Match Report Premier League

နှစ်သင်းစလုံးအတွက် ကြိတ်မနိုင်ခဲမရ သရေလား၊ ကျိတ်ကျေနပ်နေမယ့် သရေလား

ဒီနေ့ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အင်အားအကောင်းဆုံးနှစ်သင်း တွေ့ဆုံတဲ့ပွဲမှာ နှစ်သင်းစလုံးကတော့ တစ်သင်းကို တစ်သင်း အနိုင်ရဖို့ တိုက်စစ်ဆင်ကစားဖို့ထက် မှားမှာကြောက်တဲ့ Mentality ဖြစ်တဲ့ Cautious Approach နဲ့ပဲ ရင်ဆိုင်လာခဲ့ကြပါတယ်။

မန်စီးတီးကွင်းလယ်မှာ ဂွန်ဒိုးဝမ်နဲ့ ရိုဒရီကို ချထားခဲ့တာက သိသာလွန်းသလို လီဗာပူးလ်ကတော့ ပုံမှန် Pressing ကစားလို့ ရရင်ရ၊ မရရင် ဆာလား၊ မာနေး၊ ဖာမီနို၊ ဂျိုတာတို့ရဲ့ လျင်မြန်တဲ့ ပြေးအားတွေနဲ့ ကစားသွားဖို့ စီစဉ်လာခဲ့ပြီး ဂွါဒီယိုလာရော ကလော့ပ်ပါ ဒီနေ့မှာ သတ္တိမရှိခဲ့ကြဘူးလို့ ဆိုရမှာပါ။

အမှားစောင့်ကစားတဲ့ နှစ်သင်းမှာ စမှားခဲ့တဲ့ မန်စီးတီးရဲ့ ခိုင်လ် ဝေါ်လ်ကာရဲ့ ပွဲချိန် ၁၂ မိနစ်က အတွန်းအတိုက်က မာနေးတို့ စိတ်ကြိုက်ဖြစ်ခဲ့ပြီး ပင်နယ်တီ ရယူသွားနိုင်ခဲ့သလို ဒါကိုတော့ ဆာလားက အမှားအယွင်းမရှိကန်သွင်းပြီး အစ်တီဟတ်မှာ ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ ကွင်းလယ်ချိတ်ဆက်မှုကနေ ဘောလုံးရသွားတဲ့ ဒီဘရိုင်းနားက ဂျေဆူးစ်ရဲ့ လမ်းကြောင်းထဲ ကွက်တိထည့်ပေးခဲ့ပြီး ဒါကို ဘရာဇီးလ်တိုက်စစ်မှူးက တစ်ချက်ထိန်းပြီး ကန်သွင်းယူနိုင်ခဲ့လို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

မန်စီးတီးကတော့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအပါအဝင် တော်တော်များများ ပွဲပန်းနေကြတာကို တွေ့ရပြီး ဘောလုံးကောင်းကောင်း မဖြန့်နိုင်တဲ့ ဂွန်ဒိုးဝမ်နဲ့ ရိုဒရီတို့အတွဲကတော့ အိမ်ရှင်တို့ရဲ့ နိုင်ပွဲမရမှု တရားခံတွေလို့ ဆိုရမှာဖြစ်သလို လိုအပ်တဲ့ နေရာတွေကို ဘောလုံး မဖြန့်နိုင်ခဲ့တာ ဖြစ်လို့ အသင်းခေါင်းဆောင် ဘယ်လ်ဂျီယမ်သားတစ်ယောက်တည်း တော်တော်လေး လိုက်ရုန်းရင်း ပွဲချိန် ၄၂ မိနစ်မှာ ရတဲ့ ပင်နယ်တီကို လွဲခဲ့အပြီးမှာတော့ လုံးဝကို ကျဆင်းသွားတော့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး မန်စီးတီးကတော့ တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ဘောလုံးမဖြန့်တတ်တဲ့ ကွင်းလယ်မှာ စိတ်ဓာတ်ကျဆင်းသွားခဲ့တဲ့ ဒီဘရိုင်းနားကို ကူဖို့ စောစောစီးစီး မပြောင်းလဲခဲ့တာက ဆိုးပြီး ဘာနာဒို ဆေးလ်ဗားကို ထည့်ကစားခဲ့ပေမယ့် သူ့ကို လဲတဲ့ ဖယ်ရန် တောရက်စ်အစား တကယ်တမ်းလဲခဲ့သင့်တာက ဂွန်ဒိုးဝမ်ဖြစ်ပါတယ်။

