကန္ၿပီး တစ္လုံးလြဲခဲ့တဲ့ ဗာဒီ… ဒီရာသီမွာ လက္စတာတုိက္စစ္မွဴး ေဂ်မီ ဗာဒီဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၈ ဂိုးနဲ႔ ပူးတြဲထိပ္ဆုံးမွာ ကဲလ္ဗတ္-လူဝင္၊ ဆာလား၊ ဆြန္ေဟာင္မင္တုိ႔နဲ႔ အတူ ရပ္တည္ေနေပမယ့္ ပင္နယ္တီသြင္းဂိုးက ၅ ဂိုးအထိ ရွိေနခဲ့ပါတယ္။ မေန႔ညက ပင္နယ္တီႏွစ္လုံးရတာ တစ္လုံးသာဝင္ၿပီး တစ္လုံးပုတ္ထုတ္ခံခဲ့ရလို႔ ပယ္နယ္တီ ၆ ဂိုး၊ သြင္းဂိုး ၉ ဂိုးနဲ႔ ဦးမေဆာင္ႏုိင္ခဲ့တာပါ။

– ဂ်ဴဗင္တပ္စ္ရဲ႕ သေရပြဲမွာ ထိခုိက္မိခဲ့တဲ့ ေရာ္နယ္လ္ဒို… အသင္းကေန ထြက္ခြာေတာ့ဖို႔ သတင္းေျပးေနတဲ့ တုိက္စစ္မွဴး ခရစၥတီယာႏုိ ေရာ္နယ္လ္ဒိုကေတာ့ လာဇီယိုနဲ႔ သေရက်တဲ့ပြဲစဥ္မွာ ေျခက်င္းဝတ္ကို ထိခိုက္မိၿပီး လူစားလဲခဲ့ရပါတယ္။ ပြဲခ်ိန္ ၁၅ မိနစ္မွာ သြင္းယူေပးခဲ့တဲ့ သူ႕ရဲ႕ ဂိုးကလည္း နာက်င္အခ်ိန္ပိုမွာ ကိုင္စီဒိုရဲ႕ ေခ်ပမွဳကို ခံခဲ့ရတာပါ။

– အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ ေျပာင္းလဲတာကို ႀကဳိဆုိတဲ့ ရက္ရွ္ဖို႔ဒ္… ဆင္းရဲတဲ့ ကေလးေတြကို ေက်ာင္းမွာ အစားအစာေတြ ေကၽြးေမြးဖို႔ အစီအစဥ္က အစိုးရရဲ႕ ေပါင္သန္း ၁၇၀ ဘတ္ဂ်က္နဲ႔အတူ ျဖစ္ေျမာက္လာခဲ့ပါၿပီ။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ဝန္ႀကီးခ်ဳပ္ ေဘာရစၥ ဂၽြန္ဆန္က ဖုန္းဆက္အေၾကာင္းၾကားခဲ့ၿပီး ယူႏုိက္တက္တုိက္စစ္မွဴးကေတာ့ ဝမ္းသာစကား ထုတ္ျပန္ခဲ့ပါတယ္။

– FAWSL မွာ ထိပ္ဆုံးကို ေရာက္လာတဲ့ မန္ခ်က္စတာယူႏုိက္တက္… အာဆင္နယ္၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးအမ်ဳိးသမီးအသင္းေတြ ႀကီးစိုးထားတဲ့ ဒီၿပဳိင္ပြဲမွာ ႏွစ္ရာသီသာ ကစားရေသးတဲ့ ယူႏုိက္တက္အမ်ဳိးသမီးအသင္းက အားျဖည့္မွဳေတြနဲ႔အတူ ရွဳံးပြဲမရွိေသးတဲ့ ၿပဳိင္ဘက္ အာဆင္နယ္ကို အႏုိင္ယူၿပီး ထိပ္ဆုံးကို ေရာက္လာခဲ့တာ ဒီတစ္ပတ္ရဲ႕ ထူးျခားမွဳတစ္ခုပါ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.