Premier League

ဟက်ထရစ်မယူဘဲ ကာဗာနီကို ဘောလုံးခင်းပေးခဲဲ့တဲ့ နောက်ကွယ်က အ​ကြောင်းအရင်းကို ပြောပြလာတဲ့ ဖာနန်ဒက်စ်

အဲဗာတန်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးကစားသမားက ဘရူနို ဖာနန်ဒက်စ် ဖြစ်ခဲ့ပြီး တကွင်းလုံးကို ပတ်ကစားနေခဲ့လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ကိုယ်တိုင် အံ့အားတကြီးနဲ့ ချီးကျူးခဲ့ရတာ ဖြစ်ပါတယ်။

ရှုံးပွဲဆက်နေတဲ့ ယူနိုက်တက်က အဲဗာတန်နဲ့ပွဲမှာလည်း ဦးဆောင်ဂိုးပေးခဲ့ရပြီး ဖာနန်ဒက်စ်ရဲ့ မောင်းနှင်မှု၊ ဦးဆောင်မှုနဲ့ အတူ ပြန်လည်နိုးထနိုင်ခဲ့ကာ သူက ကိုယ်တိုင်နှစ်ဂိုးသွင်းယူပြီး လူစားဝင်ကစားသမား ကာဗာနီအတွက် တဂိုးဖန်တီးပေးခဲ့လို့ ပရိသတ်အတွက် အချစ်တော်သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ ဖာနန်ဒက်စ်ဟာ လက်တကမ်းမှာရှိနေတဲ့ ဟက်ထရစ် ရယူနိုင်မယ့် အခွင့်အရေးကို ဂိုးသွင်းယူခဲ့ခြင်း မရှိခဲ့ဘဲ ကာဗာနီ ဂိုးရဖို့ ဘောလုံးခင်းပေးခဲဲ့ရခြင်းရဲ့ နောက်ကွယ်က အ​ကြောင်းအရင်းကို ပွဲအပြီးမှာ သူက ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။

” ပွဲကိုနိုင်ဖို့က လိုရင်းပါ။ တိုက်စစ်မှူးတယောက်ဆိုတာ ယုံကြည်မှုမြင့်တက်နေဖို့ ဂိုးတွေ သွင်းယူနေဖို့ လိုပါတယ်။ ဒါကြောင့် ကာဗာနီကို ဘောလုံးခင်းပေးလိုက်ပါတယ်။ သူက ကျွန်တော်တို့အတွက် အဓိကကစားသမားဖြစ်လာမယ့်သူပါ။ အရမ်းအရေးပါတဲ့ သူ့အတွက် ယုံကြည်မှုဖြစ်လာစေချင်လို့ပါ။”

“ဟက်ထရစ်ရဖို့အတွက် ကျွန်တော့်ဘက်က တွေးနေစရာ ကိစ္စမဟုတ်ပါဘူး။ အသင်းအနာဂတ်ကိုသာ တွေးနေပါတယ်။ ပွဲစဥ်တိုင်းက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။” လို့ ဖာနန်ဒက်စ်က ပွဲအပြီးမှာ ပြောပြသွားခဲ့ပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲဗာတန္အသင္းကို အေဝးကြင္းမွာ ၃ ဂိုး ၁ ဂိုးနဲ႕ ဂိုးျပတ္အနိုင္ယူခဲ့တဲ့ပြဲမွာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ အေကာင္းဆုံးကစားသမားက ဘ႐ူနို ဖာနန္ဒက္စ္ ျဖစ္ခဲ့ၿပီး တကြင္းလုံးကို ပတ္ကစားေနခဲ့လို႔ ယူနိုက္တက္နည္းျပ ဆိုးလ္ရွား ကိုယ္တိုင္ အံ့အားတႀကီးနဲ႕ ခ်ီးက်ဴးခဲ့ရတာ ျဖစ္ပါတယ္။

ရႈံးပြဲဆက္ေနတဲ့ ယူနိုက္တက္က အဲဗာတန္နဲ႕ပြဲမွာလည္း ဦးေဆာင္ဂိုးေပးခဲ့ရၿပီး ဖာနန္ဒက္စ္ရဲ႕ ေမာင္းႏွင္မႈ၊ ဦးေဆာင္မႈနဲ႕ အတူ ျပန္လည္နိုးထနိုင္ခဲ့ကာ သူက ကိုယ္တိုင္ႏွစ္ဂိုးသြင္းယူၿပီး လူစားဝင္ကစားသမား ကာဗာနီအတြက္ တဂိုးဖန္တီးေပးခဲ့လို႔ ပရိသတ္အတြက္ အခ်စ္ေတာ္သူရဲေကာင္း ျဖစ္လာခဲ့ပါတယ္။

ဒီပြဲမွာ ဖာနန္ဒက္စ္ဟာ လက္တကမ္းမွာရွိေနတဲ့ ဟက္ထရစ္ ရယူနိုင္မယ့္ အခြင့္အေရးကို ဂိုးသြင္းယူခဲ့ျခင္း မရွိခဲ့ဘဲ ကာဗာနီ ဂိုးရဖို႔ ေဘာလုံးခင္းေပးခဲဲ့ရျခင္းရဲ႕ ေနာက္ကြယ္က အ​ေၾကာင္းအရင္းကို ပြဲအၿပီးမွာ သူက ထုတ္ေဖာ္ေျပာျပသြားခဲ့ပါတယ္။

” ပြဲကိုနိုင္ဖို႔က လိုရင္းပါ။ တိုက္စစ္မႉးတေယာက္ဆိုတာ ယုံၾကည္မႈျမင့္တက္ေနဖို႔ ဂိုးေတြ သြင္းယူေနဖို႔ လိုပါတယ္။ ဒါေၾကာင့္ ကာဗာနီကို ေဘာလုံးခင္းေပးလိုက္ပါတယ္။ သူက ကြၽန္ေတာ္တို႔အတြက္ အဓိကကစားသမားျဖစ္လာမယ့္သူပါ။ အရမ္းအေရးပါတဲ့ သူ႕အတြက္ ယုံၾကည္မႈျဖစ္လာေစခ်င္လို႔ပါ။”

“ဟက္ထရစ္ရဖို႔အတြက္ ကြၽန္ေတာ့္ဘက္က ေတြးေနစရာ ကိစၥမဟုတ္ပါဘူး။ အသင္းအနာဂတ္ကိုသာ ေတြးေနပါတယ္။ ပြဲစဥ္တိုင္းက ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးပါတယ္။” လို႔ ဖာနန္ဒက္စ္က ပြဲအၿပီးမွာ ေျပာျပသြားခဲ့ပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.