လီဗာပူးလ်ကတော့ ဖာမီနိုအစား ရှာကျီရီ၊ ဒဏ်ရာရသွားတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်အစား မီလ်နာတို့ကို လူစားလဲကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်သွားတဲ့ မန်စီးတီးကြောင့် သူတို့လည်း Pressing လုပ်ရုံကလွဲပြီး ထိထိရောက်ရောက်မကစားနိုင်ခဲ့လို့ ကွင်းလယ်မှာပဲ နှစ်သင်းလုံး အချိန်ကုန်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပိုင်အခွင့်အရေးတွေ မဖော်ဆောင်နိုင်ခဲ့သလို စီးတီးရဲ့ တွဲလုံးတွေကလည်း ပုံမလာတဲ့ ကစားသမားတချို့ကြောင့် ပျက်စီးခဲ့ရအပြီးမှာတော့ တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့သလို နှစ်သင်းစလုံးကတော့ ချန်ပီယံခြေစွမ်းကို မပြနိုင်ခဲ့ဘဲ ယာဂန် ကလော့ပ်ပြောသလို ဒီနှစ်ဟာ နှစ်ကောင်တည်း ပြေးတဲ့ ပြိုင်ပွဲ မဖြစ်နိုင်ဘူးဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပဲဖြစ်တော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အင္အားအေကာင္းဆုံးႏွစ္သင္း ေတြ႕ဆုံတဲ့ပြဲမွာ ႏွစ္သင္းစလုံးကေတာ့ တစ္သင္းကို တစ္သင္း အႏိုင္ရဖို႔ တိုက္စစ္ဆင္ကစားဖို႔ထက္ မွားမွာေၾကာက္တဲ့ Mentality ျဖစ္တဲ့ Cautious Approach နဲ႔ပဲ ရင္ဆိုင္လာခဲ့ၾကပါတယ္။

မန္စီးတီးကြင္းလယ္မွာ ဂြန္ဒိုးဝမ္နဲ႔ ႐ိုဒရီကို ခ်ထားခဲ့တာက သိသာလြန္းသလို လီဗာပူးလ္ကေတာ့ ပုံမွန္ Pressing ကစားလို႔ ရရင္ရ၊ မရရင္ ဆာလား၊ မာေနး၊ ဖာမီႏို၊ ဂ်ိဳတာတို႔ရဲ႕ လ်င္ျမန္တဲ့ ေျပးအားေတြနဲ႔ ကစားသြားဖို႔ စီစဥ္လာခဲ့ၿပီး ဂြါဒီယိုလာေရာ ကေလာ့ပ္ပါ ဒီေန႔မွာ သတၱိမရွိခဲ့ၾကဘူးလို႔ ဆိုရမွာပါ။

အမွားေစာင့္ကစားတဲ့ ႏွစ္သင္းမွာ စမွားခဲ့တဲ့ မန္စီးတီးရဲ႕ ခိုင္လ္ ေဝၚလ္ကာရဲ႕ ပြဲခ်ိန္ ၁၂ မိနစ္က အတြန္းအတိုက္က မာေနးတို႔ စိတ္ႀကိဳက္ျဖစ္ခဲ့ၿပီး ပင္နယ္တီ ရယူသြားႏိုင္ခဲ့သလို ဒါကိုေတာ့ ဆာလားက အမွားအယြင္းမရွိကန္သြင္းၿပီး အစ္တီဟတ္မွာ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ကြင္းလယ္ခ်ိတ္ဆက္မႈကေန ေဘာလုံးရသြားတဲ့ ဒီဘ႐ိုင္းနားက ေဂ်ဆူးစ္ရဲ႕ လမ္းေၾကာင္းထဲ ကြက္တိထည့္ေပးခဲ့ၿပီး ဒါကို ဘရာဇီးလ္တိုက္စစ္မႉးက တစ္ခ်က္ထိန္းၿပီး ကန္သြင္းယူႏိုင္ခဲ့လို႔ ေခ်ပဂိုး ျပန္ရခဲ့ပါတယ္။

မန္စီးတီးကေတာ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအပါအဝင္ ေတာ္ေတာ္မ်ားမ်ား ပြဲပန္းေနၾကတာကို ေတြ႕ရၿပီး ေဘာလုံးေကာင္းေကာင္း မျဖန႔္ႏိုင္တဲ့ ဂြန္ဒိုးဝမ္နဲ႔ ႐ိုဒရီတို႔အတြဲကေတာ့ အိမ္ရွင္တို႔ရဲ႕ ႏိုင္ပြဲမရမႈ တရားခံေတြလို႔ ဆိုရမွာျဖစ္သလို လိုအပ္တဲ့ ေနရာေတြကို ေဘာလုံး မျဖန႔္ႏိုင္ခဲ့တာ ျဖစ္လို႔ အသင္းေခါင္းေဆာင္ ဘယ္လ္ဂ်ီယမ္သားတစ္ေယာက္တည္း ေတာ္ေတာ္ေလး လိုက္႐ုန္းရင္း ပြဲခ်ိန္ ၄၂ မိနစ္မွာ ရတဲ့ ပင္နယ္တီကို လြဲခဲ့အၿပီးမွာေတာ့ လုံးဝကို က်ဆင္းသြားေတာ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး မန္စီးတီးကေတာ့ တိုက္စစ္ဆင္ကစားခဲ့ေပမယ့္ ေဘာလုံးမျဖန႔္တတ္တဲ့ ကြင္းလယ္မွာ စိတ္ဓာတ္က်ဆင္းသြားခဲ့တဲ့ ဒီဘ႐ိုင္းနားကို ကူဖို႔ ေစာေစာစီးစီး မေျပာင္းလဲခဲ့တာက ဆိုးၿပီး ဘာနာဒို ေဆးလ္ဗားကို ထည့္ကစားခဲ့ေပမယ့္ သူ႔ကို လဲတဲ့ ဖယ္ရန္ ေတာရက္စ္အစား တကယ္တမ္းလဲခဲ့သင့္တာက ဂြန္ဒိုးဝမ္ျဖစ္ပါတယ္။

လီဗာပူးလ္ကေတာ့ ဖာမီႏိုအစား ရွာက်ီရီ၊ ဒဏ္ရာရသြားတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အစား မီလ္နာတို႔ကို လူစားလဲကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ထိန္းခ်ဳပ္သြားတဲ့ မန္စီးတီးေၾကာင့္ သူတို႔လည္း Pressing လုပ္႐ုံကလြဲၿပီး ထိထိေရာက္ေရာက္မကစားႏိုင္ခဲ့လို႔ ကြင္းလယ္မွာပဲ ႏွစ္သင္းလုံး အခ်ိန္ကုန္ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အပိုင္အခြင့္အေရးေတြ မေဖာ္ေဆာင္ႏိုင္ခဲ့သလို စီးတီးရဲ႕ တြဲလုံးေတြကလည္း ပုံမလာတဲ့ ကစားသမားတခ်ိဳ႕ေၾကာင့္ ပ်က္စီးခဲ့ရအၿပီးမွာေတာ့ တစ္ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့သလို ႏွစ္သင္းစလုံးကေတာ့ ခ်န္ပီယံေျခစြမ္းကို မျပႏိုင္ခဲ့ဘဲ ယာဂန္ ကေလာ့ပ္ေျပာသလို ဒီႏွစ္ဟာ ႏွစ္ေကာင္တည္း ေျပးတဲ့ ၿပိဳင္ပြဲ မျဖစ္ႏိုင္ဘူးဆိုတာကေတာ့ ေျမႀကီးလက္ခတ္မလြဲပဲျဖစ္ေတာ့မယ္လို႔ သုံးသပ္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.